Thursday, September 25, 2014

IS အဖွဲ့ကို ချေမှုန်းရန် နှစ်ချီကြာမည်

IS BBC
အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို ချေမှုန်းရန် နှစ်များစွာ အချိန်ယူရမည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် တစ်ဦးက ပြောကြားလိုက်သည်ဟု စက်တင်ဘာလာ ၂၄ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်းအဖွဲ့၏ ကို တိုက်ခိုက်ရာတွင် သဘောတူ ပါဝင်သည့် နိုင်ငံ ၅၀ ကျော်ရှိကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီက ပြောခဲ့ပြီးနောက် ဗိုလ်ချုပ်ဂျွန်ကာဘေးက ယခုကဲ့သို့မှတ်ချက်ပြုခြင်းဖြစ်သည်။

ဆီးရီးယားနှင့် အီရတ်နယ်မြေ အမြောက်အများကို IS တို့က သိမ်းပိုက်ထားပြီး သြဂုတ်လမှ စ၍ အီရတ်တွင် အမေရိကန်က လေကြောင်း ထိုး စစ် ဆင်ခဲ့သည်မှာ အကြိမ် ၂၀၀ နီးပါး ရှိပြီ ဖြစ်သည်။
IS  အဖွဲ့ လှုပ်ရှားမှုများ ချေမှုန်းရေးကို  ဆီးရီးယား နယ်စပ်ဒေသများတွင် တနင်္လာနေ့က ပထမဆုံး အဖြစ် မဟာမိတ် အာရပ်နိုင်ငံများနှင့် ပူးပေါင်းကာ တိုးချဲ့ စစ်ဆင်ခဲ့သည်။
လေကြောင်း ထိုးစစ်များအတွင်း IS  အဖွဲ့မှ စစ်သွေးကြွ ၇၀ နှင့် အယ်လ်ခိုင်ဒါ ဆက်နွယ်နေသော တိုက်ခိုက်ရေး သမား ၅၀ ကို သုတ်သင်နိုင် ခဲ့သည်။ ဆီးရီးယားလေကြောင်းထိုးစစ်က IS  တို့၏ စွမ်းအားကို ကျဆင်းစေကြောင်း ဂျွန်ကာဘေးက ပြောသည်။
“ ရည်ရွယ်ချက်ကို ထိထိမိမိ တိုက်ခိုက်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

Mizzima

No comments:

Post a Comment