Tuesday, September 9, 2014

ဓမ္မစေတီခေါင်းလောင်းကြီး ကြိုးချည်နေသည်မှာ မဟုတ်ဟုဆို

ဓမ္မစေတီခေါင်းလောင်းအား ကြိုးချည်ရန်ကြိုးစားနေသည်မှာ မဟုတ်ဘဲ ခေါင်းလောင်းရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲသာဖြစ်ကြောင်း အဆိုပါခေါင်းလောင်းရှာဖွေဆယ်ယူရေးတွင် ပါဝင်သူအချို့က စက်တင်ဘာ ၈ ရက်တွင်စံတော်ချိန်သို့ ပြောဆိုသည်။


'ခေါင်းလောင်းရှာတွေ့တယ်ဆို ပြီး ဦးစံလင်းက အားလုံးကိုလိမ်နေတာ။
အခုမှရှာနေဆဲပဲရှိသေးတယ်။ သောင်တူးစက်ရွေ့နေတယ်ဆိုတာလည်းလိုက်ရှာတူးနေတာ' ဟု ခေါင်းလောင်းရှာဖွေရေးတွင်ပါဝင်သူတစ်ဦးကပြောဆိုသည်။အဆိုပါ ဓမ္မစေတီခေါင်းလောင်းရှာဖွေရေး လုပ်ငန်းများကိုသြဂုတ် ၈ ရက်မှ စတင်ခဲ့ပြီးခေါင်းလောင်းအား ရှာဖွေတွေ့ရှိပြီးဖြစ်ကြောင်းဦးစံလင်းက သြဂုတ် ၂၆ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။

'ဒီသတင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း အတည်ပြုလို့မရဘူး။
ခေါင်းလောင်းတွေ့တယ်ဆိုတာလည်း ဦးစံလင်းကပြောလို့ ကျွန်တော်တို့က သတင်း ထုတ်ပြန်ပေးတာ။' ခေါင်းလောင်းရှာဖွေရေးလုပ်ငန်းတွေလုပ်နေတဲ့ ဦးစံလင်းတို့ သင်္ဘောပေါ်က
အထောက်အကူပြုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောဆိုသည်။

ခေါင်းလောင်းရှာဖွေဆယ်ယူရေးလုပ်ငန်းလုပ်နေသည့် ရေငုပ်သမားအချို့မှာလည်း နေရပ်ပြန်သွားပြီး ရှာဖွေရေးလုပ်ငန်းတွင် ရေငုပ်သမားလေးဦးသာ ကျန်ရှိကြောင်း ရှာဖွေရေးလုပ်ငန်းတွင် ပါဝင်သူများထံမှ သိရသည်။

ဓမ္မစေတီခေါင်းလောင်းအား ကြိုးချည်နိုင်ရန် သောင်တူးစက်ြဖင့်နုန်း များအားဖယ်ရှားနေ၍ သောင်တူး စက်ရွှေ့သွားသည်ဆိုသော်လည်း အဆိုပါ သောင်တူးစက်မှာစက်တင်ဘာ ၈ ရက်တွင် မူလ တူးဖော်ရာနေရာအနီး ခေါင်းလောင်း ရှာဖွေရေးလုပ်ငန်းဆောင်ရွက်သူများတည်းခိုရာ သင်္ဘော အနီးသို့ ပြန်လည်ရောက်ရှိနေသည်ကို တွေ့ရသည်။

'ရေငုပ်သမားတွေက ခေါင်း လောင်းကိုတွေ့ထားတယ်ဆိုတာလည်း မဟုတ်ဘူး။
ပြည်သူတွေရော၊ ခေါင်း လောင်းဆယ်ယူရေးအထောက်အကူပြုအဖွဲ့ကိုရော ဦးစံလင်းက ညာထားတာပါ'ဟု ခေါင်းလောင်းရှာဖွေရေးတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ခေါင်းလောင်းရှာဖွေဆယ်ယူရေးအထောက်အကူပြု
အဖွဲ့ကမူ 'သူဘာကြောင့်ညာလည်းဆိုတာ မသိဘူး။ သင်္ဘောပေါ်တက်ဖို့ကျတော့လည်း စည်းခြားထားတယ် ဆိုတော့ မတက်ြဖစ်ခဲ့ဘူး။ ဦးစံလင်းက သွေးရိုးသားရိုး နဲ့တကယ် ခေါင်းလောင်းတွေ့ လို့ ကြေညာ ခိုင်းတာထင်လို့ ကြေညာ တာပါ'ဟု ခေါင်းလောင်း ဆယ်ယူရေးအထောက်အကူပြုအဖွဲ့ ဘဏ္ဍာရေးမှူး ဦးသန်းစိန်က ပြောဆို သည်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေရာတွင် အသုံးပြုရန် ရည်ရွယ်ပြီး လှူဒါန်းထားသည်ငွေများကို ဘဏ်အကောင့်တစ်ခုဖွင့် ၍ သိမ်းဆည်းထားကြောင်းလည်းအထောက် အကူပြုအဖွဲ့က ကြေညာ ထားသည်။

'ဦးစံလင်းက ဓမ္မမိတ်ဆွေတွေကြားမှာလည်း ခေါင်းလောင်းအကြောင်းပဲအမြဲပြောနေတာ။ ပြီးတော့ သူ့ရဲ့သီလ၊ သမာဓိဂုဏ်ကိုယုံပြီး ကျွန်တော်တို့အနေနဲ့ ကူညီပေးနေတာပါ'ဟုအထောက် အကူပြု ပြန်ြကားရေးအဖွဲ့မှ ဦးကြည်ဝင်းက ပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေ ဆယ်ယူမှုကို သြဂုတ် ၈ ရက်မှစတင်ခဲ့ပြီး သြဂုတ်၂၆ ရက်တွင် အပြီးဆယ်ယူနိုင်မည်ဟု ဇူလိုင် ၂၅ ရက်ကကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲတွင် ဦးစံလင်းက ကြေညာထားသည်။ သို့သော် ရာသီဥတုအခြေအနေ၊မြစ်ရေ အခြေအနေ များကြောင့် ခေါင်းလောင်းဆယ်ယူရာတွင် အခက်အခဲဖြစ်နေ၍ နောက်ထပ် ၁၇ ရက် ထပ်တိုးဆယ်ယူမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က ကြေညာခဲ့သည်။

စံတော်ချိန်သတင်းစာ

No comments:

Post a Comment