Thursday, October 16, 2014

ရွေးကောက်ပွဲစနစ်ပြောင်းလဲခြင်းကို စိုးရိမ်ဖွယ်ရာအဖြစ် ကန်သံအမတ်ပြော

Photo: ရွေးကောက်ပွဲစနစ်ပြောင်းလဲခြင်းကို စိုးရိမ်ဖွယ်ရာအဖြစ် ကန်သံအမတ်ပြော
Thursday, October16, 2014

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်  မြန်မာနိုင်ငံ တွင် ရွေး ကောက်ပွဲစနစ်  အပြောင်းအလဲ သည် သုံးနှစ်တာကာလအတွင်း ၎င်းအတွက် စိတ်ပျက်စရာဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က ပြောကြားလိုက်သည်။

အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် မြန်မာ သတင်းထောက်များ နှင့် တွေ့ဆုံစဉ်  ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် စိတ် ပျက်စရာဖြစ်ရပ်များအကြောင်း  ပြောကြားရာ၌ ရွေးကောက်ပွဲများ တွင်  ပြောင်းလဲအသုံးပြုမည့် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ၎င်းကထောက်ပြပြောကြား ခြင်းဖြစ်သည်။

‘‘ရွေးကောက်ပွဲစနစ်ပြောင်း လဲခြင်းရဲ့ ဂယက်ရိုက်ခတ်မှုကို ကျွန်တော်တော်တော်စိုးရိမ်မိပါ တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက သိပ်ကိုခက်ခဲရှုပ်ထွေးစေ တဲ့ ပြဿနာတွေကို ဖန်တီးနိုင်ပါ တယ်’’ဟု မစ္စတာ ဒဲရစ်မစ်ချယ်က ပြောသည်။

မြန်မာနိုင်ငံ  ရွေးကောက် ပွဲများတွင် PR စနစ်ကျင့်သုံးရန် အမျိုးသား လွှတ်တော် က အတည် ပြုထားပြီးဖြစ်သည်။

ယင်းPR စနစ်ကျင့်သုံးမည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစု ကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီအပါအ၀င် အတိုက်အခံဒီမိုကရေစီအင်အား စုများနှင့် တိုင်းရင်းသားပါတီများ က ကန့်ကွက်ခဲ့ကြသည်။

၂၀၁၅ ရွေးကောက်ပွဲသည် နိုင်ငံရေးအကူးအပြောင်းအတွက် အလွန်အရေးကြီးပြီး အမေရိကန် အနေဖြင့် နီးနီးကပ်ကပ်စောင့် ကြည့်သွားမည်ဟုဆိုသည်။

‘‘အမေရိကန်အနေနဲ့ ဘယ် သူ့ကို သမ္မတဖြစ်စေချင်တယ်ဆို တာ မရှိဘူး။ မြန်မာပြည်သူတွေ ဘာပြောမလဲဆိုတာပဲ စောင့် ကြည့်နေပါတယ်’’ဟု ၎င်းကပြော သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က မြန်မာနိုင်ငံအတွင်း ၎င်းအတွက် အစိုးရကို စိတ်ပျက် စေသည့်အကြောင်းများကို  ပြောကြားရာတွင် ရွေးကောက်ပွဲစနစ် ပြောင်းလဲမှုနှင့်အတူ မြေယာသိမ်းပြဿနာများ၊ ယူနတီဂျာနယ်သတင်းထောက်များအပါအ၀င် သတင်းထောက်များအား ထောင်ဒဏ်နှစ်ရှည်ချမှတ်မှုများ ပါဝင်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်အနေ ဖြင့် အစိုးရနှင့် ပိုမိုနီးနီးကပ်ကပ် လုပ်ဆောင်နေပြီး မြန်မာစစ်တပ် နှင့် အမေရိကန်အစိုးရကြား ဆက်ဆံရေးအပေါ် ဝေဖန်ပြောဆိုနေ မှုများအပေါ်လည်း ယခုကဲ့သို့ သံအမတ်က မှတ်ချက်ပြုပြော ကြားသည်။

‘‘ကျွန်တော်တို့က ဘာပဲ လုပ်လုပ် ပွင့်လင်းမြင်သာစွာ လုပ်ပါတယ်။ ပြီးတော့ ကောလာဟလ တွေ ထွက်နေသလို မြန်မာတပ် မတော်ကို ကျွန်တော်တို့ ဘာနည်း ပညာမှ မပေးပါဘူး’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

7Day DAILY
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်  မြန်မာနိုင်ငံ တွင် ရွေး ကောက်ပွဲစနစ်  အပြောင်းအလဲ သည် သုံးနှစ်တာကာလအတွင်း ၎င်းအတွက် စိတ်ပျက်စရာဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က ပြောကြားလိုက်သည်။
အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် မြန်မာ သတင်းထောက်များ နှင့် တွေ့ဆုံစဉ်  ၎င်းက ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် စိတ် ပျက်စရာဖြစ်ရပ်များအကြောင်း  ပြောကြားရာ၌ ရွေးကောက်ပွဲများ တွင်  ပြောင်းလဲအသုံးပြုမည့် အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို ၎င်းကထောက်ပြပြောကြား ခြင်းဖြစ်သည်။

‘‘ရွေးကောက်ပွဲစနစ်ပြောင်း လဲခြင်းရဲ့ ဂယက်ရိုက်ခတ်မှုကို ကျွန်တော်တော်တော်စိုးရိမ်မိပါ တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက သိပ်ကို ခက်ခဲရှုပ်ထွေးစေ တဲ့ ပြဿနာတွေကို ဖန်တီးနိုင်ပါ တယ်’’ဟု မစ္စတာ ဒဲရစ်မစ်ချယ်က ပြောသည်။

မြန်မာနိုင်ငံ  ရွေးကောက် ပွဲများတွင် PR စနစ်ကျင့်သုံးရန် အမျိုးသား လွှတ်တော် က အတည် ပြုထားပြီးဖြစ်သည်။

ယင်းPR စနစ်ကျင့်သုံးမည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစု ကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီအပါအ၀င် အတိုက်အခံ ဒီမိုကရေစီ အင်အား စုများနှင့် တိုင်းရင်းသားပါတီများ က ကန့်ကွက်ခဲ့ကြသည်။

၂၀၁၅ ရွေးကောက်ပွဲသည် နိုင်ငံရေးအကူးအပြောင်းအတွက် အလွန်အရေးကြီးပြီး အမေရိကန် အနေဖြင့် နီးနီးကပ်ကပ်စောင့် ကြည့်သွား မည်ဟု ဆိုသည်။

‘‘အမေရိကန်အနေနဲ့ ဘယ် သူ့ကို သမ္မတဖြစ်စေချင်တယ်ဆို တာ မရှိဘူး။ မြန်မာပြည်သူတွေ ဘာပြောမလဲဆိုတာပဲ စောင့် ကြည့်နေပါတယ်’’ ဟု ၎င်းကပြော သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က မြန်မာနိုင်ငံအတွင်း ၎င်းအတွက် အစိုးရကို စိတ်ပျက် စေသည့် အကြောင်းများကို  ပြောကြားရာတွင် ရွေးကောက်ပွဲစနစ် ပြောင်းလဲမှုနှင့်အတူ မြေယာသိမ်းပြဿနာများ၊ ယူနတီဂျာနယ်သတင်းထောက်များ အပါအ၀င် သတင်းထောက်များအား ထောင်ဒဏ်နှစ်ရှည်ချမှတ်မှုများ ပါဝင်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်အနေ ဖြင့် အစိုးရနှင့် ပိုမိုနီးနီးကပ်ကပ် လုပ်ဆောင်နေပြီး မြန်မာစစ်တပ် နှင့် အမေရိကန်အစိုးရကြား ဆက်ဆံရေး အပေါ် ဝေဖန်ပြောဆိုနေ မှုများအပေါ်လည်း ယခုကဲ့သို့ သံအမတ်က မှတ်ချက်ပြုပြော ကြားသည်။

‘‘ကျွန်တော်တို့က ဘာပဲ လုပ်လုပ် ပွင့်လင်းမြင်သာစွာ လုပ်ပါတယ်။ ပြီးတော့ ကောလာဟလ တွေ ထွက်နေသလို မြန်မာတပ် မတော်ကို ကျွန်တော်တို့ ဘာနည်း ပညာမှ မပေးပါဘူး’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

7Day DAILY

No comments:

Post a Comment