Wednesday, October 1, 2014

ခရီးသွားမီးရထားတစီးပေါ်တွင်(၁၃) နှစ်အရွယ်ကလေးမလေး ကိုအဓမ္မပြုကျင့်ပြီးအလောင်းဖျောက်ခဲ့တဲ့ သူကိုသဒဏ်အမိန့် ချမှတ်

ထိုင်းနိုင်ငံ တောင်ပိုင်း ခရီးသွားမီးရထားတစီးပေါ်တွင် လိုက်ပါစီးနှင်း လာသည့်13 နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ပြီး ရထားပေါ်က ပစ်ချကာ အလောင်းဖျောက်ခဲ့တဲ့ ရထား ၀န်ထမ်းကို ဟွာဟင် ခရိုင်တရားရုံးက သေဒဏ်အမိန့် ချမှတ် လိုက်ပါ တယ်။


ထိုင်းနိုင်ငံက မုဒိန်းမှုတွေကို သေဒဏ်ပေးဖို့ တောင်းဆိုသူတွေက အနက်ရောင်တီရှပ်များဝတ်၍ အမိန့် ချတဲ့ တရားရုံးမှာ လာရောက်နားထောင်ခဲ့ကြတယ်။

ခုလို ရက်ရက်စက်စက်သက်ခဲ့တရားခံကို သေဒဏ်ပေးခဲ့တာဟာ တရားရုံးရဲ့ အဆုံးအဖြတ်ကို လာရောက်နားထောင်ခဲ့တဲ့ သေဆုံးသူ မိသားစုနဲ့  မိန်းခလေးအခွင့်ရေးလှုပ်ရှားနေသူများက ကြေနပ်ကြ ပါတယ်။

တရားခံကတော့ ၁၄ရက်အတွင်း အယူခံဝင်လို့ ရပြီး သေမိန့် စောင့်နေစဉ် အတွင်း ဘုရင့်ဆီသို့  အသနားခံစာ တင်သွင်းနိုင်ပေမယ့် ဆေးမှု-မိဘနဲ့ ဘုန်းတော်ကြီးများ-၀န်ထမ်းများနှင့်ခလေးငယ်များ သတ်ဖြတ်သော အမှုများအတွက် အယူခံမပေးဘဲ ပယ်ချကြောင်းသိရသည်။

မင်းဘာ သာသာပြန်ဆိုသည်။
ရွှေမြန်မာမီဒီယာ

No comments:

Post a Comment