Wednesday, September 3, 2014

ရင်သားခွဲစိတ်မှု၊ ၁၈ ဒေါ်လာတန် ဘရာစီယာနှင့် မပြီးဆုံးသေးသော သရဖူတိုက်ပွဲ



သရဖူခိုးယူထွက်ပြေးတိမ်းရှောင်နေသူအဖြစ် နိုင်ငံတကာမီဒီယာများ၏ရေးသားမှု ခံနေရသောမေမြတ်နိုးက ကိုရီးယားအဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံနှင့် မိမိ၏ ဂုဏ် သိက္ခာကို ထပ်မံထိခိုက်လာမည်ဆိုပါက တရားဥပဒေအရသာ ပြောဆိုတော့မည်ဟု တရားဝင်တုံ့ပြန်လိုက်သည်။

အလှမယ်တစ်ဦး၏ စိတ်နေစိတ်ထား နှင့် အရည်အချင်းမရှိခြင်းအပါအဝင် သရဖူပြန်လည်ရုပ်သိမ်းသည့် အချက်အလက်များစွာကို ကိုရီးယားအဖွဲ့အစည်းမှ ထုတ်ပြန် ခဲ့ပြီး နောက် မေမြတ်နိုးအနေဖြင့် အသက်လိမ်လည် ယှဉ်ပြိုင်ခဲ့ခြင်း၊ ရင်သားခွဲစိတ်ပြုပြင်ခံခဲ့ခြင်း နှင့် အရှက်သိက္ခာထိခိုက်စေသော ပြောဆိုမှုများကို ကိုရီးယားအဖွဲ့ အစည်းဘက်မှ  မီဒီယာများတွင် ဆက်တိုက်ပြောဆိုခဲ့သည်။ ယင်းအတွက် စက်တင်ဘာလ ၂ ရက် နေ့တွင် ဦးဝိစာရလမ်းရှိ The House of Memories စားသောက် ဆိုင်၌ မီဒီယာတွေ့ဆုံပွဲပြုလုပ်ပြီး မေမြတ်နိုးက အဆိုပါ ပြောဆိုရေးသားမှုများသည် ၎င်းအပေါ် တစ်ဖက်သတ် စွပ်စွဲပြောဆိုမှုများ သာဖြစ် သည်ဟု ငြင်း ဆိုလိုက်ခြင်းဖြစ် သည်။
မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့အတွက် နေထိုင်စားသောက်ရန် စီစဉ် ပေးမည်ဆိုသော်လည်း ၎င်းတို့သည် ကိုရီးယားနိုင်ငံ ဘူဆန်ရှိ လူပြတ်သော နေရာ တစ်ခုတွင် နေ ထိုင်ခဲ့ရကြောင်း ရှင်းပြခဲ့သည်။ ထို့ပြင်မူလက ထုတ်ပေးမည်ဟုဆိုခဲ့သည့် Kpop လေးယောက်တွဲသီချင်းခွေ အစီအစဉ်သည်လည်း ပြောင်းလဲသွားခဲ့ပြီး ၎င်းတစ်ဦးတည်း အတွက် စီစဉ်ပေးမည်ဟု ဆိုခဲ့ကြောင်း မေမြတ်နိုးက ပြောသည်။ ထိုသို့ လုပ်ဆောင်ရန် မေမြတ်နိုး အနေဖြင့် ခေါင်းအစခြေအဆုံး ပလပ်စတစ်ဆာဂျရီ လုပ်ရ မည်ဖြစ်ပြီး ငြင်းဆန်ခွင့်မရှိကြောင်း ကိုရီးယားအဖွဲ့အစည်းမှ ပြောဆိုသည် ဟုဆိုသည်။
ယင်းအတွက်လိုအပ်သော ကုန်ကျစရိတ်နှင့် နေထိုင်စားသောက် စရိတ်များအတွက် ကိုယ်တိုင် စပွန်ဆာရှာရမည်ဟု ပြောဆိုခဲ့ကြောင်းလည်း သူက ပြောသည်။”စပွန် ဆာရှာတဲ့အခါ ကိုယ့်ဘာသာရှာရမယ်။ ရှာတဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အဖော်အဖြစ် သူတို့လိုအပ်တဲ့အချိန်တိုင်းမှာ ရှိနေပေးရမယ်လို့ပြောပါ တယ်” ဟု မေမြတ်နိုးက ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ရှင်းပြခဲ့သည်။ ရင်သားခွဲစိတ်မှုခံခဲ့သည်ဟု လက်ရှိထွက်ပေါ်နေသော သတင်းများကိုမူ မေမြတ်နိုးက ခွဲစိတ် ခံခဲ့ခြင်း မရှိဟု ငြင်းဆိုခဲ့သည်။
”ရင်သားကို မခွဲစိတ်ခဲ့ပါဘူး။ အသက်အရွယ်အရ၊ အရှက်သိက္ခာအရ ထိန်းသိမ်းနေရလို့ ဒါကို ဒီလောက်ပဲ ပြောနိုင်တာပါ”ဟု မေမြတ်နိုးက ဆိုခဲ့သည်။ ၎င်းအပြင် ရင် သား ခွဲစိတ်ပြု ပင်ပြီးနောက် အတွင်းခံအကျီဝယ်ရန်သူနာပြုထံမှ ၁၈ ဒေါ်လာ ချေးယူခဲ့ခြင်းဖြင့်အဖွဲ့ကို အရှက်ရစေခဲ့ကြောင်း ကိုရီးယားအဖွဲ့အစည်းဥက္ကဋ္ဌ ဝိုင်စီချွိုင် ၏ ပြော ဆိုမှုကိုလည်း မေမြတ်နိုးက ”ဖြစ်နိုင်မဖြစ်နိုင်အားလုံးပဲ စဉ်းစားကြည့်ပါ။ တကယ်တော့ မြတ်နိုးတို့ကို စားစရာလည်း ဘာမှပေးမထားတဲ့အတွက် အမေပါလာ တဲ့ ဒေါ် လာကို ကိုရီးယားငွေနဲ့ လဲခိုင်းခဲ့တာပဲရှိပါတယ်”ဟု မေမြတ်နိုးက ဖြေရှင်းခဲ့ပြီး ရင်သားခွဲစိတ်မှု မလုပ်ခဲ့ကြောင်းကို ထပ်မံအတည်ပြု ပြောဆိုခဲ့သည်။
အသက်လိမ်လည်ခဲ့သည် ဟူသော ပြောဆိုမှုကိုမူ ”မြတ်နိုး ဒီပြိုင်ပွဲကို စဝင်ကတည်းက ဆရာနဲ့ ဆရာမ ကမ်းလှမ်းခဲ့တဲ့အချိန်မှာ သန်းခေါင်စာရင်းက အစပြရတာပါရှင်။ စာရွက်စာ တမ်းပြတဲ့အချိန်မှာ မြတ်နိုး ၁၉၉၈ မှာ မွေးတာ မှန်ပါတယ်။ အဲဒါ သူတို့သိ ပါတယ်။ အသက်မပြည့်တာ သိပေမယ့် ရပါတယ်။ သမီးဝင်ပြိုင်ပါ။ ဆရာမတို့ ဘက် က အပြည့်အဝ တာဝန်ယူပါတယ် ပြောတယ်။ သမီးဘာမှ စိတ်ပူစရာမလို ဘူး။ ဖောင်ကိုလည်း သူတို့ပဲဖြည့်ခဲ့တာပါ” မေမြတ်နိုးကပြောသည်။
ထို့ပြင် ”စီစဉ်ပြီးမှသာ မြတ်နိုးက ၁၈ နှစ်လို့ လုပ်ထားတာ သိရတာပါ။ သူတို့ကိုမေးတော့ သမီးကို ၁၈ နှစ်လို့ တင်လိုက်တဲ့အတွက် သမီးလည်းဆရာမ တို့ဂုဏ်ဆယ်တဲ့ အနေနဲ့ ဆရာမတို့လည်း အရှက်မကွဲအောင် သမီးလည်း ၁၈ နှစ်ပါလို့ မီဒီယာတွေကို ပြောပါတောင်းဆိုလာတာကို ငြင်းပယ်ခွင့် မရှိခဲ့ပါဘူး။ နေရှယ်နယ် ဒါရိုက်တာ ဖြစ်တဲ့ အတွက် အပြည့်အဝ စကားနားထောင်မယ်ဆိုတဲ့ အချက်တစ်ခုကြောင့်ဖြစ်ရတာပါ”ဟု မေမြတ်နိုးက ပြောခဲ့သည်။
ဤပွဲပြုလုပ်၍ ရှင်းလင်းမှုများအရ မေမြတ်နိုးအနေဖြင့် National Director ဒေါ်လှနုထွန်း၏ မကောင်းပြောဆိုမှုများနှင့် ကိုရီးယားအဖွဲ့အစည်း ၏ပြောဆိုစွပ်စွဲမှုများ အပြင် နိုင်ငံတကာ မီဒီယာများ၏ ရေးသားမှုများမှာ လုံးဝမှားယွင်းကြောင်း၊ မိမိဘက်မှာ တစ်စုံတစ်ရာမှားယွင်းမှုမရှိဟု တရားဝင်ပြောဆိုနိုင်ပါ သလားဟု ပေါ်ပြူလာ နယူးစ်၏ မေးမြန်းမှုကိုမူ မေမြတ်နိုးက ”ဒါကတော့ မြတ်နိုးအခုပြောတာတွေကို စဉ်းစားကြည့်ရင် သိမှာပါ” ဟုသာ ဖြေဆိုခဲ့သည်။
ထို့ပြင်ယခုကဲ့သို့ ၎င်းတစ်ဦးတည်း အနေဖြင့်ပြုလုပ်ရှင်းလင်းခြင်းတွင် မလိုလားအပ်သော ဥပဒေအကြောင်းခြင်း ရာများဖြစ်ပေါ်လာနိုင်၍ သက်ဆိုင်ရာအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ ပါဝင်သည့် သုံးပွင့်ဆိုင်ဖြေရှင်းမှုမျိုး ပြုလုပ်ရန် ရှိမရှိ မေးမြန်းမှုကိုလည်း မေမြတ်နိုး ၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းထွေးက ”ဒါကတော့ ဟိုဘက်က ဆက်ပြီး ဘယ် လို ပြောနေဦးမလဲ။ လုပ်မလဲဆိုတဲ့ အပေါ်မူတည်ပြီး လုပ်သွားပါမယ်။ ကျွန်မတို့ မှားထားတာ မရှိတဲ့အတွက် သူတို့ ပြောနေ သလို တောင်းပန်ဖို့တော့ မရှိပါဘူး။ သူတို့ဘက်က တောင်းပန်ရင်တော့ ဒီသရဖူကို ပြန်လွှဲပေးမှာပါ”ဟု ဖြေဆိုခဲ့သည်။ မေမြတ်နိုးကလည်း ”အမျိုးသမီးတွေကို စော်ကားတဲ့ အဖွဲ့အစည်း က ပေးတဲ့ သရဖူ ကိုမလိုချင်ဘူး။မြတ်နိုးအခု ယူထားတယ် ဆိုတာကလည်း ဂုဏ်ရှိ တယ်လို့ မထင်ဘူး။ အကယ်၍ သူတို့ ဘက်က မတောင်းပန်လာဘူး။ ထပ်ပြီး မြန်မာနိုင် ငံရော၊ မြတ်နိုး ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်မယ်ဆိုရင် တရားဥပဒေအရစကားပြောရမယ်”ဟု တုန့်ပြန်လိုက်သည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ National Director ဖြစ်သူ ဒေါ်လှနုထွန်းကို မေမြတ်နိုးပွဲပြုလုပ်ပြီး နေ့လယ်တွင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ”ရင်သားခွဲ စိတ်မှုကို ဟိုဘက်ကတော့ စာရွက်စာတန်းတွေနဲ့ ခွဲစိတ်ပါတယ်လို့ပြောတယ်။ ကိုရီးယားဘူ ဆန်ဆေးရုံမှာပါ”ဟု ဆိုသည်။ ထို့ပြင် မေမြတ်နိုးသရဖူရပြီး ကိုရီး ယားနိုင်ငံသို့ ဒုတိယအကြိမ်သွားရောက်ရာတွင် ၎င်းတို့လိုက်ပါခဲ့ခြင်း မရှိကြောင်း ပြောခဲ့သည်။
”ပွဲကပြန်လာတော့ သူက လှနုကို ပြောပါတယ်။ ဆရာမရဲ့တင်းကျပ်တဲ့ စည်းကမ်းအောက်မှာဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုဝတ်နေခဲ့ပြီးပြီ။ သရဖူလည်းရ လာပြီးပါပြီ ။ ရှေ့ဆက်ပြီးတော့ ထပ်ပြီးမချုပ်ချယ်မထိန်းပါနဲ့တော့လို့ ပြောတယ်။ လှနုက National Director အနေနဲ့ ထိန်းချုပ်မိတာပါ။ သူအဲဒီလိုတောင်းဆိုတော့ ကိုရီးယား ဘက် က Organization  နဲ့ အဆင်မပြေရင် သရဖူကိုပြန်သိမ်းခိုင်းပါတယ်။ လှနုက မလုပ်ပါနဲ့သရဖူတော့ မသိမ်းပါနဲ့။ လှနုပဲ နောက်ဆုတ်မယ်။ ဒီသရဖူကိုတော့ မသိမ်း ပါနဲ့ တောင်းပန်ခဲ့တယ်။ပြီးသွား ပြီ။ အခုဘာလို့ ဒီလိုဖြစ်သွားတာလဲ လှနုဘာတစ်ခုမှမသိခဲ့ပါဘူး”ဟု ဒေါ်လှနုထွန်းက ပြောသည်။
ထို့ပြင် အသက်မပြည့်ဘဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းအတွက်လည်း မေမြတ်နိုး၏ မိခင်ဖြစ်သူက အသက်မပြည့်သေးသော် လည်း ပြဿနာ မရှိနိုင်ကြောင်းနှင့် လုပ် ဆော င်ေ ပးပါရန်ပြော၍ လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒေါ်လှနုထွန်းက ဆိုသည်။ အဆိုပါပွဲတွင် ကိုရီးယားအဖွဲ့ မှ ပြောဆိုသကဲ့သို့သရဖူမှာ ဒေါ်လာ သိန်းချီတန်သည့် အနေ အ ထား ရှိ မရှိကို တက်ရောက်လာသည့် မီဒီယာများအား ကြည့်ရှုစေခဲ့ပြီး မေမြတ်နိုးက ”သရဖူက သူတို့ ကုန်ကျတာလည်း မဟုတ်သလို အဲလောက်တန်ဖိုးရှိတာမျိုး မဟုတ် ပါ ဘူး။ တစ်ယောက်က စပွန်ဆာပေးတဲ့ဟာပါ”ဟု ဆိုသည်။
၎င်းအပြင် ပြိုင်ပွဲဦးစီးကျင်းပသည့် Miss Asia Pacific World  သည် လေးနှစ်သာရှိသေးသည့် သက်တမ်းအတွင်း အငြင်းပွားမှု အမြောက်အမြားရှိခဲ့ သည့်အဖွဲ့ဟူ သည် ကိုလည်း ၎င်းတို့အနေဖြင့် ကြိုတင်သိရှိခဲ့ခြင်းမရှိပါဟုလည်း မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့က ဆိုသည်။ လက်ရှိအချိန်တွင် ကာယကံရှင် ဖြစ်သော မေမြတ်နိုး၊ Miss Asia Pacific World Super Talent Organization  နှင့် National Director ဒေါ်လှနုထွန်းတို့ အသီးသီး ပြောဆိုမှုများမှာ ဆန့်ကျင်ကွဲလွဲနေဆဲ ဖြစ်သည်။
အောင်ခွန်းဆက်၊ ထူးထူး
.popularmyanmar

No comments:

Post a Comment