Monday, September 22, 2014

ကလေးမြို့ နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ကို တာဝန်မှ ယာယီရပ်ဆိုင်း အဖြေလွှာကိုခိုးယူသည့်တရားခံကို ဖော်ထုတ်နိုင်ရန် အထူးရဲတပ်ဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမည်

ကလေး မြို့ နည်းပညာတက္ကသိုလ်မှ အဖြေ လွှာကို ခိုးယူသည့် တရားခံအား ဖော်ထုတ်နိုင်ရန် အထူး ရဲတပ်ဖွဲ့ဖြင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဖြေလွှာများ ခိုးယူသော တရားခံကို ဖော်ထုတ်နိုင်ရန် ကလေး မြို့နယ် ရဲစခန်းမှ မသင်္ကာသူ ကျောင်း သားတချို့အား ခေါ်ယူစစ်ဆေးလျက် ရှိပြီး ယခုကိစ္စကို စုံစမ်းစစ်ဆေးရာ တွင် ကျောင်းသားများ ပါဝင်နေ သဖြင့် တခြားတရားခံများ စစ်ဆေး သည့်ပုံစံများအတိုင်း စစ်ဆေး၍မရ သည့်အတွက် အထူးရဲတပ်ဖွဲ့များဖြင့် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကလေး မြို့နယ်ရဲစခန်းမှ သိရသည်။

''အခုကိစ္စက ကျောင်းသားတွေ ပါတော့ တခြားတရားခံတွေလိုစစ်လို့ မရဘူး။ ဒါကြောင့် နေပြည်တော်က အထူးရဲတပ်ဖွဲ့သုံးဦး လွှတ်လိုက် တာ ၂၁ရက်နေ့ရောက်တယ်။ သူတို့ က ဒီကိစ္စကိုပဲ ဇောက်ချစုံစမ်းသွား မယ်။ ဒီကိစ္စက ကျောင်းလုံခြုံရေး အား နည်းတာကို အခွင့်ကောင်းယူသွား တာလို့ မှတ်ချက်ပေးလို့ရတယ်''ဟု ကလေးမြို့နယ်ရဲမှူး ဦးမြင့်စိုးက ပြောသည်။
ယင်းကဲ့သို့ အဖြေလွှာများ အခိုး ခံခဲ့ရခြင်းမှာ စက်တင်ဘာ ၁၇ရက် ညပိုင်းကဖြစ်ပြီး ခိုးယူသူမှာ ယင်း အဖြေလွှာများကို ရေထဲသို့ မျှောခဲ့ ကြောင်း၊ အဖြေလွှာထုပ် နှစ်ထုပ် တွင် အဖြေလွှာ ငါးဆယ်ခန့်ရှိ ကြောင်း ကလေးမြို့ နည်းပညာ တက္ကသိုလ်မှ သိရသည်။
ကလေးမြို့ နည်းပညာတက္က သိုလ်တွင် မြို့ပြအင်ဂျင်နီယာ၊ စက်မှု အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင် ဂျင်နီယာနှင့် လျှပ်စစ်ဆက်သွယ်ရေး အင်ဂျင်နီယာ ဘာသာရပ် စသည့် ပညာရပ်များကို သင်ကြားနေခြင်း ဖြစ်သည်။
''ဒီကိစ္စကို ကျောင်းသားတွေ နစ်နာမှုမရှိအောင် အဆင်ပြေအောင် ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်'' ဟု စက်မှုနှင့် သက်မွေးပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက် တာဇော်ဝင်းက ပြောသည်။
အဆိုပါကျောင်းဝင်းအတွင်းသို့ ကျောင်းသူ၊ ကျောင်းသားများမှာ အစစ်အဆေး အမေးအမြန်းမရှိ ဝင် ထွက် သွားလာနိုင်ကြောင်းနှင့် စာ မေးပွဲမတိုင်ခင်နှင့် ဖြေဆိုချိန် အချိန် များတွင် ကျောင်းအနီးရှိ သာယာဝတီ ရွာတွင်နေထိုင်သည့် အဆောင်နေ ကျောင်းသားအချို့သည် ညအချိန်၌ ပင် သုံးထပ်ကျောင်းဆောင် အတွင်း စာကျက်ကြသည်များ ရှိကြောင်း ကလေးမြို့ နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။
ယင်းအပြင် လတ်တလောတွင် ရေးသားဖော်ပြမှုများ ရှိနေသည့် ကလေး နည်းပညာတက္ကသိုလ်မှ အဖြေ လွှာပျောက်ဆုံးသွားသည့် ကျောင်းသား များအား ဂုဏ်ထူးမှတ်ပေးလိုက်သည် ဆိုခြင်းမှာ မမှန်ကန်ကြောင်း သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဘရွှေကလည်း ပြောကြားလိုက်သည်။
အဆိုပါကိစ္စကို ဖြေရှင်းရန် သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာဘရွှေ၊ စက်မှု သက်မွေးပညာဦးစီးဌာနညွှန်ကြား ရေးမှူးတို့က စက်တင်ဘာ ၂ဝရက် တွင် ယင်းကျောင်းသို့ ရောက်ရှိကာ ကျောင်းသားများ၊ ကျောင်းအာဏာ ပိုင်အဖွဲ့အစည်းများဖြင့် တွေ့ဆုံညှိနှိုင်း မှုများ ပြုလုပ်ခဲ့ရာ ကျောင်းသားများ မှ စာမေးပွဲပြန်လည်မဖြေဆိုလိုသည့် ကိစ္စကို လက်ခံကြောင်း၊ ယင်းတို့အ တွက် ကျောင်းပညာရေးအဖွဲ့မှ နစ် နာမှုမရှိစေရန် ဆက်လက်ဆောင်ရွက် ပေး လိမ့်မည်ဖြစ်ကြောင်း သိရသည်။
''ဂုဏ်ထူးမှတ်နဲ့ အအောင်ပေး မယ်ဆိုတာက မှန်းဆပြောဆိုနေတာ တွေ ဖြစ်ပါလိမ့်မယ်''ဟု ဒုတိယ ဝန်ကြီး ဒေါက်တာဘရွှေက ပြော ကြားသည်။
နည်းပညာတက္ကသိုလ်များ၏စာမေးပွဲစနစ်မှာ ပထမနှစ်ဝက် အ မှတ်၎ဝ၊ ဒုတိယနှစ်ဝက်အမှတ် ၄ဝ နှင့် လက်တွေ့အတွက် အမှတ် ၂ဝဖိုး သုံးခုပေါင်းစပ်ပြီးမှ နောက်ဆုံးအောင် စာရင်းကို ထုတ်ပြန်ကြောင်း၊ ပျောက် ဆုံး သွားသည့် စာမေးပွဲအဖြေလွှာ ပိုင်ရှင်ကျောင်းသားများ မနစ်နာစေ ရန်သာ ကျောင်းပညာရေးအဖွဲ့မှ အကောင်းဆုံးဖြစ်ရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စ ကို ကျောင်းသားများမှလည်း လက်ခံ ကြောင်း သိရသည်။
''ဒီလိုကိစ္စဖြစ်လာပြီဆိုရင် သက် ဆိုင်ရာကျောင်းရဲ့ အုပ်ချုပ်သူကို အ ရေးယူလို့ရတယ်။ တာဝန်က ရပ် ဆိုင်းထားတယ်ဆိုတာက ထုတ်ပယ် လိုက်တာမဟုတ်ပါဘူး။ သူ့ကို ခဏ ဒီတာဝန်ပေးမထားဘဲ သူ့နေရာမှာ အခြားတစ်ယောက်ကို တာဝန်ပေးထား ရပါတယ်။ အစိုးရဝန်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းမှာ ဒီလိုပဲ ရှိပါ တယ်။ ဒါပေမဲ့ သူ့ရဲ့စီမံခန့်ခွဲမှု ကြောင့် ဖြစ်တာဆိုရင်တော့ အုပ် ချုပ်မှုသဘောအရ အရေးယူမှုရှိလာ မှာပါ'' ဟု ဒေါက်တာဘရွှေက ဆက် လက်ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီးကလေး မြို့နယ် နည်းပညာတက္ကသိုလ်မှ တာ ဝန်ရှိသူများထံ စုံစမ်းမေးမြန်းသော် လည်း ဆက်သွယ်၍မရခဲ့ပေ။
''ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီး ဌာနက ဝင်ရောက်စွက်ဖက်မှုလုပ်မှာ မဟုတ်ပါဘူး။ ညှိနှိုင်းပေးရုံပဲ လုပ် မှာပါ။ ကျန်တဲ့အပိုင်းကတော့ ကျောင်း ပညာရေးအဖွဲ့ကပဲ ဆောင်ရွက်ပါလိမ့် မယ်''ဟု ဒေါက်တာဘရွှေက ဆိုသည်။
အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ကျောင်းသားများအနေဖြင့် ယင်းတို့ ၏အမှားမဟုတ်ခြင်းကြောင့် စာမေး ပွဲ ပြန်လည်ဖြေဆိုမည်မဟုတ်ကြောင်း လည်း စက်တင်ဘာ ၁၈ရက်က သဘောထားကြေညာချက် ထုတ် ပြန်ခဲ့သည်။
ကလေးမြို့နည်းပညာတက္ကသိုလ် တွင် အထက်ချင်းတွင်းဒေသများ ဖြစ်သည့် ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်း ပြင်၊ ခန္တီးနှင့် ချင်းပြည်နယ်မှ ကျောင်း သားစုစုပေါင်း တစ်ထောင်ခန့် ပညာ သင်ကြားနေခြင်းဖြစ်သည်။
ကျောင်း လုံခြုံရေးအစောင့်အရှောက် နည်း သော်လည်း ယခုကဲ့သို့ ပျောက်ဆုံး ခြင်းမှာ ကျောင်းသက် တမ်းတစ် လျှောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ATK

Yangon Media Group

No comments:

Post a Comment