Tuesday, September 9, 2014

ပယင်း၊ ရွှေ၊ ကျောက်စိမ်း၊ မှော်အားလုံးကို KIA ပိုင်သလား?

Photo: ပယင်း၊ ရွှေ၊ ကျောက်စိမ်း၊ မှော်အားလုံးကို KIA ပိုင်သလား?

စက်တင်ဘာ ၉ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်တွင် အဖိုးတန်သယံဇာတများဖြစ်သော ပင်ပင်းကျောက်၊ ရွှေ၊ ကျောက်စိမ်းထွက်ရှိရာ မှော်များစွာရှိပါသည်။ 

နယ်မြေမအးချမ်းခင်ကာလများဆီတုန်းက တိုက်ပွဲများကြောင့် ထိုမှော်များတွင် လုပ်ကိုင်ရန် အခွင့်အရေးမသာခဲ့ပေ။ ယခု ကဲ့သို့ နယ်မြေအေးချမ်းလာသော ကာလတွင် ၎င်းလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်လာကြပြီဖြစ်သည်။

သို့သော် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ နယ်မြေခံအစိုးရတပ်များ မရောက်ရှိ နိုင်သော နေရာများတွင်  KIA အဖွဲ့မှ လက်ဝါးကြီးအုပ်ကာ ထိန်းချုပ်နယ်မြေများ အဖြစ် သတ်မှတ်ထားခဲ့မှုသည် တရားဝင်သဘောမျိုးဖြစ်လာခဲ့သည်။ အမှန် တကယ်တွင် ကချင်ပြည်နယ်မှထွက်သော အဖိုးတန်သယံဇာတမှန်သမျှ နိုင်ငံတော်နှင့်သာ သက်ဆိုင်ပါသည်။ နိုင်ငံတော် မှတရားဝင်ခွင့်ပြုမှသာလျှင် တူးဖော်ခွင့်ရှိပါသည်။

နယ်မြေဒေသအခြေအနေ အစိုးရမှလက်လှမ်းမမီသော ပယင်းမှော်၊ ရွှေမှော်၊ ကျောက်စိမ်းမှော်များတွင် KIA အဖွဲ့မှ ဆက်ကြေးကောက်၊ လူသစ်စုဆောင်း ခြင်းတို့ကို အမြဲမပြတ်ပြုလုပ်လျက်ရှိပါသည်။ ဒေသခံတိုင်းရင်းသားများအနေဖြင့် ၎င်းမှော်များတွင် တူးဖော်ပါက KIA ထံဆက်ကြေးပေးဆောင်ပြီးမှတူးခွင့်ရသည်။ သို့ဆိုလျှင်၎င်းမှော်အားလုံးကို KIA ပိုင်သလားမေးခွန်းထုတ်စရာဖြစ်လာပါသည်။

အမှန်တကယ်တွင် KIA မပိုင်ပါ။ လက်နက်အားကိုးနဲ့ခြိမ်းခြောက် အနိုင်ကျင့် နေခြင်းပင်ဖြစ်သည်။ ကချင်ပြည်နယ်ကထွက် သောသယံဇာတကို KIA ပိုင်လျှင် ဒေသခံများလည်းပိုင်ရပါမည်။ ဒေသခံများက ပင်ပန်းဆင်းရဲစွာတူးဖော်ပြီး ရရှိလာသော အကျိုးအမြတ်ကို KIA ကခေါင်းပုံဖြတ်ခြင်းဖြစ်ပါသည်။

ဖားကန့်ဒေသကျောက်စိမ်းမှော်များကို အစိုးရက တူးဖော်ခွင့်ပြုပြီဆိုလျှင် ကျောက်မျက်ရတနာကုမ္ပဏီများကို KIA က ဆက်ကြေးတောင်းနေပြီဖြစ်သည်။ 

ပယင်းမှော်ဒေသတွင် မှော်သူမှော်သားသိန်းရှိနေပြီး KIA ကဆက်ကြေး ကောက်ပြီး ဒူးတနန့်နန့်နှင့်ငြိမ့်နေသည်။ မထင်ရင် မထင်သလို လူသစ်စုလိုက် သေးသည်။ ဒေသခံမှော်သူမှော်သားများကတော့ နင်းပြားဘ၀က ရုန်းမထွက် နိုင်ပေ။ အလားတူ အင်ဂါးဂါးမြို့နယ်မှူးဆိုသူက ရာမွတ်မှော်မှာ မြေကျင်းတွေ ရောင်းစားနေပြန် သည်။ ၁၀ ပတ်လည်မြေတစ်ကျင်းကို ငွေ နှစ်သောင်းခွဲ၊ တစ်နှစ်စာဆက်ကြေး သုံးသိန်းကောက်နေသည်။ နိုင်ငံတော် အတွက် အကျိုး အမြတ်တစ်ခုမှမရသော ရွှေမှော်များတွင် မရှိဆင်းရဲသား ဒေသခံများက ပင်ပန်းစွာတူးဖော်ပြီး KIA အဖွဲ့ အားငွေရှာပေးတာနှင့်အတူတူပင်ဖြစ်ပါသည်။  ဤနယ်မြေတွင် KIA တို့သက်ဆိုးရှည်နေဦးမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးနှင့်ရဒေသခံများအတွက် အကျိုးခံစားခွင့်မရသော ပင်ယင်း၊ ရွှေ၊ ကျောက်စိမ်းမှော်များကို KIA ပိုင်သလား ပြည်သူ များကမြင်လာသည်။ KIA မပိုင်ပါ။ အတ္တကိုယ်ကျိုးအတွက် လက်နက်များအားကိုးပြီး အစိုးရကို ကြိုးရှည်ရှည် နဲ့ဆွဲဆန့်ထား တဲ့ငြိမ်းချမ်းရေးနောက်ကွယ်မှာ လုပ်စားနေခြင်းသာဖြစ်ပါသည်။

ညီသစ်(မြစ်ကြီးနား)
ကချင်ပြည်နယ်တွင် အဖိုးတန်သယံဇာတများဖြစ်သော ပင်ပင်းကျောက်၊ ရွှေ၊ ကျောက်စိမ်း ထွက်ရှိရာ မှော် များစွာရှိပါသည်။

နယ်မြေမအးချမ်းခင်ကာလများဆီတုန်းက တိုက်ပွဲများကြောင့် ထိုမှော်များတွင် လုပ်ကိုင်ရန် အခွင့်အရေးမသာခဲ့ပေ။ ယခု ကဲ့သို့ နယ်မြေအေးချမ်းလာသော ကာလတွင် ၎င်းလုပ်ငန်း များကို ပြန်လည်လုပ်ကိုင်လာကြပြီဖြစ်သည်။

သို့သော် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၊ နယ်မြေခံအစိုးရတပ်များ မရောက်ရှိ နိုင်သော နေရာများတွင် KIA အဖွဲ့မှ လက်ဝါးကြီးအုပ်ကာ ထိန်းချုပ်နယ်မြေများ အဖြစ် သတ်မှတ်ထားခဲ့မှုသည် တရားဝင် သဘောမျိုးဖြစ်လာခဲ့သည်။ အမှန် တကယ်တွင် ကချင်ပြည်နယ်မှထွက်သော အဖိုးတန်သယံဇာတမှန်သမျှ နိုင်ငံတော်နှင့်သာ သက်ဆိုင်ပါသည်။ နိုင်ငံတော် မှတရားဝင်ခွင့်ပြုမှသာလျှင် တူးဖော်ခွင့်ရှိပါသည်။

နယ်မြေဒေသအခြေအနေ အစိုးရမှလက်လှမ်းမမီသော ပယင်းမှော်၊ ရွှေမှော်၊ ကျောက်စိမ်းမှော်များတွင် KIA အဖွဲ့မှ ဆက်ကြေးကောက်၊ လူသစ်စုဆောင်း ခြင်းတို့ကို အမြဲမပြတ်ပြုလုပ်လျက်ရှိပါသည်။ ဒေသခံ တိုင်းရင်းသားများအနေဖြင့် ၎င်းမှော်များတွင် တူးဖော်ပါက KIA ထံဆက်ကြေးပေးဆောင်ပြီးမှ တူးခွင့်ရသည်။ သို့ဆိုလျှင်၎င်းမှော်အားလုံးကို KIA ပိုင်သလားမေးခွန်းထုတ်စရာဖြစ်လာပါသည်။

အမှန်တကယ်တွင် KIA မပိုင်ပါ။ လက်နက်အားကိုးနဲ့ခြိမ်းခြောက် အနိုင်ကျင့် နေခြင်းပင်ဖြစ်သည်။ ကချင်ပြည်နယ်ကထွက် သောသယံဇာတကို KIA ပိုင်လျှင် ဒေသခံများလည်းပိုင်ရပါမည်။ ဒေသခံများက ပင်ပန်းဆင်းရဲစွာတူးဖော်ပြီး ရရှိလာသော အကျိုးအမြတ်ကို KIA ကခေါင်းပုံဖြတ်ခြင်းဖြစ်ပါသည်။

ဖားကန့်ဒေသကျောက်စိမ်းမှော်များကို အစိုးရက တူးဖော်ခွင့်ပြုပြီဆိုလျှင် ကျောက်မျက်ရတနာကုမ္ပဏီများကို KIA က ဆက်ကြေးတောင်းနေပြီဖြစ်သည်။

ပယင်းမှော်ဒေသတွင် မှော်သူမှော်သားသိန်းရှိနေပြီး KIA ကဆက်ကြေး ကောက်ပြီး ဒူးတနန့်နန့်နှင့်ငြိမ့်နေသည်။ မထင်ရင် မထင်သလို လူသစ်စုလိုက် သေးသည်။ ဒေသခံမှော်သူမှော်သား များကတော့ နင်းပြားဘ၀က ရုန်းမထွက် နိုင်ပေ။ အလားတူ အင်ဂါးဂါးမြို့နယ်မှူးဆိုသူက ရာမွတ်မှော်မှာ မြေကျင်းတွေ ရောင်းစားနေပြန် သည်။ ၁၀ ပတ်လည်မြေတစ်ကျင်းကို ငွေ နှစ်သောင်းခွဲ၊ တစ်နှစ်စာဆက်ကြေး သုံးသိန်းကောက်နေသည်။ နိုင်ငံတော် အတွက် အကျိုး အမြတ်တစ်ခုမှမရသော ရွှေမှော်များတွင် မရှိဆင်းရဲသား ဒေသခံများက ပင်ပန်းစွာတူးဖော်ပြီး KIA အဖွဲ့ အားငွေရှာပေးတာနှင့်အတူတူပင်ဖြစ်ပါသည်။ ဤနယ်မြေတွင် KIA တို့သက်ဆိုးရှည်နေဦးမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးနှင့်ရဒေသခံများအတွက် အကျိုးခံစားခွင့်မရသော ပင်ယင်း၊ ရွှေ၊ ကျောက်စိမ်းမှော်များကို KIA ပိုင်သလား ပြည်သူ များကမြင်လာသည်။ KIA မပိုင်ပါ။ အတ္တကိုယ်ကျိုးအတွက် လက်နက်များအားကိုးပြီး အစိုးရကို ကြိုးရှည်ရှည် နဲ့ဆွဲဆန့်ထား တဲ့ငြိမ်းချမ်းရေးနောက်ကွယ်မှာ လုပ်စားနေခြင်းသာဖြစ်ပါသည်။

ညီသစ်(မြစ်ကြီးနား)

Credit to Kachin Daily News

No comments:

Post a Comment