Thursday, September 18, 2014

ပုဒ်မများပြင်ပေးရန် ဦးဆန်းဆင့်လျှောက်ထားမှု မန္တလေးတိုင်းတရားရုံးတွင် ကြားနာမည်

သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်ကို နိုင်ငံ တော် အကြည်ညိုပျက်စေမှုနှင့် ယုံကြည်အပ်နှံ အလွဲသုံးစားမှု ပုဒ်မများဖြင့် နေပြည်တော်ဒက္ခိဏ သီရိခရိုင်တရားရုံးက စွဲချက် တင်မှုကို ပြင်ဆင်ပေးရန် မန္တလေးတိုင်း တရားရုံးတွင် လျှောက်ထားမှုကို အောက်တိုဘာ ၁၀ ရက်တွင် ကြားနာစစ်ဆေးမည်ဟု သတင်းရရှိသည်။

ဦးဆန်းဆင့်အား (၁၃)ကြိမ် မြောက်ရုံးချိန်းတွင် ပုဒ်မနှစ်ခု အတွက် တရားရုံးကစွဲချက်တင် လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ စွဲချက်တင်လိုက်ခြင်းအတွက် ဦးဆန်းဆင့်၏ရှေ့နေနှင့် တရားလိုပြရှေ့နေ များက စွဲချက်မတင်ရန် လျှောက်ထားခဲ့သော်လည်း ဒက္ခိ ဏသီရိခရိုင်တရားရုံးက ပယ်ချ လိုက်သည်။

‘‘ဦးဆန်းဆင့်ကို စွဲချက်တင် တဲ့အတွက် ပြင်ဆင်မှုကို မန္တလေး တိုင်းဒေသကြီးမှာ တင်ထားတယ်။ အဲဒါကို အောက်တိုဘာ ၁၀ ရက် ၁၀ နာရီ အမှတ်စဉ်(၁)မှာ ကြား နာမယ်’’ဟု ဦးဆန်းဆင့်၏ရှေ့နေ ဦးတင်ထွန်းက ပြောသည်။

(၁၇)ကြိမ်မြောက်ရုံးချိန်း တွင် ဦးဆန်းဆင့်ကို တရားခံပြ သက်သေအဖြစ် စစ်ဆေးခဲ့ပြီး ပုဒ်မ ၄၀၉ အမှုအတွက် တရားလို၊ တရားခံပြသက်သေများကို စစ် ဆေးခဲ့သည်။ ပုဒ်မ ၁၂၄ (က)အမှု အတွက် တရားလို၊ တရားခံပြ သက်သေများကို စက်တင်ဘာ ၁၉ ရက်တွင် ဆက်လက်စစ်ဆေး မည်ဖြစ်သည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က နိုင်ငံတော်ဘဏ္ဍာငွေ အလွဲသုံးစားမှုဖြင့် ဖမ်းဆီးထိန်း သိမ်းခဲ့ပြီး အမှုစစ်ဆေးမှု တစ်လ ကျော်အကြာတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)၊ ပုဒ်မ ၄၀၉ ယုံကြည်အပ်နှံ အလွဲသုံးစားမှု ပုဒ်မများဖြင့် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment