Sunday, October 5, 2014

ကရင်လွှတ်တော်အမတ်များနှင့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

ကရင်ပြည်နယ် ငြိမ်း ချမ်းရေးအတွက် ကရင်တိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ် များနှင့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီတို့ ပူး ပေါင်းဆောင်ရွက်ကြရန် အောက်တိုဘာ ၄ ရက်တွင် တွေ့ဆုံသဘောတူညီ ခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၄ ရက်တွင် တောင်ငူမြို့၌ ကရင်စည်းလုံးရေး နှင့် ငြိမ်းချမ်းရေး ကော်မတီနှင့် ကရင်တိုင်းရင်းသားနိုင်ငံရေးပါ တီများမှ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးတို့တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု ယင်းကော်မတီမှ သဘာပတိအဖွဲ့ဝင်  မန်းအောင်ပြည့်စိုးကပြော သည်။

 ကရင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးအတွက် ပိုမို ဆောင်ရွက်သွား ရန်နှင့် ငြိမ်း ချမ်း ရေးအတွက် အခက်အခဲမည်မျှ ပင်ရှိပါစေ ဆက်လက် ဆောင်ရွက် သွားမည်ဟု တွေ့ဆုံပွဲတွင်ဆွေး နွေးခဲ့ကြသည်ဟု ၎င်းကဆိုသည်။

ကရင်တိုင်းရင်းသားလွှတ် တော်ကိုယ်စားလှယ်များသည် ပြည်တွင်းငြိမ်းချမ်း ရေးနှင့် ကရင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် လွှတ်တော်နိုင်ငံရေး လမ်းကြောင်းမှ ဆက်လက်ဆောင်ရွက်သွားကြမည်ဟု ဖလုံ - စဝေါ်ဒီမိုကရက် တစ် ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးစောသိန်းအောင်ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ကရင်စည်လုံးရေးနှင့် ငြိမ်းချမ်း ရေးကော်မတီကို စတင်ဖွဲ့စည်းခဲ့ ပြီး ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ၊ ကရင်တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ကရင်တိုင်းရင်းသား အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များပါဝင်သည်ဟု  မန်းအောင်ပြည့်စိုး ကဆိုသည်။

ကရင်ပြည်နယ် ငြိမ်းချမ်း ရေးအတွက် ကရင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို လက်ရှိကျင်းပနေဆဲ ပြည်သူ့ လွှတ်တော် အစည်း အဝေး သို့ တင်ပြသွားမည်ဟု ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် နန်းစေးအွားက ပြောကြားထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကရင်ပြည်နယ်၌ အစိုးရတပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်(DKBA) တို့ အကြားပစ်ခတ်မှုများပြန် လည်ဖြစ်ပွားခဲ့သည်။

7Day DAILY

No comments:

Post a Comment