Wednesday, September 17, 2014

Kurdish တပ်က အမေရိကန်အကူနဲ့ ISIS ကို ထိုးစစ်ဆင်နေ


Khazir ဒေသမှာ အမေရိကန်က ဝေဟင်ကနေ တိုက်ခိုက်မှု လုပ်ခဲ့တာကို Kurdish တပ်တွေက စောင့်ကြည့်စဉ် (Credit: Reuters) 
အီရတ်နိုင်ငံ ​မြောက်ပိုင်းမှာ ​တပ်စွဲထားတဲ့ ​ISIS ​အစ္စလာမ်မစ် ​စစ်သွေးကြွတွေကို ​Kurdish ​လူမျိုးရဲ့ ​Peshmerga ​တပ်ဖွဲ့တွေက ​အမေရိကန် ​အကူအညီနဲ့ ​ထိုးစစ်ဆင်မှုတွေ ​တိုးမြှင့်လုပ်ဆောင်နေပါတယ်။
အမေရိကန် ​ဂျက်လေယာဉ်နဲ့ ​drones ​တွေက ​ဝေဟင်ကနေ ​Kurdish ​တပ်တွေကို ​အကူအညီပေးနေပြီး ​Kurdish ​အဖွဲ့က ​မြေပြင်ကနေ ​ထိုးစစ်ဆင်နေတာပါ။

ISIS ​အဖွဲ့ကို ​ဝေဟင်ကနေ ​တိုက်ခိုက်မှုတွေ ​ပိုလုပ်ဆောင်သွားမယ်လို့လည်း ​အမေရိကန် ​ကာကွယ်ရေး ဝန်ကြီး ​Chuck ​Hagel ​က ​ပြောပါတယ်။
အမေရိကန် ​ပြည်သူတွေကို ​ISIL ​အဖွဲ့ရဲ့ ​ထိုးစစ်ဆင်မှုရန်ကနေ ​အကာအကွယ်ပေးနိုင်ဖို့နဲ့ ​လူသားတွေ ​ဘေးဆိုးကျရောက်မှုကို ​ကာကွယ်တဲ့အနေနဲ့ ​အမေရိကန်က ​ဝေဟင်ကနေတဆင့် ​တိုက်ခိုက်မှု ​အကြိမ်ပေါင်း ​၁၆၀ ​ကျော် ​အောင်မြင်စွာ ​ပြုလုပ်နိုင်ခဲ့ပြီ ​လို့ ​ဆိုပါတယ်။
အဲဒီလို ​တိုက်ခိုက်မှုအတွင်း ​ISIL ​တပ်ဖွဲ့ဝင်သေဆုံးတာတွေ၊ ​သူတို့အသုံးပြုတဲ့ ​စစ်လက်နက်တွေကိုလည်း ​ဖျက်ဆီးနိုင်ခဲ့သလို ​အီရတ်စစ်တပ်နဲ့ ​Kurdish ​တပ်တွေကိုလည်း ​အဓိကနေရာတွေ၊ ​အဆောက်အဦးတွေကို ​ပြန်လည်သိမ်းပိုက်စေနိုင်ခဲ့ပြီး ​ထိုးစစ်ဆင်မှုတွေ ​ပြန်လည်ပြုလုပ်စေနိုင်ခဲ့တယ်လို့ ​အမေရိကန် ​ကာကွယ်ရေးဝန်ကြီးက ​လွှတ်တော်မှာ ​ဖြေကြားခဲ့ပါတယ်။
အမေရိကန် ​စစ်တပ်ရဲ့ ​ခေါင်းဆောင် ​ဗိုလ်ချုပ် ​Martin ​Dempsey ​ကလည်း ​လွှတ်တော်ကော်မတီတွေနဲ့ ​တွေ့ဆုံခဲ့ပြီး ​ဝေဟင်တိုက်ခိုက်မှုတွေ ​မအောင်မြင်တဲ့အခါ ​မြေပြင် တိုက်ခိုက်မှုတွေလုပ်ဖို့ ​လိုအပ်မှာဖြစ်ပြီး ​အမေရိကန် ​စစ်သားတွေကို ​ပို့ဆောင်ဖို့လည်း ​လွှတ်တော်ကို ​ကြိုတင် ​တိုက်တွန်းထားပါတယ်။
အမေရိကန် ​သမ္မတကတော့ ​အမေရိကန် ​စစ်သားတွေကို ​စစ်မြေပြင် ​ပို့ဆောင်မှာ ​မဟုတ်ဘူးလို့ ​အရင်တပတ်က ​ပြောဆိုထားခဲ့ပါတယ်။

ABC

No comments:

Post a Comment