Thursday, September 18, 2014

ဘင်္ဂါလီလူမျိုး ၄ဝကို နိုင်ငံသားဖြစ်ခွင့် ပြုလိုက်ပြီ

ရန်ကုန်၊ ရခိုင်ပြည်နယ်မြေပုံ မြို့နယ်တွင် နိုင်ငံသား ပြုခွင့်လျှောက်ထားသူ ဘင်္ဂါလီလူမျိုး ၁ဝဝဝ ကျော် ထဲမှ ဗဟိုအဖွဲ့က စိစစ်ပြီးသည့် ဘင်္ဂါလီလူမျိုး ၄ဝ ကို နိုင်ငံသားဖြစ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ သိရသည်။

အဆိုပါ နိုင်ငံသားဖြစ်ခွင့်ပေးလိုက်သည့် ဘင်္ဂါလီလူမျိုး ၄ဝ ကို ယခုလ စက်တင်ဘာ ၂ဝ ရက်နောက်ပိုင်းတွင် ကတိပြုကျမ်းကျိန်မှုကို ပြု လုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လူဝင် မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ဦးခင်စိုးက ရန် ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။
ယင်းက ''ဗဟိုကစီစစ်ပြီး နိုင်ငံသားဖြစ်ခွင့် ပြုလိုက်တဲ့သူတွေကို ကျမ်းကျိန်မှုတွေလုပ်ပြီး သူ တို့နဲ့သင့်တော်တဲ့ ကတ်ပြားတွေ ထုတ်ပေးသွား မှာပါ။ အခု ခွင့်ပြုပြီးတဲ့သူတွေကို စက်တင်ဘာ ၂ဝ၊ ၂၁ ဒီရက်တွေမှာ ကျမ်းကျိန်မှုတွေ လုပ်သွား မယ်''ဟု ပြောသည်။
မိဘအမည်ဖြင့် လျှောက်ထားသည့် အသက် ၁၈ နှစ်ပြည့်ပြီးသည့် ဘင်္ဂါလီလူမျိုး ၃၈၃ ဦးရှိပြီး ပြုနိုင်ငံသားဖြစ် ခွင့်ရှိသူ ဘင်္ဂါလီလူမျိုး ၁၆၉ ဦး စုစုပေါင်း ၅၅၂ ဦးရှိကြောင်း သိရသည်။
ဗဟိုသို့တင်ပြထားသည့် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသည့် ဘင်္ဂါလီလူမျိုးများထဲမှ နိုင်ငံ သားဖြစ်ခွင့်ရသူ၊ ဧည့်နိုင်ငံသား ပြုခွင့်ရသူတို့ကို ဗဟိုရုံးချုပ်တွင် အစည်းအဝေးထိုင် ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း သိရသည်။
ဦးခင်စိုးက ''နိုင်ငံသားအဖြစ် လျှောက်လာ တဲ့သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ် ဆေးပြီးပေး သွားမှာပါ'' ဟု ပြောသည်။
စမ်းသပ်ဧရိယာအဖြစ် သတ်မှတ်ထားသည့် ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဘင်္ဂါလီလူမျိုး များ နိုင်ငံသားပြုခွင့် လျှောက်ထားခြင်းကို ဇွန် ၁၅ ရက်မှစတင်ခဲ့ပြီး လျှောက်ထားသူ ၁ဝ၉၄ ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။
ယင်းကဲ့သို့ စစ်ဆေးရာတွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ဥပဒေအရာရှိ၊ မြို့နယ်ဦးစီးမှူး၊ ဒေသတွင်းအများ လက်ခံယုံကြည်သည့် ဘင်္ဂါလီကိုယ်စားလှယ်တစ် ဦးနှင့် ရခိုင်ကိုယ်စားလှယ်နှစ်ဦးတို့ ပါဝင်စိစစ် ကြောင်း သိရသည်။
ယခုစိစစ်ပြီး ဘင်္ဂါလီလူမျိုးများသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ နိုင်ငံသားဖြစ်ခြင်း ၊ နိုင်ငံသားပြုခွင့် ရသူဖြစ်ခြင်း၊ ဥပဒေပုဒ်မများအ ရ စိစစ် ထားခြင်းဖြစ်ပြီး နိုင်ငံသားပြုခွင့် ရသူများ ဖြစ်ပါက နိုင်ငံသားတစ်ဦး ခံစားခွင့်ရရှိသင့်သည့် အခွင့်အရေးများကို ခံစားရမည်ဖြစ်ကြောင်း သိရ သည်။

Yangon Media Group

No comments:

Post a Comment