အပြီးသတ်အပစ် အခတ်ရပ်စဲရေးအဆင့် မရောက် သေးသည့်အတွက် ကရင်ပြည် နယ်တွင်
သေနတ် သံများ ပြန် ကြားနေရခြင်းဖြစ်ကြောင်း ပြည်
ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ပြောသည်။
‘‘ကျွန်တော်တို့ အခုလုပ်ထား တာဟာ အပြီးသတ်အပစ်အခတ် ရပ်စဲရေးအဆင့်ကို မရောက်သေး တဲ့အတွက် ကရင်ပြည်နယ်မှာ
သေနတ်သံတွေ ပြန်ကြားရခြင်း
ဖြစ်ပါတယ်’’ဟု သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းက
ပြောသည်။‘‘ကျွန်တော်တို့ အခုလုပ်ထား တာဟာ အပြီးသတ်အပစ်အခတ် ရပ်စဲရေးအဆင့်ကို မရောက်သေး တဲ့အတွက် ကရင်ပြည်နယ်မှာ
ပြည်တွင်းငြိမ်းချမ်းရေးလုပ် ငန်းစဉ်များ အဓိကဆောင်ရွက် နေသော မြန်မာငြိမ်းချမ်းရေးစင် တာ (Myanmar Peace Center) လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ယခုလ ၁၃ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ၀န်ကြီးဦးအောင်မင်း လာရောက်ရှင်းလင်းရာတွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကို မေးမြန်းမှုအပေါ် ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ကရင်ပြည်နယ်အတွင်း စစ် ပွဲများ ပြန်လည်ဖြစ်ပွားနေခြင်း ကြောင့် အပြစ်မဲ့ပြည်သူအများ ဒုက္ခ ဆင်းရဲမျိုးစုံခံစားနေရသည့် အတွက် ယင်းကိစ္စရပ်ကို MPC အနေဖြင့် မည်ကဲ့သို့ ကူညီဆောင် ရွက်ပေးမည်ဆိုသည်ကို ဘားအံ မဲဆန္ဒနယ်မှ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ဒေါ်နန်းစေ အွားက ၀န်ကြီး ဦးအောင်မင်းအား မေးမြန်းခဲ့သည်။ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စ တင်ဆောင်ရွက်ရာတွင် မည် သည့်လုပ်ငန်းစဉ်မှ စတင်ဆောင် ရွက်ရမည်ကို မသိရှိ၍ လေ့လာ မှုများစွာ လုပ်ဆောင်ခဲ့ရပြီး ၎င်း လုပ်ငန်းစဉ်များသည် တစ်ဆင့် ပြီးတစ်ဆင့် ဆောင်ရွက်မှသာ အောင်မြင်မှုရနိုင်သည့်အတွက် တစ်ဆင့်ချင်း ဆောင်ရွက်နေရ ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
‘‘ဖြစ်စဉ်ကို ပြန်ကြည့်မယ် ဆိုရင် ကျွန်တော်တို့နဲ့ လက်မှတ် ထိုးထားတဲ့ ကလိုထူးဘောအဖွဲ့ က တပ်သားအချို့ဟာ ကျိုက်မ ရောမြို့ကို ၀င်လာပြီးတဲ့အခါမှာ သေနတ်တွေကို ဘေးအိမ်မှာအပ် ထားပါတယ်။ ဒီနေရာကသေနတ် ယူခွင့်မရှိတဲ့နေရာဖြစ်ပါတယ်။ အဲ ဒီနေရာမှာရှိတဲ့ သေနတ်တွေကို သိမ်းလိုက်တာကနေစပြီး ပြဿ နာတွေဖြစ်တာ ဖြစ်ပါတယ်။ ဒီကိစ္စကို ကျွန်တော်တို့ ပစ်မထားပါ ဘူး။ အသေးကစပြီး ပြသာဒ်မီး လောင်နိုင်တယ်ဆိုတဲ့ ကိစ္စလို့ ခံ ယူထားပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံးပြေငြိမ်းနိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဦးအောင်မင်းက ပြောသည်။ ‘‘အပစ်အခတ်ရပ်စဲရေး စာချုပ် မချုပ်နိုင်သေးခင် အောက်ခြေမှာ တော့ ဒီလိုမျိုးတွေ ဖြစ်နိုင်ပါ တယ်။ ကျန်တာကတော့ ဘာမှမပြောလိုပါဘူး’’ဟု မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးညိုအုန်းမြင့်က ပြောသည်။
မြ၀တီမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားတစ်ဦး(ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
7Day Daily
No comments:
Post a Comment