သာကေတမြို့နယ် ၁ဝ/တောင် ရပ်ကွက်၌ အုပ်စုနှစ်စု မင်းမဲ့စရိုက်ဆန်စွာ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ်မှ ဦးဆောင်သူများဖြစ်သည့် နေမျိုးအောင်နှင့် မြင့်အောင်တို့အား ဖမ်းဆီးအမှုဖွင့်ထားပြီး အင်းစိန်ထောင်၌ ချုပ်နှောင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ ၁ဝ/တောင် ၁၃ ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမပေါ်တွင် လူအများအုပ်စုဖွဲ့ကာ တစ်ဖက်နှင့်တစ်ဖက် တုတ်၊ ဓားကိုင်ဆောင်ကာ ခိုက်ရန်ဖြစ်ပွားနေကြောင်း သိရသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းက တာဝန်ရှိသူများ သွားရောက်ထိန်းသိမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ အဆိုပါနေရာတွင် သာကေတမြို့နယ်၊ ၁ ထူပါရုံရပ်ကွက်နေ ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မ
အဆိုပါ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည့် အဖွဲ့များသည် ယင်းမြို့နယ်၏ နာမည်ကြီးလူမိုက်များဖြစ်ကြောင်
အဆိုပါဖြစ်စဉ်၏ အဖွဲ့တစ်ဖွဲ့မှ ဦးဆောင်သူ မြင့်အောင်(၄၅)နှစ်အား သာကေတ မြို့မရဲစခန်းက (ပ)၄၁၄/၁၄၊ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅ (၁)(စ)(ဆ)ဖြင့် လည်းကောင်း၊ နေမျိုးအောင်အား သာကေတ နယ်မြေရဲစခန်းမှ (ပ)၅ဝ၆/၁၄၊ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)ဖြင့် အမှုဖွင့်ထားပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားရှိကာ ၎င်းတို့နှင့် ဆက်စပ်ကျူးလွန်သူများကို စုံစမ်းပြီး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment