Thursday, September 11, 2014

အမျိုးသားပညာရေး ဥပဒေမူကြမ်း လွှတ်တော် ထပ်မံတင်သွင်းမည်

Photo: အမျိုးသားပညာရေး ဥပဒေမူကြမ်း လွှတ်တော် ထပ်မံတင်သွင်းမည်

ရန်ကုန်၊ စက်တင်ဘာ ၁၀

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော်လည်း မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

အရပ်ဘက် ပညာရေး အဖွဲ့အစည်းများ၏ အကြံပြုချက်များ လက်ခံဆွေးနွေးရန် အပါအဝင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ယင်းသို့ ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံတင်သွင်း ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“ဥပဒေကြမ်းကို ကန့်ကွက်နေတဲ့သူတွေ အားလုံးလည်း ဒီနေ့ လွှတ်တော် တင်တာကို စောင့်ကြည့်သင့်တယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါ အမျိုးသားပညာရေး ဥပဒေ မူကြမ်းအပြင် နိုင်ငံတော်သမ္မတ မှတ်ချက်ဖြင့် ပြန်လည်ပေးပို့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမူကြမ်းကိုလည်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းတွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ၏ မူဝါဒများနှင့် ကွဲလွဲချက်များစွာ ရှိနေသည်ဟုလည်း အချက်ကိုးချက်ပါ ကြေညာချက်ကို သြဂုတ်လ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လအတွင်း အတည်ပြုထားသည့် ဥပဒေကြမ်းတွင် လူတိုင်းအကျုံးဝင်သော ပညာရေးနှင့် ဆန့်ကျင်သည့် ဖော်ပြချက်များ ပါဝင်နေသည့် အချက်များ ပြင်ဆင်ရန်၊ တိုင်းရင်းသား ဘာသာစကား တစ်ခုခုကို သင်ကြားရေး မဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး ကျောင်းအုပ်ချုပ်ရေး ကော်မတီက ဆုံးဖြတ်ရန်၊ အခြေခံအဆင့် ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတို့က ဆောင်ရွက်မည် ဆိုသည့် အချက်ကို သဘောမတူကြောင်း၊ ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်း တစ်မျိုးတည်း သင်ကြားခြင်းကို သဘောမတူကြောင်း၊ အခမဲ့ မသင်မနေရ မူလတန်း ပညာရေးအစား အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးကို ပြင်ဆင်ရန်နှင့် ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအဖြစ် ဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းပေးရန်တို့ကို တောင်းဆိုထားသည်။

ထို့အပြင် အမျိုးသားပညာရေး ဥပဒေမူကြမ်းတွင် တက္ကသိုလ်များ လွတ်လပ်စွာ စီမံခွင့်ပေးမည် ဆိုသော်လည်း အထက်မှအောက်သို့ အာဏာစီးဆင်းနေသည့် အုပ်ချုပ်မှု ပုံစံမျိုး ဖြစ်သည်ဟု NNER က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး မြန်မာနိုင်ငံ မြို့ကြီးအချို့ရှိ တက္ကသိုလ် ကျောင်းသားသမဂ္ဂများက အတည်ပြုထားသော ဥပဒေမူကြမ်းကို ပြင်ဆင်ရေးဆွဲရန် ဆန္ဒထုတ်ဖော် တောင်းဆိုလျက် ရှိသည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော်လည်း မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ယနေ့ (စက်တင်ဘာ ၁၁ ရက်) တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

အရပ်ဘက် ပညာရေး အဖွဲ့အစည်းများ၏ အကြံပြုချက်များ လက်ခံဆွေးနွေးရန် အပါအဝင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော
အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ယင်းသို့ ပြည်ထောင်စုလွှတ်တော်တွင် ထပ်မံတင်သွင်း ဆွေးနွေး မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“ဥပဒေကြမ်းကို ကန့်ကွက်နေတဲ့သူတွေ အားလုံးလည်း ဒီနေ့ လွှတ်တော် တင်တာကို စောင့်ကြည့်သင့်တယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။

အဆိုပါ အမျိုးသားပညာရေး ဥပဒေ မူကြမ်းအပြင် နိုင်ငံတော်သမ္မတ မှတ်ချက်ဖြင့် ပြန်လည်ပေးပို့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမူကြမ်းကိုလည်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေကြမ်းတွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ၏ မူဝါဒများနှင့် ကွဲလွဲချက်များစွာ ရှိနေသည်ဟုလည်း အချက်ကိုးချက်ပါ ကြေညာချက်ကို သြဂုတ်လ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လအတွင်း အတည်ပြုထားသည့် ဥပဒေကြမ်းတွင် လူတိုင်းအကျုံးဝင်သော ပညာရေးနှင့် ဆန့်ကျင်သည့် ဖော်ပြချက်များ ပါဝင်နေသည့် အချက်များ ပြင်ဆင်ရန်၊ တိုင်းရင်းသား ဘာသာစကား တစ်ခုခုကို သင်ကြားရေး မဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး ကျောင်းအုပ်ချုပ်ရေး ကော်မတီက ဆုံးဖြတ်ရန်၊ အခြေခံအဆင့် ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုတို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတို့က ဆောင်ရွက်မည် ဆိုသည့် အချက်ကို သဘောမတူကြောင်း၊ ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်း တစ်မျိုးတည်း သင်ကြားခြင်းကို သဘောမတူကြောင်း၊ အခမဲ့ မသင်မနေရ မူလတန်း ပညာရေးအစား အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးကို ပြင်ဆင်ရန်နှင့် ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအဖြစ် ဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းပေးရန်တို့ကို တောင်းဆိုထားသည်။

ထို့အပြင် အမျိုးသားပညာရေး ဥပဒေမူကြမ်းတွင် တက္ကသိုလ်များ လွတ်လပ်စွာ စီမံခွင့်ပေးမည် ဆိုသော်လည်း အထက်မှအောက်သို့ အာဏာစီးဆင်းနေသည့် အုပ်ချုပ်မှု ပုံစံမျိုး ဖြစ်သည်ဟု NNER က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး မြန်မာနိုင်ငံ မြို့ကြီးအချို့ရှိ တက္ကသိုလ် ကျောင်းသားသမဂ္ဂများက အတည်ပြုထားသော ဥပဒေမူကြမ်းကို ပြင်ဆင်ရေးဆွဲရန် ဆန္ဒထုတ်ဖော် တောင်းဆိုလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment