Thursday, October 2, 2014

အိနိ္ဒယနိုင်ငံ မြောက်ပိုင်းတွင် ခရီးသည်တင် ရထား (၂) စင်းတိုက်၊ လူ (၁၂) ဦးခန့် သေဆုံး



အိနိ္ဒယနိုင်ငံ မြောက်ပိုင်းတွင် ခရီးသည်များ အပြည့်အသိပ် တင်ဆောင်လာသည့် ရထားနှစ်စင်း တိုက်မိမှုကြောင့် အနည်းဆုံး လူ (၁၂) ဦး သေဆုံးပြီး (၄၅) ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန မှပြောခွင့်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။
ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၌ လက်ခ်နောင်းမှ ဘာရောင်နီသို့ ဦးတည် ထွက်ခွာ လာသည့် ခရီးသည်တင် အမြန်ရထားအား အင်္ဂါနေ့ ညနေ
ပိုင်းတွင် ကရီရှက် အမြန်ရထားက နောက်မှ ၀င်ရောက် တိုက်မိခဲ့ခြင်း ဖြစ်ပြီး တိုက်မိသည့် အရှိန်ကြောင့် တွဲဆိုင်းများ လမ်းချော် တိမ်းမှောက်သွား ခဲ့ကြောင်း ပြောခွင့်ရှိသူ အနီးလ်ကူးမား ဆဲဇဲနာက ပြောဆိုခဲ့သည်။

ရှေ့ရထား၏ လမ်းကြောင်း ပြောင်းမည် ဖြစ်ကြောင်း အချက်ပြ နေမှုကို ဂရုမထားမှုဖြင့် ကရီရှက် အမြန် ရထားမောင်းသူကို ရာထူးမှ ခေတ္တ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ပြောခွင့်ရှိသူက ပြောဆိုခဲ့သည်။ ဂေါ်ရခါးပူရ မြို့နားတွင် အခင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကယ်ဆယ်ရေး သမား များသည် သံဖြတ်စက်များနှင့် အခြား ကိရိယာများကို အသုံးပြုကာ ရထားတွဲဆိုင်းများ ထဲရှိ ရုပ်အလောင်းများကို ထုတ်ယူနေပြီ ဖြစ်သည်။

လူသား၏ မှားယွင်း တွက်ချက်မှုကြောင့် ယခု ဖြစ်ရပ် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီး ဆာဒါနန်္ဒ ဂိုဒါ ကပြောဆိုခဲ့သည်။ သောကြာနေ့တွင် ဟိန္ဒူဘာသာရေး ပွဲတော် တစ်ခုကို ကျင်းပမည်ဖြစ် သောကြောင့် အိနိ္ဒယနိုင်ငံ မြောက်ပိုင်းသို့ ရထားဖြင့် သွားလာ သူများ ပြားလျက်ရှိ နေသည်။ အိနိ္ဒယနိုင်ငံ၏ ရထား ပို့ဆောင်ရေး ကွန်ရက်သည် ကျယ်ပြန့်လှပြီး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု များကြောင့် ရထား မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

The Messenger

No comments:

Post a Comment