Monday, October 6, 2014

ဟောင်ကောင်ဆန္ဒပြပွဲ နိုင်ငံပိုင်မီဒီယာ၏ ရေးသားဖော်ပြမှု ပြန်ကြားရေး ၀န်ကြီးရှင်း

ဟောင်ကောင်ကျောင်း သားများဆန္ဒပြပွဲသတင်းကို နိုင်ငံ ပိုင်ကြေးမုံ သတင်းစာ တွင်ဖော်ပြ လိုက်ခြင်းနှင့် ပတ်သက်၍ ပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ၎င်း ၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက် နှာ၌ ရှင်းလင်းထားသည်။
နိုင်ငံတကာ မီဒီယာ စာမျက်နှာများတွင် ဟောင်ကောင် ကျောင်းသားဆန္ဒပြပွဲ သတင်းများ အကျယ်တ၀င့် ရေးသားဖော်ပြနေချိန်၌ မြန်မာနိုင်ငံ အစိုးရသတင်း စာက အဆိုပါသတင်းရေး သားဖော်ပြခြင်းမရှိသေးကြောင်း ဗီအိုအေသတင်းဌာန ကအောက် တိုဘာ ၁ရက်တွင်ထောက်ပြရေး သားခဲ့သည်။ ထိုသို့ရေးသားပြီး လေးရက် အကြာ အောက်တိုဘာ ၅ ရက်တွင် နိုင်ငံပိုင်ကြေးမုံ သတင်းစာ၌ ဟောင် ကောင်ကျောင်းသားများ ဆန္ဒပြပွဲ သတင်းကိုရေးသားဖော်ပြခဲ့သည်။

ယင်းနေ့တွင်ပင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားဖော်ပြရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းထား သည်။ ‘‘ဟောင်ကောင်မှာဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီးဌာနက နိုင်ငံပိုင်သတင်းစာများကို တာဝန်ခံ ထုတ်ဝေနေ တဲ့ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းကို ဟောင်ကောင်မှာ ဖြစ်ပေါ်နေတဲ့ဆန္ဒပြမှုများဟာ တရုတ် ပြည်သူ့သမ္မတနိုင်ငံရဲ့ပြည်တွင်းရေး ကိစ္စသာဖြစ်တယ်။ ဒါပေမဲ့ ဒီအခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းက စာဖတ်ပရိသတ်များကလည်း စိတ်ဝင်စားနေတဲ့အတွက် သတင်းဖော်ပြပေး ဖို့ တာဝန်ရှိလာပြီဖြစ်တယ်။ ဒါကြောင့် မြန်မာ့အလင်းနဲ့ ကြေးမုံမှာ သတင်းဖော်ပြပေးပါ။သို့သော် သတင်းဖော်ပြချက်များ ဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ရာမကျအောင်စောင့်ထိန်းရမယ်။ စာနယ်ဇင်း ကျင့်ဝတ် အတိုင်း နှစ်ဖက် ဖြစ်ပေါ်နေတဲ့ အခြေအနေများကိုလည်း စာဖတ်ပရိသတ်သိနိုင်အောင် ချင့်ချိန်ဖော်ပြပေးရမယ်ဆိုပြီး အောက်တိုဘာလ ၂ ရက်နေ့မှာ အခြေခံမူတစ်ခု ချပေးခဲ့ပါတယ်’’ ဟု ပြန်ကြားရေးဝန်ကြီးဦး ရဲထွဋ်ကရှင်းလင်းထားသည်။

7Day Daily

No comments:

Post a Comment