Monday, September 29, 2014

၉၆၉ အဖွဲ့ကို သီရိလင်္ကာက BBSနဲ့ ပူးပေါင်းမယ်လို့ ဦးဝီရသူဆို

သီရိလင်္ကာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​အရှင်ဦးဝီရသူက ​သီရိလင်္ကာနိုင်ငံက ​Bodu ​Bala ​Sena ​(BBS) ​အဖွဲ့ဒါမှမဟုတ် ​Buddhist ​Force​လို့ခေါ်တဲ့ ​ဗုဒ္ဓဘာသာ ​အဖွဲ့နဲ့ ​ပူးပေါင်းပြီး ​ဗုဒ္ဓဘာ
သာကို ​ကာကွယ်သွားမယ်လို့ ​ပြောလိုက်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ​စက်တင်ဘာလ ​၂၈ ​ရက်၊ ​မနေ့တုန်းက ​သံဃကောင်စီ ​အစည်းအဝေးကြီး ​ကျင်းပခဲ့တာဖြစ်ပြီး ​အရှင်ဦးဝီရသူကလည်း ​တက်ရောက် ခဲ့တာ ​ဖြစ်ပါတယ်။
ကမ္ဘာတလွှားမှာ ​ခြိမ်းခြောက်မှု ​ခံနေရတဲ့ ​ဗုဒ္ဓဘာသာဝင်တွေကို ​ကာကွယ်ဖို့ ​မြန်မာနိုင်ငံက ​၉၆၉ ​အဖွဲ့အနေနဲ့ ​သီရိလင်္ကာနိုင်ငံက ​BBS ​အဖွဲ့နဲ့ ​ပူးပေါင်းမှုတွေ ​လုပ်သွားမယ်လို့ ​လူပေါင်း ​၅၀၀၀ ​ဆန့်တဲ့ ​ဘောလုံးကွင်းအတွင်းမှာ ​အရှင်ဦးဝီရသူက ​ပြောခဲ့တာပါ။

အဲဒီဘောလုံးကွင်းအတွင်း ​သံဃာတော်တွေနဲ့ ​တချို့ပြည်သူတွေ ​အများအပြား ​တက်ရောက်ခဲ့ကြပါတယ်။

ဦးဝီရသူရဲ့ ​သီရိလင်္ကာနိုင်ငံခရီးစဉ်အတွင်း ​သီရိလင်္ကာ ​ဗုဒ္ဓဘာသာဝင်တွေနဲ့ ​မွတ်စလင်တွေအကြား ​ပြဿနာ ​ဖြစ်မှာကို ​စိုးရိမ်တဲ့အတွက် ​ပြည်ဝင်ခွင့်ဗီဇာမပေးဖို့ ​သီရိလင်္ကာနိုင်ငံက ​မွတ်စလင်ကောင်စီက ​သူတို့အစိုးရကို ​တောင်းဆိုခဲ့ပါတယ်။

မွတ်စလင်အစွန်းရောက်သမားတွေက ​ပြည်ဝင်ခွင့်မပေးဖို့ ​တောင်းဆိုတဲ့ကြားကပဲ ​ပြည်ဝင်ခွင့်ဗီဇာ ​ထုတ်ပေးခဲ့တဲ့ ​သီရိလင်္ကာနိုင်ငံ ​သမ္မတကို ​ကျေးဇူးတင်ကြောင်း ​အရှင်ဦးဝီရသူက ​ပြောပါတယ်။

ဂျီဟတ်အဖွဲ့တွေကြောင့် ​ဗုဒ္ဓဘာသာဝင်တွေဟာ ​ကြီးမားတဲ့ ​ခြိမ်းခြောက်မှုတွေနဲ့ ​ကြုံတွေ့နေရတယ် လို့လည်း ​ပြောသွားခဲ့ပြီး ​စေတီပုထိုးတွေလည်း ​ဖျက်ဆီးခံနေရတယ်လို့ ​ဆိုပါတယ်။

ဒါ့အပြင် ​မီဒီယာအဖွဲ့အစည်းတွေနဲ့ ​ကမ္ဘာမှာ ​အာဏာရှိသူတွေက ​စက်မှုတွေကို ​အသုံးပြုပြီး ​ဗုဒ္ဓဘာသာအပေါ် ​ဆန့်ကျင်မှုတွေ ​လုပ်နေကြတယ်လို့လည်း ​အရှင်ဦးဝီရသူက ​ပြောပါတယ်။

BBS ​အဖွဲ့ဟာ ​သီရိလင်္ကာနိုင်ငံက ​မွတ်စလင်နဲ့ ​ဗုဒ္ဓဘာသာ အကြား ​ပြဿနာဖြစ်အောင် ​သွေးထိုးလှုံ့ဆော်ပေးတဲ့ ​အဖွဲ့ ​ဖြစ်တယ်လို့ ​စွပ်စွဲခံနေရသလို၊ ​မြန်မာနိုင်ငံက ​၉၆၉ ​အဖွဲ့ဟာလည်း ​မွတ်စလင်တွေနဲ့ ​ဗုဒ္ဓဘာသာအကြား ​သွေးထိုးလှုံ့ဆော်ပေးတဲ့ ​အဖွဲ့အဖြစ် ​စွပ်စွဲခံနေရကြောင်း ​ရိုက်တာ ​သတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia (မြန်မာပိုင်း)

No comments:

Post a Comment