Monday, October 6, 2014

ထိုင်း-မြန်မာလက်ဝှေ့စိန်ခေါ်ပွဲ သိမ်ဖြူအားကစားခန်းမတွင် ကျင်းပမည်

မြန်မာနိုင်ငံရိုးရာလက် ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ထိုင်း-မြန်မာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို အောက်တိုဘာ ၁၂ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသွား မည်ဖြစ်သည်။
မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် ရွှေခါးပတ်ချန်ပီယံ နှင့် ဒဂုံရွှေအောင်လံဆုရှင်စိုးလင်း ဦး(ဒို့ရိုးရာ)နှင့်ထိုင်းမွေလက်ဝှေ့ ချန်ပီယံ (Pestanguan)တို့ ယှဉ် ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ ထိုင်းမွေလက်ဝှေ့သမားမှာ ၂၀၁၀ ပြည့်နှစ်က ရန်ဆက်နိုင်(တောင်ကလေး)နှင့် ယှဉ်ပြိုင် ထိုးသတ်ခဲ့ဖူး သည့် လက်ဝှေ့သမားတစ်ဦးဖြစ် ပြီးအဆိုပါပွဲစဉ်တွင် သရေရလဒ် ဖြင့်သာပြီးဆုံးခဲ့သည်။

ယင်းပွဲတွင် အခြားစိန်ခေါ်ပွဲများအဖြစ် ပြည်နယ်နှင့်တိုင်းရွှေခါးပတ်ချန်ပီယံဂေါ်မူတိုနှင့် မွေထိုင်းချန်ပီယံThanwalek တို့ ငါးချီစိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်ပြီး ရွှေခါးပတ်ချန်ပီယံနှင့် ဒဂုံအောင်လံဆုရှင်သတ္တိအောင်နှင့် Thitpetchi၊ ဖိုးလပြည့်နှင့် Searတို့ပွဲစဉ်နှင့် မိုက်ရိုင်းနှင့် Anuchitတို့ပွဲစဉ်များ ပါဝင်မည်ဖြစ်ကာ အခြားစိန်ခေါ်ပွဲ များလည်း ပါဝင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အခုလက်ရှိ စပွန်ဆာမရှိ သေးလို့  ရုပ်သံမှာပြဖို့အတွက် မစီ စဉ်ရသေးဘူး။ စပွန်ဆာလာရင် တော့ ရုပ်သံကတိုက်ရိုက်ပြသ သွားဖို့ရှိတယ်’’ဟု ပွဲစီစဉ်သူတာ ၀န်ရှိသူတစ်ဦးကပြောသည်။

ဇူလိုင်လအတွင်းကပထမ အကြိမ် မြန်မာနှင့်ထိုင်းရိုးရာလက် ဝှေ့စိန်ခေါ်ပွဲ ဆယ်ပွဲယှဉ်ပြိုင်ထိုး သတ်ခဲ့ပြီး မြန်မာ့ရိုးရာလက်ဝှေ့ သမားများက သုံးပွဲနိုင်၊ ထိုင်းက စားသမားက တစ်ပွဲနိုင်နှင့် ကျန် ခြောက်ပွဲမှာ သရေရလဒ်ထွက် ပေါ်ခဲ့သည်။

7Day DAILY

No comments:

Post a Comment