Friday, October 3, 2014

ဖခင်ဖြစ်သူမှ ရိုက်နှက်၍ သားဖြစ်သူ သေဆုံးခဲ့ရသည့်ဖြစ်စဉ် ပုလဲမြို့နယ်တွင် ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်၊ အေးချမ်းသာကျေးရွာတွင် အောက်တိုလာ ၁ ရက်နေ့ည ပိုင်းက ဖခင်ဖြစ်သူမှသားဖြစ်သူအား တောင်ဝှေးဖြင့် ရိုက်နှက်ခဲ့ရာတွင် သားဖြစ်သူသေဆုံး သွားခဲ့သည်။
ထို့ကြောင့် အေးချမ်းသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်တင်မှ လဲကန်ရဲကင်းစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့သည်။ ထို့နောက် လူသေဆုံးရာအရပ်သို့ ရဲကင်းစခန်းမှူး ဒုရဲအုပ် ချစ်ဆန်းမောင်နှင့် အဖွဲ့သည် သွားရောက်၍ စစ်ဆေးခဲ့ကြသည်။

ထိုသူတို့၏ စစ်ဆေးပေါ်ချက်များအရ အဆိုပါကျေးရွာနေ ကိုဟန်ထွန်း အသက်(၃၀)နှစ်ဆိုသူသည် ၎င်း၏ညီမ ဖြစ်သူ၏ လုပ်အားခငွေများဖြင့် မိသားစု စာားသောက်ရန် ၀ယ်ယူစုဆောင်းထားသည့် ဆန်အိတ်အား အရက် ဖြင့် လဲလယ်၍ သောက်သုံးရန်ပြုလုပ်နေစဉ် ဖခင်ဖြစ်သူမှ ဟန့်တားခဲ့ရာ ထိုသူက ၎င်း၏ ဖခင်ကိုင်ဆောင်သော တောင်ဝှးအား လုယူ၍ ဖခင်၏ကျောတွင်ရိုက်နှက်ခဲ့သည်။

ထိုအချိန်တွင် ဖခင်ဖြစ်သူမှ တောင်ဝှေးအား ပြန်လည်ရယူလုကာ သားဖြစ်သူကို ရိုက်နှက်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် သားဖြစ်သူ ကိုဟန်ထွန်းမှာ နေအိမ်လှေကားရင်းတွင် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပုလဲမြို့မရဲစခန်းက အမှုကြီးဖြစ်စဉ်အမှတ် ၄/၂၀၁၄(ပ) ၁၇၅/၂၀၁၄ ပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်ထားကြောင်း တိုင်ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

သတင်း၊ ကိုတိုးကြီး
Credit to ရွှေမြန်မာမီဒီယာ

No comments:

Post a Comment