Friday, September 5, 2014

""ဧရာဝတီ ရေလုပ်သားအချို့ အဆင်မပြေ၍ မိရိုးဖလာ အလုပ် စွန့်ခွာ""

ဧရာဝတီတိုင်းမှ ရေလုပ်သား အချို့သည် လုပ်ငန်းအဆင်မပြေသော ကြောင့် မိရိုးဖလာ အသက်မွေးဝမ်း ကျောင်း အလုပ်ကို စွန့်ခွာခြင်းများ ရှိ လာကြောင်း ပုသိမ်မြို့ နယ် ရေလုပ်သား များကွန်ရက်မှ သိရသည်။
ပုသိမ်နှင့် ငပုတောရှိ ရေလုပ်သား များသည် ငါးဖမ်းလုပ်ငန်း အဆင်မပြေ သောကြောင့် ၂ဝ၁၃ ခုနှစ်မှစကာ ရန် ကုန်သို့ ပြောင်းရွှေ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းများ တွင် လာရောက်အလုပ် လုပ်ကြကြောင်း ယခုနှစ်ထဲတွင် လည်း ရေလုပ်သား အလုပ်ကိုစွန့်ခွာသူများ ရှိနေကြောင်း အထက်ပါ ကွန်ရက်မှ ဦးမြင့်လွင်က ပြောသည်။
”ငါးရစ်၊ ငါးသန် သုံးလမဖမ်းရ ဘူးဆိုလို့ ကျွန်တော်တို့ နားတယ်။ ဒါ ပေမဲ့ ကျွန်တော်တို့ လွှတ်ပေးလိုက်တဲ့ ငါးတွေကြီးမယ့်အချိန်မှာ လုပ်ငန်းရှင် ကြီးတွေက ငါးသေး၊ ငါးမွှားက အစမိတဲ့ ပိုက်တွေနဲ့ ဖမ်းကြတော့ ကျွန်တော်တို့ ဒုက္ခရောက်တာပေါ့” ဟု ငါးဖမ်းလုပ် သက် ၂၅ နှစ်ရှိ ၄င်းက ပြောသည်။

ထို့ကြောင့် ငဝန်မြစ်တစ်လျှောက် နှစ်ပေါင်းများစွာ ငါးဖမ်းလာသော ရေ လုပ်သားများသည် ရန်ကုန်သို့ ပြောင်း ရွှေ့ကာ ကျရာအလုပ်လုပ်ကြခြင်းဖြစ် ကြောင်း၊ လက်ရှိ တွင် ငါးဖမ်းအလုပ်ကို စွန့်ခွာသော ရေလုပ်သားအယောက် ၂ဝ ကျော်သွားပြီဖြစ်ကြောင်း၎င်းက ဆို သည်။
”ပင်လယ်မှာ လုပ်စားတဲ့သူတွေ အကုန် ရန်ကုန် ရောက်ကုန်ပြီ” ဟု ၄င်းက ဆိုသည်။
ငါးဖမ်းသူများအတွက် သတ်မှတ် ထားသော ပိုက်လိုင်စင်အရ ပိုက်သည် လေးလက်မကွင်းထက် မငယ်ရဟု သတ်မှတ်ထားသော်လည်း ငါးသေးများ မိသော သံဆန်ခါ ပိုက်များဖြင့် ငါးဖမ်း နေကြသည်ကို သက်ဆိုင်ရာမှ ကြပ်မတ် ပေးစေလိုကြောင်း ၄င်းကဆိုသည်။
မေဇင်ဝင်း
popularmyanmar

No comments:

Post a Comment