Saturday, October 25, 2014

ရန်ကုန်မြို့တွင် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ ရိုးရာ မီးပုံး ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ….

Photo: ရန်ကုန်မြို့တွင် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ ရိုးရာ မီးပုံး ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ….
Saturday, October 25, 2014

မြန်မာလူမျိုး တို့၏ ရိုးရာလက်မှု အတတ်ပညာများကို မတိမ်ကော မပျောက်ကွယ် သွားစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ရိုးရာ မီးပုံးပွဲတော် ၂ဝ၁၄ကို ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရ သည်။

ထိုမီးပုံးပွဲတော်တွင် မြန်မာ့ရိုးရာ မီးပုံး ကျွမ်းကျင် ပညာရှင်များ၏ မီးပုံး ဒီဇိုင်းပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း၊ ဆန်ခါတင် ရွေးချယ်ခံရသော မီးပုံးဒီဇိုင်း ပြိုင်ပွဲဝင်များ၏ အနု ပညာ ဖန်တီးမှု လက်ရာများ ပြသခြင်း၊ လာရောက်ကြည့်ရှု သူများက မိမိတို့ ကြိုက်နှစ်သက်သော မီးပုံးများကို မဲပေးခြင်း၊ လူမှု အကျိုးပြု ပရဟိတ လုပ်ငန်းများသို့ လှူဒါန်းရန် မီးပုံးပြိုင်ပွဲတွင် ဆုရရှိသွားသော မီးပုံးများကို လေလံတင် ရောင်းချခြင်း အစရှိသော အစီအစဉ်များ နှင့်အတူ ကလေးငယ်များ အတွက် မီးပုံး ဆေးရောင် ခြယ်ပြိုင်ပွဲ၊ အိမ်ပြန် လက်ဆောင်အဖြစ် ယူဆောင်သွားရန် အတွက် မီးပုံးများကို ကိုယ်တိုင်ဖန်တီး ပြုလုပ်ခြင်း စသည်တို့ကိုလည်း သက်ဆိုင်ရာမှနေ၍ စီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

ထို့အပြင် ဈေးရောင်းပွဲတော်၊ မြန်မာ့ရိုးရာ အစားအစာ ပွဲဈေးတန်းများ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်သောPhoto Booth များ၊ ကလေးငယ်များအတွက် ပျော်စရာ Games အစီအစဉ်များနှင့် အခြားသော ပျော်ပွဲရွှင်ပွဲ အစီအစဉ် များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာ မီးပုံးပွဲတော်ကို လာမည့် နိုင်ဝင်ဘာ ၅ရက်နှင့် ၆ရက်တို့တွင် ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် အရှေ့မြင်းပြိုင် ကွင်းလမ်းရှိ ရွှေထွဋ်တင် ကွင်း၌ ညနေ ၄နာရီမှ ည ၁ဝနာရီအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး ဝင်ကြေး ကိုမူ ငွေကျပ်၁ဝဝဝ ကောက်ခံသွားမည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment