Thursday, September 18, 2014

ရန်ကုန်ကို ယနေ့မှစ၍ လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်ပေးမည်ဟုဆို

Photo: ရန်ကုန်ကို ယနေ့မှစ၍ လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်ပေးမည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၇

လျှပ်စစ်ကေဘယ်လ်ကြိုးများ ပြတ်တောက်ခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုများ ကြုံတွေ့နေရသော ရန်ကုန်မြို့တော်ကို စက်တင်ဘာလ ၁၈ ရက် (ယနေ့) မှစပြီး လျှပ်စစ်မီး ပုံမှန်ပြန်ပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

ကေဘယ်လိုင်း ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးပါက ပုံမှန်အတိုင်း လျှပ်စစ်မီး ပြန်လည်ရရှိမည် ဖြစ်ကြောင်း ၎င်းက စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြေကြားခြင်း ဖြစ်သည်။

“မီးရထား ဟိုတယ်နောက်မှာ ဓာတ်အားခွဲရုံ ရှိတယ်။ အလုံကနေ အဲဒီကို တိုက်ရိုက်ဝင်တဲ့ မိန်းကြိုး ပေါက်သွားတော့ အခြားခွဲရုံတွေကနေ တစ်ဆင့် ဝင်လာပြီး မျှသုံးတဲ့ကြိုးနဲ့ ပေးနေရတယ်။ ဝပ်မနိုင်ဘူး။ လူစောင့်ပြီး နှစ်နာရီကြား တစ်ခါ ပေးနေရတယ်။ အခုလည်း ကေဘယ် ပေါက်တဲ့နေရာကို ပြင်နေပါတယ်” ဟု ၎င်းကဆိုသည်။

ကေဘယ်လိုင်း ပြတ်တောက်မှုအတွက် ကမ်းနားလမ်း၊ နှင်းဆီကုန်းလမ်းတို့ရှိ ကေဘယ်ကြိုးများကို ပြင်ဆင်မှုများ ပြုလုပ်နေလျက် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

“ကေဘယ်က တစ်နေရာမှာ ပေါက်တယ် ပြင်တယ်။ နောက်တစ်နေရာ ထပ်ပေါက်တယ် ပြင်တယ်။ သုံးကြိမ်ရှိသွားပြီ။ ပြည်သူတွေ အတွက်တော့ နှစ်နာရီကြား တစ်ခါ သတ်မှတ်ပေးထားတဲ့ စီမံချက်အတိုင်း မီးပေးမယ်။ ပြင်ပြီးရင်တော့ တန်းရမှာပါ” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

ကေဘယ်လိုင်း ပြတ်တောက်သည့် အတွက် ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ပန်းဘဲတန်း မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က ထုတ်ပြန်ထားသည်။

ကျောက်ဆည်မြို့ ဇင်းနစ် ဓာတ်အားခွဲ စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း မြို့နယ်အများစုတွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။ 
 လျှပ်စစ်ကေဘယ်လ်ကြိုးများ ပြတ်တောက်ခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ လျှပ်စစ်မီး မကြာခဏ ပြတ်တောက် မှုများ ကြုံတွေ့နေရသော ရန်ကုန်မြို့တော်ကို စက်တင်ဘာလ ၁၈ ရက် (ယနေ့) မှစပြီး လျှပ်စစ်မီး ပုံမှန်ပြန်ပေးနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ပြောကြားသည်။

ကေဘယ်လိုင်း ပြင်ဆင်မှုများ ဆောင်ရွက်ပြီးစီးပါက ပုံမှန်အတိုင်း လျှပ်စစ်မီး ပြန်လည်ရရှိမည် ဖြစ်ကြောင်း ၎င်းက စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ဖြေကြားခြင်း ဖြစ်သည်။

“မီးရထား ဟိုတယ်နောက်မှာ ဓာတ်အားခွဲရုံ ရှိတယ်။ အလုံကနေ အဲဒီကို တိုက်ရိုက်ဝင်တဲ့ မိန်းကြိုး ပေါက်သွားတော့ အခြားခွဲရုံတွေကနေ တစ်ဆင့် ဝင်လာပြီး မျှသုံးတဲ့ကြိုးနဲ့ ပေးနေရတယ်။ ဝပ်မနိုင်ဘူး။ လူစောင့်ပြီး နှစ်နာရီကြား တစ်ခါ ပေးနေရတယ်။ အခုလည်း ကေဘယ် ပေါက်တဲ့နေရာ ကို ပြင်နေပါတယ်” ဟု ၎င်းကဆိုသည်။

ကေဘယ်လိုင်း ပြတ်တောက်မှုအတွက် ကမ်းနားလမ်း၊ နှင်းဆီကုန်းလမ်းတို့ရှိ ကေဘယ်ကြိုး များကို ပြင်ဆင်မှုများ ပြုလုပ်နေလျက် ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

“ကေဘယ်က တစ်နေရာမှာ ပေါက်တယ် ပြင်တယ်။ နောက်တစ်နေရာ ထပ်ပေါက်တယ် ပြင်တယ်။ သုံးကြိမ်ရှိသွားပြီ။ ပြည်သူတွေ အတွက်တော့ နှစ်နာရီကြား တစ်ခါ သတ်မှတ်ပေးထားတဲ့ စီမံချက်အတိုင်း မီးပေးမယ်။ ပြင်ပြီးရင်တော့ တန်းရမှာပါ” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ တာဝန်ရှိ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

ကေဘယ်လိုင်း ပြတ်တောက်သည့် အတွက် ကျောက်တံတားမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ပန်းဘဲတန်း မြို့နယ်များတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က ထုတ်ပြန်ထားသည်။

ကျောက်ဆည်မြို့ ဇင်းနစ် ဓာတ်အားခွဲ စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း မြို့နယ်အများစုတွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment