Sunday, October 5, 2014

ဒီချုပ်နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်း၍ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း

နိုင်ငံရေးပြဿနာများကို အတူတကွ ဖြေရှင်းရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တိုင်းရင်းသားပါတီများ ပူး ပေါင်း၍ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို အောက်တိုဘာ ၄ ရက်တွင် ဖွဲ့စည်းလိုက် သည်။
မဟာမိတ်တိုင်းရင်းသား နိုင်ငံရေးပါတီများ အချင်းချင်း အပြန်အလှန်ဆက်စပ်မှု ရှိရှိ ပူး ပေါင်းဆောင်ရွက်နိုင်ရန်၊ နိုင်ငံ ရေးပြဿနာများ အတူတကွ ညှိနှိုင်းဖြေရှင်းမှု ပုံစံဖြင့် ဆောင်ရွက်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တစ်ရပ်ပေါ်ပေါက်လာရေး အတွက် ဆောင်ရွက်ရန် တိုင်းရင်းသား မဟာမိတ်နိုင်ငံရေးပါတီများလုပ်ငန်းအဖွဲ့ (EAPP: Ethnic Alliance Political Working Group) ကို ဖွဲ့စည်း လိုက်ခြင်းဖြစ်သည်။

‘‘အဓိကက ကျွန်တော်တို့အ နေနဲ့ တခြားပါတီတွေနဲ့ နီးနီးကပ် ကပ်ပိုထိတွေ့မယ်။ နောက် ပူး ပေါင်းဆောင်ရွက်မှုတွေကို မြှင့် တင်သွား မယ်။ နိုင်ငံရေးပြဿ နာတွေကို ပူးပေါင်းဖြေရှင်းကြမှာ ပါ’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင် ဦး ထွန်းထွန်းဟိန်ကပြော သည်။

ယင်းသို့ တိုင်းရင်းသား မ ဟာမိတ်နိုင်ငံရေးပါတီများလုပ် ငန်းအဖွဲ့ ဖွဲ့စည်းရေးအတွက် ပြီး ခဲ့သည့် စက်တင်ဘာ ၆ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ရုံးချုပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်တိုင်းရင်းသားနိုင်ငံရေးပါတီများတွေ့ဆုံကာ ဆုံးဖြတ်ချက် တစ်ရပ် ကို ချမှတ်ထားခြင်းလည်းဖြစ်သည်။

တိုင်းရင်းသားမဟာမိတ် နိုင်ငံရေးပါတီများလုပ်ငန်းအဖွဲ့ သည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ် ငန်းစဉ်များ၊ ပြည် တွင်းငြိမ်း ချမ်း ရေးလုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်သည်။

တိုင်းရင်းသားမဟာမိတ် နိုင်ငံရေးပါတီများလုပ်ငန်းအဖွဲ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက် တစ်ပါတီ၊ ဇိုမီးဒီမို ကရေစီ အဖွဲ့ ချုပ်၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းတိုးတက်ရေးပါတီ၊ မွန် အမျိုးသားပါတီ၊ ကမန်အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့တို့ ပါဝင်ကြသည်။

7Day DAILY

No comments:

Post a Comment