Friday, September 26, 2014

U.A.E ရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲ နဲ့ IS စစ်သွေးကြွချေမှုန်းရေး

Photo: U.A.E ရဲ့ ပထမဆုံး အမျိုးသမီး လေသူရဲ နဲ့ IS စစ်သွေးကြွချေမှုန်းရေး
Friday, September 26, 2014

ဆီးရီးယားနိုင်ငံထဲမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွတွေကို ပင်လယ်ကွေ့ နိုင်ငံရဲ့ အခု တပတ် ဗုံးကြဲတိုက် ခိုက်မှုကို ဦးဆောင်သူအဖြစ် U.A.E နိုင်ငံက သမိုင်းမှာ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ် မောင်း ဗိုလ်မှူး Mariam al-Mansouri ဖြစ်ပါတယ်။

နိုင်ငံပိုင် သတင်းမီဒီယာက သူ့ဓာတ်ပုံထုတ်ပြန်လိုက်တဲ့အခါ တမုဟုတ်ချင်း အမျိုးသမီး လေသူရဲ ရဲ့ သတင်း ဟာ ကမ္ဘာတလွှား လူမှု ကွန်ယက်တွေမှာ လူအများဆုံး ပြန်လည်မျှဝေတဲ့ ဓာတ်ပုံ ဖြစ်လာပါတော့တယ်။ အသက် ၃၅ နှစ်ရှိ အမျိုးသမီး ဗိုလ်မှူး မာရီယန် အယ်လ် မန်ဆူရီဟာ ဆီးရီးယားနိုင်ငံ Idlib၊ Aleppo နဲ့ Raqqa ဒေသတွေ မှာ ရှိတဲ့ IS စစ်သွေးကြွတွေကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုလုပ်တဲ့ လေယာဉ် အုပ်စုငယ်တခုကို ဦးဆောင်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့အတူ အာရပ်နိုင်ငံ ၄ နိုင်ငံဖြစ်တဲ့ ဆော်ဒီ အာရေဗျ၊ ဂျော်ဒန်၊ ဘာရိမ်း၊ ကာတာနိုင်ငံ တို့နဲ့အတူ IS စစ်သွေးကြွတွေကို စစ်ဆင်ရေး ဆင်နွှဲနေတာမှာ U.A.E အာရပ်စော်ဘွားများနိုင်ငံ ကိုယ်စားပြု စစ်ဆင်ရေးကို ဗိုလ်မှူး မာရီယန် အယ်လ် မန်ဆူရီလည်း အားဖြည့် ကူညီနေတာ ဖြစ်ပါတယ်။

U.A.E နိုင်ငံက ထုတ်ပြန်တဲ့ သူ့ကိုယ်ရေးအချက်တွေမှာ ဖော်ပြထားတာကတော့ Abu Dhabi မှာ မွေးဖွား ခဲ့ သူ မစ္စ မာရီ ယန် အယ်လ်မန်ဆူရီဟာ ဆယ် ကျော်
သက် မိန်းကလေးဘဝကတည်းက လေတပ်ထဲ ဝင်ချင်ခဲ့တာဖြစ်ပေမယ့် အမျိုးသမီး တွေ လေတပ်ထဲ အမှုထမ်းဖို့ လျှောက်ထားလို့ ရတဲ့အချိန်ထိ စောင့်ခဲ့ရ သူပါ။

သူဟာ Khalifa bin Zayed Air College က နေ ဘွဲ့ရခဲ့ပြီး အခုဆို F-16 စစ်ပြန် တိုက်လေယာဉ်မှူးဖြစ်နေ ပါပြီ။

"Everyone is required to have the same high level of combat competence," လို့ သူက U.A.E မဂ္ဂဇင်း တခုဖြစ် တဲ့ Deraa Al Watan ကို ပြောထားပါတယ်။

Wall Street မဂ္ဂဇင်း သတင်းသုံးသပ်သူတဦးက ရေးတာကတော့ IS စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ မစ္စ မာရီယန်ရဲ့ အခန်းကဏ္ဍဟာ ရှင်းရှင်းလင်းလင်း မရှိဘဲ ဒါဟာ သင်္ကေတ သဘောလောက်ပဲလို့ သုံးသပ်ရေး ထားတာ လည်း တွေ့ရပါတယ်။

ဧရာဝတီ

No comments:

Post a Comment