Wednesday, October 1, 2014

မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအသွင် အဓိကရုဏ်းကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပန်းသေးတရုတ်တစ်ဦးက စီစဉ်ခဲ့

မန္တလေးတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေးအသွင် အဓိကရုဏ်းကို တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပန်းသေးတရုတ်ဦးက စီစဉ်ခဲ့၊ ထိုစဉ်က ဆူပူ သောင်းကျန်းသူများမှာ ထိုတရုတ်၏ ရွှေလီစက်ရုံမှ ၀န်ထမ်းများဖြစ် မန္တလေးတွင် ဟာဂျီ ထွန်းထွန်းနှင့် တူတော်တူ ဆန်းဝင်းတို့ မြေကွက်ကိစ္စ ပြသနာ ဖြစ်ပွားရာမှ မြန်မာမိန်းကလေး တစ်ဦးကို အဓမ္မကျင့်ကြံသည်၊ တရားရုံး စာရေးကြီးက အမှုသည် မိန်းကလေးကို မတရားကျင့်ကြံသည်ဆိုသည့် လယ်ဆယ်တိုင်တန်းမှုများ ဖြစ်ပွားသည်။

ထို့အပြင် နောက်ဆက်တွဲ အဖြစ် ဗုဒ္ဓဘာသာဝင် တစ်ဦးနှင့် အစ္စလမ်ဘာသာဝင် တစ်ဦးဖြစ်သည့် အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးခဲ့ရသည့် ဘာသာရေး အသွင်ဆောင် အဓိကရုန်းဖြစ်ပွားပြီး မန္တလေးတွင် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ထုတ်ပြန်ခဲ့ရသည်။

ထိုဖြစ်ရပ်၏ နောက်ကွယ်မှ ဇာတ်လမ်းမှာ အများသူငါ တွေးထင်သည်ထက် ရှုတ်ထွေးဆိုးဝါးနေပြီး ၂၀၁၃၊၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များတွင် မြန်မာနိုင်ငံအတွင်း ဘာသာရေး အသွင်ဆောင်သော အဓိကရုန်းများ ဖြစ်ပွားစေရန် အကွက်ချ စီစဉ်နေသူများကို သက်ဆိုင်ရာက မကြာသေးမီက ဖမ်းဆီးရမိခဲ့သည်။

 ထို့ အပြင် ရန်ကုန်မြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် သိုလှောင်ထားသော တာမွေမြို့နယ်၊ တာမွေအ၀ိုင်းအနီး နေအိမ်မှ ပိုတက်ဆီယမ် နိုက်တြိတ် (၁၄၀)အိတ်ကို လည်းကောင်း၊ ဒဂုံစက်မှုဇုန် အတွင်း ဂိုဒေါင်တစ်ခုမှ အိတ် (၁၇၀)ကို လည်းကောင်း၊ ရန်ကုန်မြို့လယ်ရှိ အိမ်တစ်လုံးမှ ပိုတက်ဆီယမ် နိုက်တြိတ် (၂၀)အိတ်ကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ပိုတက်ဆီယမ် နိုက်တြိတ်များမှာ ဒီဇယ်ဖြင့် ရောပြီး လုံးလိုက်ပါက ပေါက်ကွဲအား ပြင်းထန်သည့် ယမ်းပျော့များ ဖြစ်သွားပြီး ရန်ကုန်မြို့ နေရာအနှံ့တွင် ဘာသာမျိုးစုံ၏ အထင်ကရ အဆောက်အဦများကို ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ် တင်သွင်းထားခြင်းဟု သိရသည်။ ထိုသို့ ဖောက်ခွဲလိုက်ခြင်းဖြင့် ဘာသာမျိုးစုံကြား စိတ်ဝမ်းကွဲပြီး သွေးချောင်းစီးစေမည့် ဖြစ်ရပ်ကို မျှော်မှန်ထားကြောင်းလည်း သိရသည်။


မန္တလေးတွင် ဖြစ်ပွားခဲ့သော အမှုမှာ ဦးလေးနှင့် တူတော်သူတို့ မြေကွက် အမွေခွဲရာမှ မကျေနပ်သဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ထိုဖြစ်စဉ်ကို အခွင့်ကောင်းယူကာ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပန်းသေး တရုတ် တစ်ဦးက သူ၏စက်ရုံတွင် အလုပ်လုပ်နေ သော ဘာသာခြားများကို မန္တလေးသို့ စေလွှတ်ပြီး ဆူပူမှုဖြစ်အောင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း မန္တလေးမြို့ခံများက အဆိုပါ ဆူပူ သောင်းကျန်းသူများကို မန္တလေးတွင် တစ်ခါမှ တွေ့မြင်ခဲ့ဘူးခြင်း မရှိကြောင်း ပြောဆိုရေးသားခဲ့ကြခြင်းလည်း ဖြစ်သည်။

ယခုအခါ ထိုအမှုကို ဖော်ထုတ်ရာမှ နောက်ကွယ်ရှိ အခြား အကြမ်းဖက် လုပ်ရပ်များကိုပါ ဖော်ထုတ် ရရှိနေပြီး သက်ဆိုင်ရာက အမှုနှင့် ပတ်သက်သူ အားလုံး ဖမ်းဆီးရမိချိန်တွင် အများပြည်သူ သိရှိရန် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်းလည်း အမည်မဖော်လိုသူ အစိုးရ အရာရှိကြီး တစ်ဦးက Tomorrowှသို့ ပြောကြားခဲ့သည်။

Tomorrow News Journal

No comments:

Post a Comment