Thursday, October 30, 2014

မျိုးစေ့အခက်အခဲကြောင့် အာလူးအထွက်လျော့

စိုက်ခင်းများတွင် အာ လူးစိုက်ပျိုးရာ၌ ပြည်တွင်းမျိုးစေ့ ကိုသာအကြိမ်ကြိမ်သုံးစွဲရခြင်း ကြောင့် တစ်ဧကအထွက်နှုန်းမှာ ထက်ဝက်ခန့် လျော့ကျနေ ကြောင်း စိုက်ပျိုးသူများထံမှ သ တင်းရရှိသည်။
အာထူးထွက်ရှိမှုနှုန်းမှာတစ် နှစ်ထက်တစ်နှစ်လျော့နည်းလာ ပြီး ယခင်ကတစ်ဧကလျှင် အာလူး ပိဿာ ၅,၀၀၀မှ ၆,၀၀၀ထွက်ရှိ သော်လည်း ယခုနောက်ပိုင်းနှစ်များတွင် တစ်ဧကလျှင် ပျမ်းမျှပိဿာ ၃,၅၀၀မှ ၄,၀၀၀ကြားသာထွက်ရှိကြောင်းဟဲဟိုးမှ အာလူးစိုက်ပျိုးရေးလုပ်ငန်းရှင်ဦးဖိုးကင်းကပြောသည်။
အာလူးစိုက်ခင်းများအောင် မြင်ရန် မျိုးစေ့၊ ရေနှင့် နည်းပညာ လိုအပ်ပြီး မျိုးစေ့ကအဓိကဖြစ် ကြောင်း၊ မျိုးစေ့တစ်ခုကိုထပ်ကာ ထပ်ကာစိုက်ပျိုးပါကအထွက်နှုန်း ကျ၍ မျိုးစေ့မှ ပိုးပါပြီး ရောဂါဖြစ်လျှင် အထွက်နှုန်းပိုမိုကျဆင်း ကြောင်း အာလူးစိုက်ပျိုးထုတ် လုပ်ရောင်းချသူဦးချန်ထွေးက သုံး သပ်သည်။

အာလူးမျိုးပေါင်းလေးရာ ကျော်ရှိပြီး ကနေဒါ၊ ဟော်လန်၊ စကော့တလန်မျိုးများထဲမှဟော် လန်မျိုးဖြင့်လာမည့်နှစ် ဇန်န၀ါရီ တွင် ရှမ်းပြည်တောင်ပိုင်း၊ဟဲဟိုးတွင် စတင်စမ်းသပ်စိုက်ပျိုးမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ဟဲဟိုးတွင် အာလူးစိုက်ခင်း ဧက ၃,၀၀၀ ၀န်းကျင်ရှိပြီး ရှမ်း ပြည်နယ်တစ်ခုလုံး၌ အာလူး စိုက်ခင်းဧကလေးသောင်းခွဲရှိ ကြောင်း၊ ယခုအခါ ဂျပန်၊ ကိုရီး ယား၊ UNအဖွဲ့အစည်းများက တောင်သူများ၏အခက်အခဲကို စစ်တမ်းများလာရောက်ကောက် ခံနေသည်။
ဟဲဟိုးမှ ထွက်သောအာလူး ကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် ၊ပြည်မြို့များသို့အဓိကစားကုန် အဖြစ်တင်ပို့ရောင်းချပြီး နိုင်ငံခြား သို့ တင်ပို့နိုင်ခြင်းမရှိသေးပေ။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟဲဟိုးမြို့မှ ထွက်ရှိသောအာလူး များကို ရန်ကုန်ဈေးကွက်သို့တင် ပို့ရာတွင် တင်ပို့ရသည့်ပမာဏ လျော့ကျလျက်ရှိကြောင်း၎င်းက ရှင်းပြသည်။
ထို့အပြင် ဟဲဟိုးချိုင့်ဝှမ်းရှိ အာလူးစိုက်ခင်းဧရိယာအတွင်း လမ်းများ ပျက်စီးခြင်းကြောင့်ခြံ များမှ ဂိုဒေါင်သို့ ငါးမိုင်အကွာခရီး အတွက် သယ်ယူစရိတ်တစ်ပိ ဿာလျှင်၃၅ကျပ်ကုန်ကျပြီး ဟဲဟိုးမှ ရန်ကုန်သို့မိုင်လေးရာခရီးအ တွက် တစ်ပိဿာလျှင် သယ်ယူစ ရိတ် ကျပ်၄၀ကုန်ကျကြောင်းအာ လူးစိုက်တောင်သူများထံမှသိရ သည်။
‘‘ပြည်တွင်းက မျိုးကောင်း မျိုးသန့်မရလို့ပါ။ လွန်ခဲ့တဲ့ ၂နှစ် က တရုတ်ဘက်ကသွင်းတာသုံး တယ်။ တောင်သူတွေက ပိုးသတ် ဆေးကို စိတ်ထင်တိုင်းသုံးတာ။ နည်းပညာအားနည်းတာပါတယ် ။ဒေသမျိုးကိုပဲ ထပ်တလဲလဲသုံး တော့ ထွက်နှုန်းကျလာတာ’’ ဟု ဟဲဟိုးတွင် အာလူးကိုစီးပွား ဖြစ် စိုက်ပျိုးသူ ဦးဖိုးကင်းကရှင်းပြ သည်။
အာလူးကို ဟဲဟိုး၊အောင် ပန်းနှင့် မကွေးတိုင်း၊ ဆင်ဖြူကျွန်း တို့တွင်အဓိကစီးပွားဖြစ်စိုက်ပျိုး ကြောင်းသတင်းရရှိသည်။
‘‘သင်္ကြန်ပြီးရင် ဟင်းသီး ဟင်းရွက်ရှားတယ်။ အာလူးဈေး ကောင်းတယ်။ခြံထွက်ဈေးက တစ်ပိဿာ ၄၅၀ကျပ်၊ ၅၀၀ပေါ့။ သယ်ယူစရိတ်မြင့်တော့လည်း ဈေးမြင့်သွားတာပေါ့’’ဟု ဦးဖိုး ကင်းက ဆိုသည်။
အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ပြည်နယ်ရှိ အာလူးစိုက် ပျိုးသူများအသင်းက မြန်မာဈေး ကွက်နှင့်ချိတ်ဆက်ရန် လာ ရောက်မည်ဖြစ်ကြောင်း Columb-ia Basinheraldသတင်းဌာန ကရေးသားထားသည်။
ဝါရှင်တန်ပြည်နယ်အာလူး စိုက်ပျိုးသူများအသင်းသည် အ လုပ်အကိုင် ၂၃၀၀၀ကျော်ဖန်တီး ပေးထားသောအဖွဲ့ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် လုပ်ငန်းလည်ပတ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းခုနစ်ရာရှိကြောင်း သိရ သည်။
ယင်းအဖွဲ့သည် မြန်မာရှိ စီး ပွားရေးလုပ်ငန်းရှင်များ အမှန်တ ကယ်စိုက်ပျိုးထုတ်လုပ်သူများနှင့် အစိုးရတာဝန်ရှိသူများအား တွေ့ဆုံရန်စီစဉ်ထားသည်။
7Day

No comments:

Post a Comment