Wednesday, September 3, 2014

မြန်မာနိုင်ငံ သုတေသနအသင်း ပြန်လည်ဖွဲ့စည်းမည်

ပြည်ပတက္ကသိုလ်တစ်ခုတွင် သုတေသနလုပ်နေသူတစ်ဦးကိုတွေ့ရစဉ်
နှစ်ပေါင်းသုံးဆယ်ကျော် ဖွဲ့စည်းခွင့်မရရှိခဲ့သော မြန်မာနိုင် ငံသုတေသနအသင်းကို ပြန်လည် ဖွဲ့စည်း၍ သုတေသနလုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရန် ဆောင် ရွက်မည်ကြောင်း ဒေါက်တာ အောင်ထွန်းသက်ကပြောသည်။
မြန်မာနိုင်ငံသုတေသနအ သင်းကို ၁၉၂၀ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပြီးနောက် ၁၉၈၀ ပြည့်နှစ်တွင် ဖျက်သိမ်းခံခဲ့ရကာ ပြည်တွင်းသုတေသနဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ စုစည်း ဆောင်ရွက်မှုအားနည်းသွားခဲ့ သည်။
‘‘အသင်းကို ပြန်ဖွဲ့ခွင့်ရပါ ပြီ။ ဥက္ကဋ္ဌအနေနဲ့ ဆောင်ရွက် မယ်။ လူငယ်မျိုးဆက်သစ်သု တေသီတွေ မွေးထုတ်မယ်။ တက္က သိုလ်တွေကို အခြေခံပြီး ပြန်ဖွဲ့ မှာပါ’’ဟု ဒေါက်တာအောင် ထွန်း သက်ကပြောသည်။

အသစ်ပြန်လည်ဖွဲ့စည်း မည့် မြန်မာနိုင်ငံသုတေသနအ သင်းသည် သုတေသနစာတမ်း ဖတ်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ် ပြီး သုတေသနဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အ ထည်ဖော်ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေးအောက် ရောက်ခဲ့သော တက္ကသိုလ်ပညာ ရေးသည် ဗဟိုချုပ်ကိုင်မှုများကြီး စိုးနေခဲ့ခြင်းကြောင့် သုတေသန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နိမ့်ကျသွားခဲ့ရပြီး ပညာရေး အဆင့်အတန်းနိမ့်ကျသွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိပြည်တွင်းတက္က သိုလ်ပညာရေးစနစ်သည် သုတေ သနဖွံ့ဖြိုးတိုးတက်စေရေး တက္ကသိုလ်ဆရာများနှင့် ကျောင်းသားများအတွက် သုတေသနပတ် ၀န်းကျင်ကောင်းများ ဖန်တီးပေး ရန် လိုအပ်နေကြောင်း သိရ သည်။
7Day DAILY

No comments:

Post a Comment