Friday, September 5, 2014

NNERနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှေ့ဆက်သွားမည့်ပညာရေးစနစ် ဆွေးနွေးမည်

အခြေခံပညာအထက်တန်းကျောင်းသား၊ ကျောင်းသူလေးများ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
  မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် ပညာရေးစနစ်နှင့် ပတ် သက်၍ ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးကွန်ရက် (NNER) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း များ စက်တင်ဘာ ၆ ရက်တွင် တွေ့ဆုံဆွေးနွေးသွားကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ ကို ဦးဝိစာရလမ်းရှိ Local Reso-urce Center တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

‘‘ပညာရေးနဲ့ ဆက်နွှယ်တဲ့ NGO၊ INGO အဖွဲ့အစည်းတော် တော်များများကို ဖိတ်ထားတယ်။ ရှေ့ဆက်သွားမယ့် ပညာရေးကို အရပ်ဘက်လူမှုအဖွဲ့အစည်းက နေ အကြံဉာဏ်ရယူချင်လို့ပါ။ အကြံဉာဏ်ရယူပြီး အမျိုးသား ပညာရေးဥပဒေမူကြမ်းသည် ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်း မှာ မဟုတ်ဘူးဆိုရင် ရှေ့ဆက်ပြီး တော့ ဘယ်လို Plan ဆွဲမလဲ၊ ပူး ပေါင်းပြီး ဘယ်လိုလုပ်မလဲဆို တာကို ပညာရေးသီးသန့်ဆွေးနွေးကြမှာပါ’’ဟု ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေးကွန်ရက် (NNER) အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူ က ပြောသည်။
ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေးကွန်ရက် (NNER)က အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖြစ် သည့် ငြိမ်းဖောင်ဒေးရှင်း၊ Gener-ation Wave ၊ မြန်မာနိုင်ငံအလုပ် သမားသမဂ္ဂအဖွဲ့ချုပ်၊ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးအ သင်းစသည့် NGO ၊ INGO အဖွဲ့ အစည်း ၄၀ ကျော်တက်ရောက် ရန် ဖိတ်ကြားထားကြောင်း သိရ သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲ သို့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ များဖြစ်ကြသည့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗက သ)၊ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)၊ ကျောင်းသား သမဂ္ဂဖြစ်မြောက်ရေး ကော်မတီ (ကသဖ)များမှ ကျောင်းသူ၊ ကျောင်းသားများလည်း ပါဝင်ဆွေးနွေး သွားကြမည်ဖြစ်ကြောင်း ဒေါက် တာအာကာမိုးသူက ပြောသည်။
ဇူလိုင် ၃၀ ရက်တွင်ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အမျိုးသားလွှတ် တော်က အတည်ပြုထားသော ပြင်ဆင်ချက် (၇၁) ချက်အပေါ် မူတည် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်သ ဘောတူညီချက်ဖြင့် အတည်ပြုခဲ့ ခြင်း ဖြစ်သည်။
အဆိုပါ အမျိုးသားပညာ ရေးဥပဒေမူကြမ်းသည် ပညာရေး လွတ်လပ်ခွင့်ကို အာမခံချက်ပေး ထားခြင်းမရှိခြင်းကြောင့် ပညာ ရေးစနစ်ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER)၊ ကျောင်းသားသမဂ္ဂများနှင့် တက္ကသိုလ်ဆရာများအ သင်းတို့ကလည်း ၀ိုင်းဝန်းကန့် ကွက်ထားကြသည်။
7daydaily

No comments:

Post a Comment