Tuesday, October 28, 2014

အိမ်ခြံမြေငှားရမ်းခ တစ်လလျှင် ကျပ်နှစ်သိန်းအထက် ရရှိသူများကိုသာ သတ်မှတ်ထားသည့် အခွန်နှုန်းထားအတိုင်း ကောက်ခံသွားမည်

အိမ် ခြံမြေရောင်းဝယ်ငှားအခွန်ကောက် ခံမှုတွင် တစ်လလျှင် ငှားရမ်းခကျပ် နှစ်သိန်း အထက်ရရှိသူများ ကိုသာ သတ်မှတ်ထားသည့်အခွန်နှုန်းထား အတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ် ပြန်ထားသည်။

သို့ဖြစ်ရာ အိမ်ခြံမြေငှားရမ်းခ တစ်လလျှင် ကျပ်နှစ်သိန်းရရှိသူများ က အခွန်ပေးဆောင်ရန်မလိုကြောင်း သိရသည်။



ပြည်တွင်းအခွန်များဦးစီးဌာန မှညွှန်ကြားရေးမှူး ဦးမင်းထွဋ်က ''အငှားတွေကိုအခွန်ကောက်ခံဖို့ အတွက် ကလဲ ဥပဒေကရှိပြီးသားပါ၊ ပုံမှန်ဝင်ငွေရှိတဲ့သူတိုင်းအခွန်ပေးဆောင်ရမှာပါ။ ပေးဆောင်ရမယ့်သူ တွေအတွက် အဆင်ပြေအောင် ရရှိ တဲ့ ဝင်ငွေပေါ် ခုနှိမ်ခွင့်တွေပေးထား ပြီးမှအငှားခွန်ကို ပေးဆောင်ရမှာ ပါ''ဟုပြောသည်။

မြေ၊ အဆောက်အအုံ ပစ္စည်းပိုင် ရှင်၊ ငှားရမ်းသူနှင့် သတင်းအချက် အလက် ရရှိထားသူ မည်သူမဆိုမြေ၊ အဆောက်အအုံငှားရမ်းမှုဆိုင်ရာ သတင်းအချက်အလက်များကိုအ ခြေပစ္စည်း တည်ရှိရာ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးသို့ ပေးပို့ရန် ထုတ်ပြန် ထားသည်။

အခွန်ပေးဆောင်ရမည့် သူများ အနေဖြင့် မြေသို့မဟုတ်၊ မြေနှင့် အဆောက်အအုံငှားရမ်းခြင်းမှရ ရှိသော ဝင်ငွေအတွက် ပစ္စည်းခေါင်း စဉ်ဖြင့်အခွန်ထမ်းဆောင်ရမည်ဖြစ် ပြီး၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ငှားရမ်းသောမြေ၊ အဆောက်အအုံ တစ်ခုလုံးကိုငှားရမ်းမှုတွင်စီးပွား ရေး လုပ်ငန်းဝင်ငွေခွန်ခေါင်းစဉ်ဖြင့် အခွန်စည်းကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူးဦးမင်းထွဋ် က ''အခွန်ထမ်းပြည်သူတွေကို ဝန် ထုပ်ဝန်ပိုးမဖြစ်စေဖို့အတွက် အသစ် ပြန်လည်ပြင်ဆင်တဲ့ ပြည်ထောင် စုအခွန်အကောက် ဥပဒေထဲမှာသက် သာတဲ့နှုန်းတွေကို ပြန်လည်ပြင် ပေးထားပါတယ်''ဟုပြောသည်။

ငှားရမ်းခြင်းပေါ်တွင်အခွန် ကောက်ခံနိုင်ရန်အတွက် ခွင့်ပြု သည့်စရိတ်များနှင့်ခွင့်မပြုသည့်စ ရိတ်များ သတ်မှတ်ပြီး ကောက်ခံ သွားမည်ဖြစ်ကြောင်းသိရသည်။

မိဘမေတ္တာအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ အထွေထွေမန်နေ ဂျာဦးမင်းချိုဦးက'' အခွန်က လူတိုင်း ပေးဆောင်ရမယ်ဆိုတာ ဟုတ်ပါတယ်။ ခုနှိမ်ခွင့်တွေနုတ်ပြီးမှဆောင်ရမယ် ဆိုရင်နိုင်ငံခြားသားတွေကို ငှားရမ်းထားတဲ့ သူတွေဆီက အခွန်ငွေတွေ ရနိုင်မယ်ထင်ပါတယ်''ဟု ပြောသည်။

ပြည်ထောင်စုအခွန်အကောက် ဥပဒေပုဒ်မ ၆အရတစ်ဦးချင်းပုဂ္ဂိုလ် ဖြစ်ပါက သက်သာခွင့်များ နုတ်ယူပြီး၊ အခွန်စည်းကြပ်ရန်အတွက်ဝင်ငွေပေါ်တွင် ပြည်ထောင်စုအခွန်အကောက် ဥပဒေပုဒ်မ ၂၂အရ သတ်မှတ် ထားသည့် အခွန်နှုန်းအတိုင်း ပေးဆောင် ရမည်ဖြစ်ပြီး၊ အငှားအခွန်နှုန်းထား ကို ၅ ရာခိုင်နှုန်းမှ၂၅ ရာခိုင်နှုန်းအထိ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်အတွက် အခွန် ကောက်ခံမှုကို ကျပ်ဘီလီယံ လေး ထောင်ကျော်ရရှိမည်ဟု ဘဏ္ဍာ အခွန် ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး လက် ရှိတွင်ကျပ်ဘီလီယံ၁၈ဝဝ ကျော်ရရှိထားပြီးဖြစ်ကြောင်းပြည်တွင်း အခွန်များ ဦးစီးဌာနမှသိရသည်။

Yangon Media Group

No comments:

Post a Comment