Friday, October 24, 2014

အကြမ်းဖက်မှုများအပေါ် မြန်မာအစိုးရ၏ တုံ့ပြန်ပုံ အမေရိကန်အကြံပေးအဖွဲ့ ဝေဖန်

ဝါရှင်တန်- ရခိုင်ပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှု ပြဿနာများကို မြန်မာအစိုးရ၏ တုံ့ပြန် စီမံခန့်ခွဲနေပုံနှင့် နိုင်ငံတစ်ဝန်းရှိ ဘာသာရေး အကြမ်းဖက်မှုများလှုံ့ဆော်နေသူများတွင် အနည်း ငယ်သာ အရေးယူနေသည်ဟု အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီ အခြေစိုက်အကြံပေးပညာရှင်သု  တေသန အဖွဲ့တစ်ခုက ဝေဖန် လိုက်သည်။
အဆိုပါဝေဖန်မှုများမှာ နှစ် ပေါင်းများစွာ စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီစနစ်သို့  အပြောင်းအလဲ စတင်ပြီး သုံးနှစ်အကြာ မြန်မာနိုင်ငံအတွင်း အခြေအနေများကို မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှု စင်တာ (CSIS) မှ စုပေါင်းခြုံငုံသုံးသပ်ထားသည့် လေ့လာမှုထွက်ပေါ် လာခြင်းဖြစ် သည်။



အမေရိကန်သမ္မတအိုဘား မားအထိ ပေါက်ရောက်သော အ ဆိုပါပညာရှင်အဖွဲ့သည် မြန်မာ နိုင်ငံသို့ သြဂုတ်လအတွင်းက သွားရောက်လေ့လာကာ အောက်တိုဘာ ၂၂ ရက်တွင် ယင်းအစီ ရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများအပေါ် အမေရိ ကန်နိုင်ငံ၏ ထောက်ခံအားပေးမှု ကို သမ္မတအိုဘားမားက ၎င်းအစိုး ရအဖွဲ့၏ နိုင်ငံခြားရေး မူဝါဒ အောင်မြင်မှုဟု ယူဆတွက်ချက် ထားသည်။ မြန်မာနိုင်ငံတွင် လာ မည့် နိုဝင်ဘာ၌ ကျင်းပမည့် အရှေ့တောင်အာရှ ထိပ်သီး အစည်းအဝေးကို သမ္မတအိုဘား မားက ဒုတိယအကြိမ် ခရီးစဉ်အဖြစ် တက်ရောက်မည်ဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် အရှိန်မြှင့်ခြင်းအပါအ၀င် မြန်မာ နိုင်ငံ၌ တိုးတက်မှုမျှော်လင့်ချက် အရိပ်အယောင်များကိုလည်း ထောက်ပြခဲ့သည်။ ထို့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးအတွက် အလားအလာများ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်မှုများနှင့် အလားအလာ ကောင်းသော စီးပွားရေးပြုပြင် ပြောင်းလဲမှုများကိုလည်း ကိုးကားထောက်ပြခဲ့သည်။

သို့သော်လည်းအဆိုပါအစီ ရင်ခံစာက မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုအာဏာသည် စစ်တပ်၏ အလိုကျသာ ဖြစ်နေသည့် အတွက် အဓိကကျသော နိုင်ငံရေး ပြောင်းလဲတိုးတက်မှုများကို နှောင့်နှေးစေသည်ဟု ဆိုသည်။

ထိုအချက်သည် သမ္မတဦး သိန်းစိန်၏ မဟာမိတ်၊ ပြုပြင် ပြောင်းလဲရေးလုပ်လိုသူများနှင့်  တစ်သက်လုံးရလာသော အခွင့် အရေးများ စွန့်လွှတ်ဆုံးရှုံးမည် ကို စိုးရိမ်နေသော စစ်ဗိုလ်ချုပ် များအကြားက အားပြိုင်မှုများ၏ သက်ရောက်မှုဟုဆိုသည်။

‘‘အခု လက်ရှိအစိုးရသက် တမ်းကုန်မယ့် ၂၀၁၆ ဧပြီလ အထိ စစ်တပ်ရဲ့သြဇာအာဏာ လွှမ်းမိုးမှုက သိသိသာသာပျောက် ကွယ်သွားမလားဆိုတာ အခုထိ မပြတ်သားသေးဘူး’’ဟုဆိုသည်။

ထို့အပြင်ရခိုင်ဒေသရှိ နိုင်ငံ အတည်တကျမရှိသည့် ဘင်္ဂါလီများမှာလည်း လူ့အခွင့်အရေးချိုး ဖောက်မှုများကို ခံစားနေရသည်ဟုဆိုသည်။ နိုင်ငံတကာအဖွဲ့အစည်းများကိုမောင်းထုတ်ခြင်း ဖြင့် အကြမ်းဖက်မှုများပိုမိုဆိုး ရွားလာစေပြီး မြန်မာအစိုးရသည် လပေါင်းများစွာ အုပ်ချုပ်သူတို့၏ တာဝန်များကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ဟုဆိုသည်။

ရခိုင်ဒေသ အခြေအနေနှင့် ပတ်သက်၍ ဖြေရှင်းရန် နိုင်ငံ သားဖြစ်ခွင့်ပေးခြင်း၊ ပြန်လည် နေရာချထားခြင်းဖြင့် အစိုးရက ဆောင်ရွက်နေသော်လည်း ထို ပြဿနာက ဆက်ရှိနေဦးမည်ဟု ဆိုသည်။

ပြီးခဲ့သည့် သုံးနှစ်အတွင်း အမေရိကန် ပြည်ထောင်စုက အနောက်နိုင်ငံများကို မြန်မာနှင့် ပြန်လည်စေ့စပ်ပြီး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် ဦးဆောင်တိုက်တွန်း ခဲ့သည်။ မြန်မာ၏ ပြုပြင်ပြောင်း လဲမှုများနှင့် ပတ်သက်၍ အမေရိ ကန်လွှတ်တော်က စိုးရိမ်မှုများရှိ နေသော်လည်း အဆိုပါအကြံပေး ပညာရှင်အုပ်စု၏ အစီရင်ခံစာ တွင် အမေရိကန်ကို မြန်မာနှင့် စေ့စပ်ညှိနှိုင်းမှုများဆက်လက်ပြု လုပ်ရန် တိုက်တွန်းထားသည်။

ထို့အပြင်ဆေးယဉ်ပါးငှက်ဖျားရောဂါတိုက်ဖျက်ရေးအပါ အ၀င် မြန်မာနိုင်ငံအား ကျန်းမာရေးအကူအညီ များကို အမေရိ ကန်က နှစ်ဆတိုးရန်နှင့် မြန်မာစစ်တပ်နှင့် စစ်ရေးအကန့်အသတ် ဖြင့် ပူးပေါင်းမှုကို ထိန်းသိမ်းလုပ် ဆောင်ရန်လည်း တောင်းဆိုထား သည်။ သို့သော် လာမည့်ရွေး ကောက်ပွဲတွင် မြန်မာစစ်တပ်က ၀င်မစွက်ကြောင်း မသေချာ၊မရှင်းလင်းသေးသမျှ အဆိုပါဆောင်ရွက် မှုများ တိုးချဲ့ခြင်းမပြုလုပ်သင့်ကြောင်း ပြောကြား ထားသည်။       (ကိုးကားအေပီ)

7 Day Daily

No comments:

Post a Comment