Monday, September 29, 2014

လက်ကျန်ငွေ ၂၀၀ ကျန်သည့် Message ရောက်ပါက ပြန်လည်စစ်ဆေးရန်လို

MPT ဆင်းမ်ကတ် အသုံးပြုသူများ၏ မိုဘိုင်းဖုန်းများသို့ ယနေ့မနက်ပိုင်းမှစတင်၍ “လက်ကျန်ငွေ ၂၀၀ ကျပ်သာ ကျန်ရှိတော့သည်” ဟူသည့် SMS များ ဝင်ရောက်လာခဲ့ပြီး ယင်းမှာ System Error ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း MPT မှ စုံစမ်းသိရသည်။

MPT ၏ အဆိုပါ SMS ကို လက်ခံရရှိသူများအနေဖြင့် ၎င်းတို့၏ အမှန်တကယ် ဖုန်းအသုံးပြုခမှာ လက်ကျန် ၂၀၀ ကျပ်သာ ကျန်ရှိတော့ခြင်း မဟုတ်သဖြင့် ဖုန်းဘီလ်များကို စစ်ဆေးပေးကြစေလိုကြောင်း MPT မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းပြီး အစိုးရဘဏ္ဍာငွေဖြင့် မရပ်တည်တော့ဟုဆိုသည့် MPT ဆက်သွယ်ရေးကုမ္ပဏီ၏ ဝန်ဆောင်မှုများသည် ယခင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အမည်ဖြင့် လုပ်ကိုင်ခဲ့စဉ်ကကဲ့သို့ မကြာခဏ ဆာဗာချို့ယွင်းမှုများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ယခုအချိန်အထိ သုံးစွဲသူ များ၏ ဝေဖန်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။

Internet Journal

No comments:

Post a Comment