Wednesday, October 1, 2014

သက်တောင့်သက်သာ အလုပ်လုပ်ရမည်ဟု စည်းရုံးခေါ်ဆောင်လာပြီး လုပ်ခိုင်းတာက အနှိပ်ခန်း၊ ထွက်ပြေးနိုင်လို့တော်သေးတာပေါ့

ရှမ်းပြည်(မြောက်ပိုင်း)၊လား ရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၅)၊ ကွတ်ခိုင်လမ်းနှင့် ဘုရားလမ်းထောင့်တွင် ဖွင့်လှစ်ထားသော “ခန့်ရှိုး အလှပြုပြင်ရေးဆိုင်”မှ ထွက်ပြေး လာသူ အမျိုးသမီးငယ် တစ်ဦး
ကို အမှတ်(၁၆)လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ်အောင် လိန်ကီး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်မျိုးသွင် ဦးစီးအဖွဲ့ ၀င်များနှင့်အတူ ရပ်ကွက်(၁)အုပ် ချုပ်ရေးမှူးရုံး၌  သက်သေများ ရှေ့တွင် မေးမြန်းခဲ့ရာမှ မိဘ တိုင်း၊ သားသမီးတိုင်း သတိပြု စရာ၊ သတိထားစရာအဖြစ် မှတ်သားသင့်သည်မှာ...


မန္တလေးတိုင်းဒေသကြီး၊ပုသိမ် ကြီးမြို့နယ်၊ ကံကြီးကုန်းကျေးရွာ နေ အသက် ၁၈နှစ်အရွယ်ပန်းရံ လုပ်ကိုင်သူ  မိန်းမပျိုတစ်ဦးကို တစ်ရွာတည်းနေ မညွန့်တင် ၄၄ နှစ်ခန့်မှလားရှိုးမြို့တွင်အိမ်ဖော်/ သန့်ရှင်းရေး အလုပ်လုပ်ရမည်။ သက်တောင့်သက်သာသောအလုပ် လုပ်ရမည်။ တစ်လလျှင်လခငွေ (၇၀၀၀၀ိ/)ခန့်ရမည်ဟု ပြောဆို စည်းရုံးလာသည်ကို ယုံကြည်လာ သဖြင့် သဘောတူပြီး စက်တင် ဘာ(၂၄) ရက်တွင် ကံကြီးကုန်းမှ ဆိုင်ကယ်ကယ်ရီဖြင့် မန္တလေးမြို့ ပြည်ကြီးမျက်ရှင် အဝေးပြေးဂိတ် သို့လည်းကောင်း၊ ၄င်းမှတစ်ဆင့် တက်နေထွန်း  မှန်လုံကားဖြင့် (၁၈း၃၀)အချိန် လားရှိုးမြို့ ထွက် ခွာလာခဲ့ကြကြောင်း၊

မညွန့်တင် မှ ကားစရိတ်၊စားစရိတ် အားလုံး အကုန်အကျခံကာ ခေါ်ဆောင် လာပြီး လားရှိုးမြို့သို့စက်တင်ဘာ ၂၇ ရက်မှာ ရောက်ရှိခဲ့ပြီးကာမှ မညွန့်တင်က အိမ်ဖော်သန့်ရှင်း ရေးလုပ် ရမည် မဟုတ်ဘဲ အနှိပ် ခန်းတွင် လုပ်ရမည်ဟု ပြောဆို လာခဲ့ကြောင်း၊

၎င်းနောက် “ခန့် ရှိုး”အနှိပ်ခန်းတွင် အလုပ်လုပ်ရ မည်ဟု ပြောဆိုကာ ခေါ်သွားပြီး အလုပ်ရှင်ထံအပ်နှံ၍  အလုပ် မလုပ်ခင်မှာပင်အလုပ်ရှင်ဦးသိန်း ၀င်းနှင့်မတွေ့ပေးခင် ကြိုတင်ငွေ အဖြစ် တစ်လ ခုနှစ်သောင်းပေး မည်ပြောပြီး တွေ့ပေးစဉ် အလုပ် ရှင်ထံမှငွေ တစ်သိန်းငါးထောင်  ကျပ်ကို မညွန့်တင်က ထုတ်ယူပြီး ၄င်းအထဲမှ သုံးသောင်းငါးထောင် ကျပ်ယူထားကြောင်း၊ မညွန့်တင် ၏သမီးဖြစ်သူ “ခန့်ရှိုး”တွင် လက် ရှိအလုပ်လုပ်နေသည့် မမာမာ ကြည်က နှစ်သောင်းယူထားပြီး၊ ကျန်ငွေများဖြင့် စောင်၊အိပ်ယာ ခင်းဝယ်ထားသဖြင့် မ---တွင် ငွေ နှစ်သောင်းကျပ်ခန့်သာရကြောင်း၊

အလုပ်စည်းကမ်းများမှာ  ဖုန်း ဆက်ခွင့်မရှိ၊ အပြင်ထွက်ခွင့်မရှိ၊ အပြင်တစ်ခါထွက်ပါက ဒါဏ်ငွေ သုံးထောင်ပေးရမည်ဟု ပိုင်ရှင် ဖြစ်သူ ဦးသိန်းဝင်းနှင့်မညွန့်တင် တို့ကပြောပြီး ဦးသိန်းဝင်း၏ စာ အုပ်တွင်ငွေယူကြောင်းလက်မှတ် ထိုးခိုင်း၍ မ--- က လက်မှတ်ထိုး ပေးခဲ့ရကြောင်း၊  ထို့အပြင်  ခိုင်း သည့် အလုပ်မလုပ်ပါက ၂ဆ လျော်ခိုင်းမည်ဟုပြောပြီး အနှိပ် ခန်းတွင် နှိပ်ခိုင်း၍ တစ်ခါနှိပ်ပေး ခဲ့ရကြောင်း၊

 ထိုသို့နှိပ်ပေးစဉ် ၄င်း ရှေ့ရှိအခန်းတွင် တံခါးပိတ်ပြီး ပြည့်တန်ဆာအဖြစ် ပြုလုပ်နေ သည်ကို တွေ့ရကြောင်း၊ မ--- က အခန်းတံခါးပိတ်ပြီး ပြည့်တန်ဆာ အဖြစ်အလုပ်လုပ်ခိုင်းမှာကိုကြောက် ရွံ့သဖြင့် စက်တင်ဘာ ၂၈ ရက် တွင် “ခန့်ရှိုး”အနှိပ်ခန်းမှ ထွက် ပြေးလာကာ အနီးရှိ ရက(၁) အုပ် ချုပ်ရေးမှူးရုံးသို့ ရောက်ရှိ အကူ ညီတောင်းခံခဲ့သဖြင့် ပန်းကောင်း အညွန့်ကျိုး ရေတိမ်နစ်မည့်ဘေး မှ သီသီကလေး လွတ်ခဲ့ရပါပြီ။

ထိုအခါ ကလေးမလေးကို အိမ်ဖော်သန့်ရှင်းရေးအလုပ်လုပ်ရ မည်ဟု လိမ်လည်ပြောဆိုစည်းရုံး သိမ်းသွင်းခေါ်ဆောင်လာပြီးအနှိပ် ခန်းတွင်  ပို့အပ်ကာ  ငွေကြေး အကျိုးအမြတ်ရယူသူများဖြစ်သည့် မညွန့်တင်(၄၄)နှစ်၊  ကံကြီးကုန်း ကျေးရွာ၊ပုသိမ်ကြီးမြို့နယ်၊မန်္တလေး တိုင်းဒေသကြီး၊ မမာမာကြည်(ခ) မမာမာ(၃၄)နှစ်နှင့် ဆိုင်ရှင်ဖြစ် သူ ဦးသိန်းဝင်း(၅၅)နှစ် အမှတ် (၁၆)၊ ရက(၈)လားရှိုးမြို့နေသူတို့ အပေါ် (ပ)၃၀၉/၁၄ လူကုန်ကူး မှု တားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ(၂၄) ရေးဖွင့်ပြီး အမှုစစ်ဆေး လျက်ရှိနေပါတော့သည်ခင်ဗျာ။

မည်သည့်သားသမီးတိုင်းမဆို မိမိ၏မိသားစုစားဝတ်နေရေးအတွက် ၄င်း၊ မိဘကျေးဇူးဆပ်လို၍လည်း ကောင်း၊ တစ်နယ်တစ်ကျေးတွင် သက်တောင့်သက်သာသောအလုပ် လုပ်ရမည်။ ဆိုင်အကူ၊ အိမ်အကူ လုပ်ရမည်၊ တရုတ်သူဌေးနှင့် ပေး စားလျှင်ချမ်းချမ်း သာသာနေရ မည်ဟူသော မက်လုံးပေါင်းစုံဖြင့် စည်းရုံးလာပါက ယခုကဲ့သို့သော ဖြစ်စဉ်ကိုစံနမူနာထားကာစဉ်းစဉ်း စားစား၊ ချင့်ချင့်ချိန်ချိန်ဖြင့် သတိ ပြုကြစေလိုကြောင်းပါခင်ဗျား။

Hot News Journal

No comments:

Post a Comment