Thursday, October 2, 2014

၅ရက်ကြာထိန်းသိမ်းခံထားရသည့် ၅လအရွယ်ကလေး ငယ်နှင့်မိခင်ဖြစ်သူ နေအိမ်ခန်းသို့ပြန်ခွင့်ရပြီ

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ် အပန်းဖြေစခန်းတည်ရှိရာ ဖူးခက်ကျွန်း ၀ချီရတ် ဆေးရုံတွင် ဆေးကုသခ ဘတ်ငွေ တစ်သိန်းကျော် မရှင်းနိုင်သဖြင့် လုံခြုံရေး တာဝန်ရှိသူများ၅ရက်ကြာ ထိန်းသိမ်း ခံထားရသည့် သားအမိ ၂ဦး ယနေ့တွင် အိမ်ပြန်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

ပန်းရံအလုပ်သမားဖြစ်သူ ကိုမင်းလွင်ဦးနှင့် မချိုဝင်းတို့၏ ၅လအရွယ် ကလေးငယ် သမီးကျမ္မာရေး မကောင်းသဖြင့် ဖူးခက်မြို့ဝချီလပ် ဆေးရုံးကြီးတွင် ဆေးကုသခဲ့သည်။ တစ်ပတ်ကြာ ဆေးဝါးကုသခ ဘတ်ငွေ တစ်သိန်းခုနစ်သောင်း အား မပေးနိုင်သဖြင့် ဆေးရုံ လုံခြုံရေးများက နေအိမ်သို့ပြန်ခွင့်မပြုခဲ့ပေ။
ယနေ့တွင် ပြန်လည်လွတ်မြောက်လာသဖြင့် ကိုမင်းလွင်ဦးက MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း အား ဖုန်းထဲမှ ကန်တော့ခဲ့သည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ ဘာမှ ပေးစရာမရှိတဲ့ ဆင်းရဲတဲ့ ပန်းရံအလုပ်သမား တစ်ယောက် ဖြစ်မှန်း အမှန်တကယ်သိသွားတာရယ်၊အခြားပေးနိုင်တဲ့အသိုင်းအ၀ိုင်းတွေလည်း မရှိတာကြောင့် နောက်ဆုံးတော့ တစ်ပြားမှ မရတဲ့အတူတူလွှတ်လိုက်တာပါ” ဟုပြောသည်။

မောင်ပေါ်ထွန်း
ရွှေလုပ်သား
Credit to ရွှေမြန်မာမီဒီယာ

No comments:

Post a Comment