Friday, October 24, 2014

တရုတ်တွင် ရာဇ၀တ်သား ရှစ်ဦးနှင့် စီရင်ချက်မချရသေးသူ ၁၆ ဦးကို လူအများရှေ့တွင် တန်းစီပြသ


Photo: တရုတ်တွင် ရာဇ၀တ်သား ရှစ်ဦးနှင့် စီရင်ချက်မချရသေးသူ ၁၆ ဦးကို လူအများရှေ့တွင် တန်းစီပြသ 
=======================================

Friday, October 24, 2014

တရုတ် အာဏာပိုင်များက ရာဇ၀တ်သား ရှစ်ဦးနှင့် စီရင်ချက် မချရသေးသူ ၁၆ ဦးတို့အား ကြည့်ရှုသူ ၅၀၀၀ ခန့် ရှိခဲ့သည့် လူမြင်ကွင်းရှေ့တွင် တန်းစီ လှည့်လည်စေခဲ့ခြင်းသည် အတိတ်ကာလ၏ ယဉ်ကျေးမှုတော်လှန်ရေး ကာလကို အမှတ်ရစေကြောင်း နိုင်ငံပိုင် ဂလိုဘယ်လ်တိုင်းမ်းသတင်းစာတွင် အောက်တိုဘာ ၂၃ ရက်က ဖော်ပြခဲ့သည်။“အခုလို လုပ်ဆောင်မှုအပေါ် ပြည်သူတွေက ပြင်းထန်တဲ့ ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လူပုံအလယ်မှ အပြစ်ကို ဖော်ထုတ်ခြင်းဟု ၁၉၆၆ နဲ့ ၁၉၇၆ ခုနှစ်အကြား ယဉ်ကျေးမှု တော်လှန်ရေးကာလရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ပြန်လည်ဖြစ်ပေါ်စေပြီး သမ္မတရှီကျင်းပင် ပြောကြားနေသည့် တရားဥပဒေစိုးမိုးရေး ရည်မှန်းချက်နဲ့ ဆန့်ကျင်ပါတယ်" ဟု အဆိုပါ သတင်းစာတွင် ဖော်ပြခဲ့သည်။

နိုင်ငံအလယ်ပိုင်း ဟန်နန်ပြည်နယ် ဟွာရွန်မြို့တွင် တရားရင်ဆိုင်နေဆဲဖြစ်သည့် လူ ၁၆ ဦးကို စီတန်းခေါ်ဆောင်လာပြီးနောက် တရားရေးအရာရှိများက ၎င်းတို့ကို တရားရုံးအတွင်း စစ်ဆေးကြားနာခဲ့ကြကြောင်း ဂလိုဘယ်လ်တိုင်းမ်သတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့နောက် ၎င်းတို့ကို မြို့တွင်းသို့ အမိုးဖွင့်ထရပ်ကားများဖြင့် ခေါ်ဆောင်ပြီး "လူဆိုးသူခိုးများကို ပြင်းပြင်းထန်ထန်အပြစ်ပေးသည်" စာချိတ်ဆွဲကာ လှည့်လည်ခဲ့သည့် ပုံများကို တရုတ်အစိုးရ၏ Sina.com တွင် ဖော်ပြခဲ့သည်။

လေးကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးဟု အမည်ပေးထားသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးပွဲတွင် တရားဥပဒေစိုးမိုးရေးအတွက် အဓိကထား လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်။

တရုတ်အစိုးရသည် မေလအတွင်းကလည်း မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံတောင်ပိုင်း ရှင်ကျန်းဒေသရှိ အားကစားရုံတစ်ခုတွင် ပြစ်မှုကျူးလွန်သူများကို လူမြင်ကွင်းတွင် တရားစီရင်ခဲ့ပြီး လူအုပ်အတွင်း တရားခံများကို လှည့်လည်စေခဲ့သည်။

အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ  ကျင်းပခဲ့သည့် လေးကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင်  ကွန်မြူနစ်ပါတီမှ ဗဟိုကော်မတီဝင် ၂၀၅ ဦးနှင့် အရန်ပါတီဝင် ၁၇၀ ဦးတို့အပြင် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်အပါအ၀င် အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပအတ်အတွင်းက လူအများရှေ့မှောက်တွင် တန်းစီလှည့်စေခဲ့သည့် တရားခံများသည် မူးယစ်ဆေး၊ လူသတ်မှုနှင့် ခိုးမှုကျူးလွန်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ရပ်နှင့်ပတ်သက်၍ အစိုးရအရာရှိတစ်ဦးက "အခုလိုအပြစ်ပေးတာဟာ ထုံးတမ်းစဉ်လာလို ဖြစ်နေပါပြီ။ ကျွန်တော်ငယ်ငယ်တုန်းကဆိုရင် ပြစ်ဒဏ်ကျူးလွန်တဲ့သူတွေကို အခုလို လူမြင်ကွင်းမှာ တန်းစီလျှောက်ခိုင်းခဲ့ပါတယ်။ အဲဒီတုန်းက လူတစ်သောင်းလောက်ရှိခဲ့တယ်" ဟု ပြောကြားသည်။

ကမ္ဘာတွင် သေဒဏ်ချမှတ်မှု အများဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်အတွင်းက လူပေါင်း ၂,၄၀၀ ကို သေဒဏ်ချမှတ်ထားခဲ့သည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ခုက အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ပြောကြားလိုက်သည်။

သို့ရာတွင် ယင်း အရေအတွက်သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ပြီး ၂၀၀၂ ခုနှစ်က သေဒဏ်ချမှတ်ခံရသူ ဦးရေ ၁၂,၀၀၀ နှင့် နှိုင်းယှဉ်လျင် အနည်းငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ခဲ့သည်ဟု အဆိုပါ ဒူဟွားဖောင်ဒေးရှင်း
လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

တရုတ်အာဏာပိုင်များသည် နောက်ပိုင်းနှစ်များတွင် နိုင်ငံ၌ သေဒဏ်ချမှတ်မှုများကို လုပ်ဆောင်မှုပိုင်းတွင် နည်းပါးလာခြင်းနင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း လက်ရှိအချိန်တွင် ယင်းနိုင်ငံတွင် အခြားသောနိုင်ငံများထက် သေဒဏ်ချမှတ်မှုအရေအတွက် များပြားနေဆဲပင်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမဟုတ်သည့် အခြားသောနိုင်ငံများတွင် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၇၇၈ ဦး ရှိခဲ့သည်ဟု ယခုနှစ် အစောပိုင်းက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တစ်ခု၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mizzima

တရုတ် အာဏာပိုင်များက ရာဇ၀တ်သား ရှစ်ဦးနှင့် စီရင်ချက် မချရသေးသူ ၁၆ ဦးတို့အား ကြည့်ရှုသူ ၅၀၀၀ ခန့် ရှိခဲ့သည့် လူမြင်ကွင်းရှေ့တွင် တန်းစီ လှည့်လည်စေခဲ့ခြင်းသည် အတိတ်ကာလ၏ ယဉ်ကျေးမှုတော်လှန်ရေး ကာလကို အမှတ်ရစေကြောင်း နိုင်ငံပိုင် ဂလိုဘယ်လ်တိုင်းမ်းသတင်းစာတွင် အောက်တိုဘာ ၂၃ ရက်က ဖော်ပြခဲ့သည်။“အခုလို လုပ်ဆောင်မှုအပေါ် ပြည်သူတွေက ပြင်းထန်တဲ့ ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လူပုံ အလယ်မှ အပြစ်ကို ဖော်ထုတ်ခြင်းဟု ၁၉၆၆ နဲ့ ၁၉၇၆ ခုနှစ်အကြား ယဉ်ကျေးမှု တော်လှန်ရေးကာလရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ပြန်လည်ဖြစ်ပေါ်စေပြီး သမ္မတရှီကျင်းပင် ပြောကြားနေသည့် တရားဥပဒေစိုးမိုးရေး ရည်မှန်းချက်နဲ့ ဆန့်ကျင်ပါတယ်" ဟု အဆိုပါ သတင်းစာတွင် ဖော်ပြခဲ့သည်။

နိုင်ငံအလယ်ပိုင်း ဟန်နန်ပြည်နယ် ဟွာရွန်မြို့တွင် တရားရင်ဆိုင်နေဆဲဖြစ်သည့် လူ ၁၆ ဦးကို စီတန်းခေါ်ဆောင်လာပြီးနောက် တရားရေးအရာရှိများက ၎င်းတို့ကို တရားရုံးအတွင်း စစ်ဆေးကြားနာခဲ့ကြကြောင်း ဂလိုဘယ်လ်တိုင်းမ်သတင်းစာတွင် ဖော်ပြခဲ့သည်။

ထို့နောက် ၎င်းတို့ကို မြို့တွင်းသို့ အမိုးဖွင့်ထရပ်ကားများဖြင့် ခေါ်ဆောင်ပြီး "လူဆိုးသူခိုးများကို ပြင်းပြင်းထန်ထန်အပြစ်ပေးသည်" စာချိတ်ဆွဲကာ လှည့်လည်ခဲ့သည့် ပုံများကို တရုတ်အစိုးရ၏ Sina.com တွင် ဖော်ပြခဲ့သည်။

လေးကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးဟု အမည်ပေးထားသည့် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးပွဲတွင် တရားဥပဒေစိုးမိုးရေးအတွက် အဓိကထား လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြသည်။

တရုတ်အစိုးရသည် မေလအတွင်းကလည်း မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံတောင်ပိုင်း ရှင်ကျန်းဒေသရှိ အားကစားရုံတစ်ခုတွင် ပြစ်မှုကျူးလွန်သူများကို လူမြင်ကွင်းတွင် တရားစီရင်ခဲ့ပြီး လူအုပ်အတွင်း တရားခံများကို လှည့်လည်စေခဲ့သည်။

အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် လေးကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် ကွန်မြူနစ်ပါတီမှ ဗဟိုကော်မတီဝင် ၂၀၅ ဦးနှင့် အရန်ပါတီဝင် ၁၇၀ ဦးတို့အပြင် စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင်အပါအ၀င် အခြားအဖွဲ့အစည်းများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပအတ်အတွင်းက လူအများရှေ့မှောက်တွင် တန်းစီလှည့်စေခဲ့သည့် တရားခံများသည် မူးယစ်ဆေး၊ လူသတ်မှုနှင့် ခိုးမှုကျူးလွန်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ရပ်နှင့်ပတ်သက်၍ အစိုးရအရာရှိတစ်ဦးက "အခုလိုအပြစ်ပေးတာဟာ ထုံးတမ်းစဉ်လာလို ဖြစ်နေပါပြီ။ ကျွန်တော်ငယ်ငယ်တုန်းကဆိုရင် ပြစ်ဒဏ်ကျူးလွန်တဲ့သူတွေကို အခုလို လူမြင်ကွင်းမှာ တန်းစီလျှောက်ခိုင်းခဲ့ပါတယ်။ အဲဒီတုန်းက လူတစ်သောင်းလောက်ရှိခဲ့တယ်" ဟု ပြောကြားသည်။

ကမ္ဘာတွင် သေဒဏ်ချမှတ်မှု အများဆုံးနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ်အတွင်းက လူပေါင်း ၂,၄၀၀ ကို သေဒဏ်ချမှတ်ထားခဲ့သည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့တစ်ခုက အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ပြောကြားလိုက်သည်။

သို့ရာတွင် ယင်း အရေအတွက်သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်ပြီး ၂၀၀၂ ခုနှစ်က သေဒဏ်ချမှတ်ခံရသူ ဦးရေ ၁၂,၀၀၀ နှင့် နှိုင်းယှဉ်လျင် အနည်းငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ခဲ့သည်ဟု အဆိုပါ ဒူဟွားဖောင်ဒေးရှင်း
လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

တရုတ်အာဏာပိုင်များသည် နောက်ပိုင်းနှစ်များတွင် နိုင်ငံ၌ သေဒဏ်ချမှတ်မှုများကို လုပ်ဆောင်မှုပိုင်းတွင် နည်းပါးလာခြင်းနင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း လက်ရှိအချိန်တွင် ယင်းနိုင်ငံတွင် အခြားသောနိုင်ငံများထက် သေဒဏ်ချမှတ်မှုအရေအတွက် များပြားနေဆဲပင်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမဟုတ်သည့် အခြားသောနိုင်ငံများတွင် သေဒဏ်ချမှတ်ခံရသူ စုစုပေါင်း ၇၇၈ ဦး ရှိခဲ့သည်ဟု ယခုနှစ် အစောပိုင်းက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တစ်ခု၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Mizzima

No comments:

Post a Comment