Tuesday, October 21, 2014

ဘဲခြံပိုင်ရှင် လင်မယား သတ်ဖြတ်ခံရမှု မြန်မာသုံးဦးကို ထိုင်းရဲ သံသယရှိဟုဆို

ထိုင်းနိုင်ငံ ရတ်ချာဘူရီခရိုင်ရှိ ဘဲခြံပိုင်ရှင် လင်မယားကို သတ်ဖြတ်ပြီး ဘတ်ငွေတစ်သိန်း ဓားပြတိုက်မှုအတွက် ဘဲခြံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က သံသယ ဖြစ်နေကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့ Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။



သေဆုံးသူ နှစ်ဦးအနက် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးသည် မြန်မာလူမျိုး ဖြစ်ပြီး ၎င်း၏အမျိုးသား ဖြစ်သူမှာ အသက် ၆၅ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း၊ ၎င်းတို့၏ ရုပ်အလောင်းကို ဘဲခြံအတွင်းရှိ နေအိမ်ရေချိုးခန်းအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

သေဆုံးသူ လင်မယား၏ အလောင်းကို အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ခင်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သံသယဖြစ်ခံရသူ မြန်မာသုံးဦးလည်း ပျောက်ဆုံးနေကြောင်း သေဆုံးသူ ထိုင်းနိုင်ငံသား Chkiart Nimunan ၏ သမီးဖြစ်သူက ပြောဆိုထားသည်။

Chkiart Nimunan က ၎င်း၏ ဖခင်ဖြစ်သူထံတွင် ဘဲစာဖိုး ဘတ်ငွေတစ်သိန်း လာရောက်ပေးစဉ်က ဖခင်အနီးတွင် မြန်မာလုပ်သားများ ရှိခဲ့ကြောင်း၊ ယင်းငွေကို ယူလို၍ သတ်ဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်း၏အမြင်ကို ရဲတပ်ဖွဲ့သို့ ပြောကြားထားသည်။

Mizzima

No comments:

Post a Comment