Friday, October 31, 2014

ထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံရေးအကျပ်အတည်းကြောင့် မဟုတ်ဘဲ ဘုံသဘောတူညီချက်ရှာရန်ဖြစ်ဟု သမ္မတပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ပြော

သမ္မတက တပ်မတော်၊ လွှတ်တော်နှင့် နိုင်ငံရေးထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံမှုမှာ လတ်တလောနိုင်ငံရေးအကျပ်အ တည်းများကြောင့် ပြုလုပ်ခြင်းမ ဟုတ်ဘဲ နိုင်ငံအတွက် ရှေ့ဆက် မည့် နည်းလမ်းများတွင် ဘုံသ ဘောတူညီမှုရရှိရန် တွေ့ဆုံခြင်း ဖြစ်ပြီး နောက်ထပ်တွေ့ဆုံမှုများ လည်း မကြာခဏပြုလုပ်သွားမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။



‘‘ကျွန်တော်တို့ (သမ္မတ) ဘက်က ဒီဆွေးနွေးပွဲတစ်ခုတည်း နဲ့ ပြီးဆုံးမယ်လို့ မထင်ပါဘူး။ ဒီ ဆွေးနွေးပွဲက တစ်ယောက်သ ဘောထားကို တစ်ယောက်သိဖို့နဲ့ ရှေ့ဆက်နိုင်မယ့် နည်းလမ်းနဲ့ ဘုံ သဘောထား တစ်ခုရဖို့ ရှာဖွေတာ ပါ။ လာမယ့်ကာလမှာလည်း ဒီလိုတွေ့ဆုံမှုတွေထပ်ရှိဖို့ အလားအ လာရှိပါတယ်’’ဟု ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးလည်း ဖြစ်သူ ဦးရဲထွဋ်က ပြောသည်။ ထို့ပြင် နိုဝင်ဘာတွင် လာ ရောက်မည့် သမ္မတအိုဘားမား ခရီးစဉ်အတွင်း မြန်မာ့နိုင်ငံရေးကို အပြုသဘောရှုမြင်စေရန် သမ္မတ က ယခုတွေ့ဆုံပွဲကို ကြိုးပမ်းခြင်း ဖြစ်ကြောင်း ဝေဖန်မှုများကိုလည်း သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲ ထွဋ်က ပယ်ချလိုက်သည်။

‘‘အခု ဝေဖန်ကြတဲ့ မြန်မာ့ နိုင်ငံရေးအကျပ်အတည်းဆိုတာ ကိုလည်း လက်မခံပါဘူး။ အငြင်း အခုံတွေတော့ရှိတယ်။ ဒါ ဒီမို ကရေစီစနစ်မှာ ဖြစ်လေ့ဖြစ်ထရှိ တဲ့ အလေ့အထပဲ။ သမ္မတက ဒါ ကို အကျပ်အတည်းလို့ မမြင်ပါ ဘူး။ ဒါပိုပြီးတော့ ဒီမိုကရေစီစနစ်ကို ရှေးရှုတယ်လို့ ယူဆပါတယ်’’ ဟု ၎င်းက ပြောသည်။

တပ်မတော်က ဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ ၄၃၆ ကို မပြင်လို ကြောင်း လွှတ်တော်တွင် ဆန္ဒပြု ခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်များ ကြား ဘုံသဘောတူညီချက်များ ပျောက်ဆုံးနေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတို့က ဝေဖန် နေချိန်တွင် သမ္မတက ယခုကဲ့သို့ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင် ၁၄ ဦးနှင့် တွေ့ဆုံမည် ဖြစ်သည်။

 ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ကုန်ပိုင်းက မြန်မာ့ အသွင်ကူး ပြောင်းရေးနှင့် ငြိမ်းချမ်းရေးဖြစ် စဉ်များအတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့သည့်အပေါ် သမ္မတနှင့် ကာချုပ်တို့က အချိန် မတန်သေးဟုဆိုကာ ကမ်းလှမ်း မှုကို ငြင်းဆိုခဲ့သည်။ ယခုအခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ညှိနှိုင်းရခက်ခဲနေပြီး ဖွဲ့စည်းပုံပြင် ဆင်ရေးတွင်လည်း  နိုင်ငံရေး ခေါင်းဆောင်များကြား သဘော ထားကွဲလွဲမှုများ ဖြစ်ပေါ်နေသည်။‘‘ဒေါ်အောင်ဆန်းစုကြည်တို့ က လေးပွင့်ဆိုင် ကမ်းလှမ်းတုန်း က လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာကော်မရှင်က ဖွဲ့စည်း ပြီး လုပ်နေတယ်။ ဒါတွေကိုလည်း စောင့်ဆိုင်းသင့်တယ်လို့ ပြောခဲ့ တယ်။ ဒီလေးယောက်တည်း မဟုတ်ဘဲ ကျန်တဲ့ပါတီတွေကို ကိုယ်စားပြုတဲ့ သူတွေ၊ လွှတ်တော်က လူတွေပါသင့်တယ်လို့ ပြော ခဲ့တယ်။ အောက်တိုဘာ ၂၁ ရက် နေ့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ က အစီရင်ခံစာတင်သွင်းပြီးပြီ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မှာလည်း သဘောတူညီချက်တွေ တော် တော်များများရပြီးပြီ။ အသေးစိတ်ဆွေးနွေးဖို့ပဲ ကျန်မယ်။ အဲဒီအခြေအနေတွေကြောင့် တွေ့ဆုံဆွေး နွေးဖို့အချိန်ကျပြီဆိုပြီးတော့ ဖိတ် ကြားခြင်း ဖြစ်ပါတယ်’’ ဟု ဦးရဲ ထွဋ်က ပြောကြားသည်။

သမ္မတနှင့် အောက်တိုဘာ ၃၁ ရက်တွေ့ဆုံမှုတွင် ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့် ဒေါက်တာ စိုင်း မောက်ခမ်း၊ တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် ဒုကာချုပ်ဗိုလ်ချုပ်ကြီး စိုးဝင်း၊ လွှတ်တော် ဥက္ကဋ္ဌများဖြစ်သည့် သူရဦးရွှေမန်း နှင့် ဦးခင်အောင်မြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊  မှတ်ပုံတင်ထား သည့် နိုင်ငံရေးပါတီ ၆၇ ခုအနက် အဓိကပါတီကြီးသုံးခုအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းတင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်တစ်ဦး၊ ညီ ညွတ်သော တိုင်းရင်းသားလူမျိုး များ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စား ရှမ်းတိုင်းရင်းသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ကိုယ်စား ဦးစိုင်းအိုက်ပေါင်း၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) ကိုယ်စား အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေ စသည့် စုစုပေါင်း ထိပ်တန်းနိုင်ငံရေးခေါင်းဆောင် ၁၄ ဦးကို သမ္မတက ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဆွေးနွေးမယ့်အကြောင်း ကတော့ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ညင်သာ စွာ၊ ခိုင်မာစွာကူးပြောင်းနိုင်ဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးအတွက်ပါ။ နောက်ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းစဉ် တွေကိုလည်း အကောင်အထည် ဖော်ဖို့ ကျွန်တော်တို့ဆွေးနွေးနိုင် ဖို့ဆိုပြီး သူတို့ဖိတ်ကြားမှုမှာ ပါပါ တယ်’’ဟု SNLD မှ ဦးစိုင်းလိတ်ကပြောကြားသည်။

Yangon Media Group

No comments:

Post a Comment