Tuesday, October 21, 2014

နာမည်ကြီး ကြော်ငြာဒါရိုက်တာကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံခဲ့ရဖူးတယ်ဆိုတဲ့ ခင်ဝင့်ဝါ

Photo: နာမည်ကြီး ကြော်ငြာဒါရိုက်တာကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံခဲ့ရဖူးတယ်ဆိုတဲ့ ခင်ဝင့်ဝါ
Tuesday, October 21, 2014

နာမည်ကြီး ကြော်ငြာဒါရိုက်တာတစ်ဦးကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံရဖြစ်ခဲ့တဲ့ ခင်ဝင့်ဝါက အဲဒီ ဖြစ်ရပ်အပေါ် Sunday ကို အခုလိုရှင်းပြပါတယ်။ -- ပြောရရင် အဲဒီလိုမျိုး မကပြဖြစ်ခဲ့လို့ နောင်တရတာမျိုး မရှိခဲ့ဘူး။ ခင်ဝင့်ဝါ က ကံကို ယုံကြည်ပါတယ်။ အဲဒီအချိန်မှာ ဖြစ်နေခဲ့တဲ့ ကိုယ့်ရဲ့ ယုံကြည်မှုကလည်း စေတနာကောင်းစရင် ကံကောင်းမယ်။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်က မကောင်းမှန်းသိသိကြီးနဲ့တော့မလုပ်နိုင်ဘူး။ ကိုယ့်ကို အဲဒီတုန်းက မရွေးဘူး ဆိုတော့လည်း ၀မ်းမနည်းပါဘူး။ ကိုယ့်ရဲ့ အကျင့်စာရိတ္တ၊ အကျင့်သိက္ခာကို ထိခိုက်စေတဲ့ ပုံစံမျိုးဆိုရင် ဘယ်လိုမက်လုံးပေးပေးလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ကို တကယ်လာပြီး မြေတောင်မြှောက်ပေးမယ့်လူဆိုရင် မကောင်းတာလုပ်ခိုင်းမှာ မဟုတ်ဘူး။ ကောင်းတာပဲခိုင်းမှာ။ ကောင်းသောအမည်နဲ့ ကောင်းသော ကျော်ကြားခြင်းကို ပဲ ဖြစ်အောင်လုပ်ခိုင်းမှာပါ==လို့ ဆိုပါတယ်။ 

ဆက်လက်ပြီးလည်း သူမရဲ့ စိတ်သဘောထားကို အခုလို ပြောပြပါတယ်။ ...ခင်ဝင့်ဝါက မခံချင်စိတ်ရှိတော့ရှိတယ်။ အငြိုးအတေးတော့ မရှိဘူး။ သူကတော့ မင်းသမီးမဖြစ်နိုင်ဘူး ဆိုပြီး ပြောပေမယ့် အခုတော့ မင်းသမီးဖြစ်နေပြီ။ သူက ကိုယ့်ကို မှတ်မိရဲ့လားလို့ တစ်ခါတလေတွေးမိတယ်။ သူအဲဒီပြောတဲ့ အချိန်တုန်းကဒေါသမဖြစ်ခဲ့သလို အခုလည်းဒေါသမဖြစ်ပါဘူး။ ကိုယ်က အဲဒါကိုတွန်းအားအဖြစ် ယူပြီးကြိုးစားခဲ့လို့ ဘာဆုံးရှုံးမှုမျိုးမှ လည်း မဖြစ်ခဲ့ပါဘူး ...။ လို့ ပြောပြခဲ့ပါတယ်။

Sunday Journal
နာမည်ကြီး ကြော်ငြာဒါရိုက်တာတစ်ဦးကို Sexy Dance ကမပြလို့ ကြော်ငြာရိုက်ကူးဖို့ ငြင်းပယ်ခံရဖြစ်ခဲ့တဲ့ ခင်ဝင့်ဝါက အဲဒီ ဖြစ်ရပ်အပေါ် Sunday ကို အခုလိုရှင်းပြပါတယ်။ -- ပြောရရင် အဲဒီလိုမျိုး မကပြဖြစ်ခဲ့လို့ နောင်တရတာမျိုး မရှိခဲ့ဘူး။ ခင်ဝင့်ဝါ က ကံကို ယုံကြည်ပါတယ်။ အဲဒီအချိန်မှာ ဖြစ်နေခဲ့တဲ့ ကိုယ့်ရဲ့ ယုံကြည်မှုကလည်း စေတနာကောင်းစရင် ကံကောင်းမယ်။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလုပ်က မကောင်းမှန်းသိသိကြီးနဲ့တော့ မလုပ်နိုင်ဘူး။ ကိုယ့်ကို အဲဒီတုန်းက မရွေးဘူး
ဆိုတော့လည်း ၀မ်းမနည်းပါဘူး။ ကိုယ့်ရဲ့ အကျင့်စာရိတ္တ၊ အကျင့်သိက္ခာကို ထိခိုက်စေတဲ့ ပုံစံမျိုးဆိုရင် ဘယ်လိုမက်လုံးပေးပေးလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ကို တကယ်လာပြီး မြေတောင်မြှောက်ပေးမယ့်လူဆိုရင် မကောင်းတာလုပ်ခိုင်းမှာ မဟုတ်ဘူး။ ကောင်းတာပဲခိုင်းမှာ။ ကောင်းသောအမည်နဲ့ ကောင်းသော ကျော်ကြားခြင်းကို ပဲ ဖြစ်အောင် လုပ်ခိုင်းမှာပါ==လို့ ဆိုပါတယ်။

ဆက်လက်ပြီးလည်း သူမရဲ့ စိတ်သဘောထားကို အခုလို ပြောပြပါတယ်။ ...ခင်ဝင့်ဝါက မခံချင်စိတ်ရှိတော့ရှိတယ်။ အငြိုးအတေးတော့ မရှိဘူး။ သူကတော့ မင်းသမီးမဖြစ်နိုင်ဘူး ဆိုပြီး ပြောပေမယ့် အခုတော့ မင်းသမီးဖြစ်နေပြီ။ သူက ကိုယ့်ကို မှတ်မိရဲ့လားလို့ တစ်ခါတလေတွေးမိတယ်။ သူအဲဒီပြောတဲ့ အချိန်တုန်းကဒေါသမဖြစ်ခဲ့သလို အခုလည်းဒေါသမဖြစ်ပါဘူး။ ကိုယ်က အဲဒါကိုတွန်းအားအဖြစ် ယူပြီးကြိုးစားခဲ့လို့ ဘာဆုံးရှုံးမှုမျိုးမှ လည်း မဖြစ်ခဲ့ပါဘူး ...။ လို့ ပြောပြခဲ့ပါတယ်။

Sunday Journal

No comments:

Post a Comment