Monday, September 1, 2014

တစ်ရွာ ဆန်အိတ် (၃၀)တောင်းသော KIA ကြောင့် ဒေသခံများ ၀န်ထုပ်ဝန်ပိုးဖြစ်နေ

 Photo: တစ်ရွာ ဆန်အိတ် (၃၀)တောင်းသော KIA ကြောင့် ဒေသခံများ ၀န်ထုပ်ဝန်ပိုးဖြစ်နေ
Monday, September 1, 2014

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ကျေးရွာများတွင် သြဂုတ် ၃၁ ရက်နေ့ နောက်ဆုံးပေးသွင်းရန် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ရိက္ခာဆန်များ တောင်းခံမှုကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်နေ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါမြို့နယ်တွင် ဟန်ထက်ကျေးရွာ၊ မံသာကျေးရွာ၊ မဒယန်ကျေးရွာ၊ မိုင်းခေါင်ကျေးရွာ၊ ကိုက်ထိပ် ကျေးရွာ၊ သံတံတားကျေးရွာ၊ စီခမ်းကြီးကျေးရွာ၊ မန်ဝိန်းကြီးကျေးရွာများပါဝင်ပြီး ယင်းကျေးရွာအားလုံးအား ဆန်ရိက္ခာတောင်းခံထားကြောင်း သိရသည်။
“တိုက်ပွဲတွေပြန်ဖြစ်ကတည်းက လယ်ယာလုပ်ငန်းကို ဟုတ်တိပတ်တိလုပ်ရတော့တာမဟုတ်ဘူး၊ အခုလာပြီးရိက္ခာဆန် လာတောင်းတော့ အတော်စိတ်ညစ်ရတယ်။ မိသားစုစားဝတ်နေရေးအတွက် မနည်း ဖြေရှင်းနေရတာ” ဟု မိုင်းခေါင်ရွာသားတစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာအုပ်စုများအနီးဝန်းကျင်တွင် KIA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားလျက်ရှိပြီး ဂျေစွမ်းပါ စခန်းနှင့် အခြားစခန်းတစ်ခုအတွက် ရိက္ခာဆန်များလိုအပ်နေ၍ အပူတပြင်းလာရောက်ကောက်ခံနေခြင်း ဖြစ်ကြောင်း လည်း သိရသည်။
“တစ်ရွာ ဆန်အိတ် ၃၀ ဆိုတော့ အရမ်းများတယ်။ လယ်ယာလုပ်ငန်းတွေက အခုမှ ပြန်လုပ်တာ ဆိုတော့ အဆင်မပြေဘူး၊ ၀မ်းစာတောင်မလောက်ဘူး၊ ဒီနယ်မြေမှာ နေရတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ KIA အဖွဲ့က ဒေသခံတွေဆီကို ရပိုင်ခွင့်တစ်ခုလို သဘောထားပြီး ဆက်ကြေး၊ ရိက္ခာ အကုန်ကောက်နေတာ”ဟု အမည်မဖော်လိုသော အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
မန်ဝိန်းကြီးဒေသတွင်ပါဝင်သော ရှမ်းရွာ(၁၈)ရွာမှ ဒေသခံရှမ်းလူမျိုးများကမူ KIA အဖွဲ့၏ လူသစ်၊ ဆက်ကြေး ကောက်ခံမှုများကို မကြာခဏ ငြင်းပယ်ခဲ့ကြပြီး ယခုလို တစ်ရွာဆန်အိတ်(၃၀)တောင်းခံမှုကိုလည်း ပေးရန်ဆန္ဒမရှိကြောင်း မန်ဝိန်းကြီးဒေသခံတစ်ဦးက ပြောကြားသွားခဲ့သည်။
ခိုင်မြဲ
Kachin Daily News
ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ကျေးရွာများတွင် သြဂုတ် ၃၁ ရက်နေ့ နောက်ဆုံးပေးသွင်းရန် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ရိက္ခာဆန်များ တောင်းခံမှုကြောင့် ၀န်ထုပ်ဝန်ပိုးဖြစ်နေ ကြောင်း ယင်းဒေသခံများထံမှ သိရသည်။အဆိုပါမြို့နယ်တွင် ဟန်ထက်ကျေးရွာ၊ မံသာကျေးရွာ၊ မဒယန်ကျေးရွာ၊ မိုင်းခေါင်ကျေးရွာ၊ ကိုက်ထိပ် ကျေးရွာ၊ သံတံတားကျေးရွာ၊ စီခမ်းကြီးကျေးရွာ၊ မန်ဝိန်းကြီးကျေးရွာများပါဝင်ပြီး ယင်းကျေးရွာအားလုံးအား ဆန်ရိက္ခာတောင်းခံထားကြောင်း သိရသည်။

“တိုက်ပွဲတွေပြန်ဖြစ်ကတည်းက လယ်ယာလုပ်ငန်းကို ဟုတ်တိပတ်တိလုပ်ရတော့တာမဟုတ်ဘူး၊ အခုလာပြီးရိက္ခာဆန် လာတောင်းတော့ အတော်စိတ်ညစ်ရတယ်။ မိသားစုစားဝတ်နေရေးအတွက် မနည်း ဖြေရှင်းနေရတာ” ဟု မိုင်းခေါင်ရွာသားတစ်ဦးက ပြောသည်။
အဆိုပါ ကျေးရွာအုပ်စုများအနီးဝန်းကျင်တွင် KIA တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားလျက်ရှိပြီး ဂျေစွမ်းပါ စခန်းနှင့် အခြားစခန်းတစ်ခုအတွက် ရိက္ခာဆန်များလိုအပ်နေ၍ အပူတပြင်းလာရောက်ကောက်ခံနေခြင်း ဖြစ်ကြောင်း လည်း သိရသည်။
“တစ်ရွာ ဆန်အိတ် ၃၀ ဆိုတော့ အရမ်းများတယ်။ လယ်ယာလုပ်ငန်းတွေက အခုမှ ပြန်လုပ်တာ ဆိုတော့ အဆင်မပြေဘူး၊ ၀မ်းစာတောင်မလောက်ဘူး၊ ဒီနယ်မြေမှာ နေရတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ KIA အဖွဲ့က ဒေသခံတွေဆီကို ရပိုင်ခွင့်တစ်ခုလို သဘောထားပြီး ဆက်ကြေး၊ ရိက္ခာ အကုန်ကောက်နေတာ”ဟု အမည်မဖော်လိုသော အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
မန်ဝိန်းကြီးဒေသတွင်ပါဝင်သော ရှမ်းရွာ(၁၈)ရွာမှ ဒေသခံရှမ်းလူမျိုးများကမူ KIA အဖွဲ့၏ လူသစ်၊ ဆက်ကြေး ကောက်ခံမှုများကို မကြာခဏ ငြင်းပယ်ခဲ့ကြပြီး ယခုလို တစ်ရွာဆန်အိတ်(၃၀)တောင်းခံမှုကိုလည်း ပေးရန်ဆန္ဒမရှိကြောင်း မန်ဝိန်းကြီးဒေသခံတစ်ဦးက ပြောကြားသွားခဲ့သည်။
ခိုင်မြဲ
Kachin Daily News

No comments:

Post a Comment