Monday, September 22, 2014

ငါးထောင်ကျပ်တန် ပုံစံသစ်ထုတ်ခြင်း ဂယက်မရှိနိုင်ဟု ပညာရှင်များသုံးသပ်


နှစ်စဉ် ငွေကြေးဖောင်းပွမှုရှိနေသဖြင့် ငါးထောင်ကျပ်တန်ကို ပုံစံသစ်ဖြင့် ရိုက်ထုတ်ခြင်းသည် ရုတ်တရက် ကုန်ဈေးနှုန်း မြင့်တက်မှုကို ဖြစ်လာနိုင်ခြေမရှိကြောင်း စီးပွားရေးနှင့် ဘဏ်ပညာရှင်များကပြောကြားသည်။

‘‘ငွေစက္ကူထုတ်တိုင်း ကုန်သည်တွေက ကောလာဟလလွှင့်ပြီး ဈေးတက်တာ ဒီနိုင်ငံမှာ ပုံမှန်လိုဖြစ်နေတယ်’’ဟု အငြိမ်းစား ဗဟိုဘဏ်ဒုဥက္ကဋ္ဌ လက်ရှိ ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်ကပြောကြားသည်။


သို့သော် ပုံစံသစ်ထုတ်လုပ်မှုကြောင့် ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
အတုလုပ်ရန် မလွယ်ကူသော နည်းစနစ်များ ထည့်သွင်းထားသည့် ငါးထောင်ကျပ်တန် ပုံစံသစ်ကို အောက်တိုဘာ ၁ ရက်တွင် စတင်ထုတ်လုပ်ရန် နိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာ ပြီးနောက် ပြည်သူများအကြား ကုန်ဈေးနှုန်းများမြင့်တက်မည်ကို စိုးရိမ်နေကြသည်။
‘‘ငွေစက္ကူအသစ် ရိုက်တာ လုံခြုံရေးထက် လှည့်လည်သုံးစွဲ နေတဲ့ ငွေပမာဏကိုလည်း သတိထားသင့်တယ်’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်ကပြောကြားသည်။
မြန်မာနိုင်ငံတွင် ငွေကြေး ဖောင်းပွမှုသည် ၂၀၁၃ ခုနှစ်တွင် ၇ ရာခိုင်နှုန်းခန့်ရှိပြီး နှစ်စဉ်ငွေ ကြေးဖောင်းပွ မှုမှာ ၆ ရာခိုင်နှုန်းကျော် ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံဗဟိုဘဏ်မှ ထုတ်ပြန် သော နေ့စဉ်ငွေလဲနှုန်းကွာခြားမှု စာရင်းတွင် နှစ်ဦးနှင့် နှစ်ကုန်ကို နှိုင်းယှဉ်ကြည့်ပါက အမေရိကန် တစ်ဒေါ်လာ၏ တန်ဖိုးမှာ ကျပ်တစ်ရာကျော် မြင့်တက်လာသည် ကို တွေ့ရသည်။
လက်ရှိသုံးစွဲနေသော ငါးထောင်ကျပ်တန်ကို စစ်အစိုးရ လက်ထက် ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ထုတ်လုပ် သုံးစွဲခွင့်ပြုခဲ့သည်။ ယင်းငွေ စက္ကူကို စတင်ထုတ်လုပ် စဉ်က ပြည်တွင်း၌ ငွေကြေးဖောင်းပွမှု ဖြစ်မည်ကို စိုးရိမ်ပြီး တစ်ကြိမ်တည်း ပမာဏများစွာထုတ်လုပ်ခြင်းမရှိဘဲ ဈေးကွက်တွင်းသို့ ဖြည်းဖြည်းချင်း ထည့်သွင်းခဲ့သည်။
ငွေစက္ကူအတုထုတ်လုပ်မှုကြောင့် လုံခြုံရေးစနစ်မြှင့်တင်ပြီး ထိန်းသိမ်းမှုသည် နိုင်ငံတိုင်းပြု လုပ်ရလေ့ရှိသည်။ နည်းပညာနှင့် ဖွံ့ဖြိုးမှုများစွာ ကြွယ်ဝသော အမေရိကန်နိုင်ငံကိုယ်တိုင် နိုင်ငံအချို့မှ ဒေါ်လာအတုများ ထုတ်လုပ်မှုကြောင့် ယင်းငွေကြေးကို ပုံစံအသစ်ဖြင့် ထုတ်လုပ်ရမှုများရှိသည်။

7 Day Daily

No comments:

Post a Comment