Friday, October 17, 2014

နားရက်နားပေမယ့် အိမ်ရှင်အသင်းနဲ့ ပရိတ်သတ်ရဲ့အရှိန်အ၀ါကို စိုးရိမ်ပူပန်မှာ မဟုတ်ကြောင်း ယူအေအီးနည်းပြ ပြောဆို

ယူအေအီး နည်းပြဖြစ်သူ Abdulla Ahmed Mesfer က ၎င်း၏အသင်းသည် ပြိုင်ဘက် အခြေအနေပေါ် မူတည်၍ နည်းစနစ်များ ပြောင်းလဲကျင့်သုံး တတ်ကြောင်း၊ ကွာတားဖိုင်နယ် ပွဲစဉ်အတွက် မြန်မာအသင်းသည် နားရက် တစ်ရက် ပိုရထားကြောင်းနှင့် မိမိအသင်းသည် အိမ်ရှင်ပရိတ်သတ်များ၏ အရှိန်အ၀ါကို ကြောက်လန့်နေမည် မဟုတ်ကြောင်း ရင်ဖွင့်ပြောဆိုခဲ့သည်။

“မြန်မာအသင်းနဲ့ ကစားရမယ့်ပွဲမှာ ကျွန်တော်တို့ ကစားသွားမယ့် နည်းစနစ်ကတော့ အုပ်စုအဆင့် ပွဲတွေမှာ ကျွန်တော်တို့ အသုံးပြုခဲ့တဲ့ နည်းစနစ်တွေနဲ့ တူညီနိုင်မှာ မဟုတ်ပါဘူး။ အုပ်စုအဆင့် ပွဲစဉ်တွေမှာ ပွဲတစ်ခုချင်းစီအတွက် ကျွန်တော်တို့ ပြိုင်ဘက်အခြေအနေကို ကြည့်ပြီး သင့်လျော်မယ့် နည်းစနစ်တွေကို ကျင့်သုံးခဲ့ပါတယ်။

တကယ့်ကို အခက်အခဲ တစ်ခု ဖြစ်စေတာက ကျွန်တော်တို့ အင်အားပြန်လည် ဖြည့်တင်းမယ့် ကိစ္စပါပဲ။ ကျွန်တော်တို့ နားရက်(၂)ရက်တည်း ရပါတယ်။ တစ်ရက်က နေပြည်တော်ကနေ ရန်ကုန်ကို လာကစားရမှာမို့ ခရီးသွားတာနဲ့တင် ကုန်ဆုံးသွားမှာပါ။ (၂၄)နာရီပဲ အင်အားဖြည့်တင်းဖို့ အချိန်ကျန်ပါတော့တယ်။ ဒီကိစ္စက ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အဓိက ပြသာနာတစ်ခုပါ။ ကျွန်တော်တို့ ပြိုင်ဘက် မြန်မာအသင်းကတော့ နားရက်(၃)ရက်တောင် ရထားပါတယ်။

"ပရိတ်သတ်ရဲ့ အရှိန်အ၀ါကို ကျွန်တော်တို့ ကြောက်လန့်နေမှာ မဟုတ်ပါဘူး။ အိမ်ရှင်ပရိတ်သတ်ရဲ့ အားပေးမှုရှေ့မှာ မြန်မာအသင်းနဲ့ ကျွန်တော်တို့ တိုက်ပွဲဝင် သွားမှာပါ။ အိမ်ရှင်ပရိတ်သတ်တွေရဲ့ အားပေးသံအောက်မှာ မြန်မာအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် အခွင့်အရေးကို ကျွန်တော်တို့ စောင့်မျှော်နေတာပါ”ဟု Abdulla Ahmed Mesfer က ပြောဆိုသွားခဲ့သည်။

ယူအေအီးအသင်းသည် အုပ်စုဘီတွင် အင်ဒိုနီးရှား၊ သြဇီ၊ ဥဇဘတ်ကစ်စတန်အသင်းတို့နှင့် အတူမဲကျခဲ့ပြီး အင်ဒိုနီးရှားအား (၄-၁)ဂိုးဖြင့် အနိုင်ရခဲ့ပြီး ကျန်(၂)ပွဲအား တစ်ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့သည်။ ယူအေအီးအသင်း၏ တန်ပြန်တိုက်စစ် ကစားပုံမှာ ကောင်းမွန်လွန်းသောကြောင့် မိမိအသင်း အခက်အခဲ ကြုံတွေ့ခဲ့ရကြောင်း သြဇီနည်းပြ ဖြစ်သူက ထုတ်ဖော်ပြောကြားခဲ့သည်။

Ref; afc.com
ရင်သွေးငယ်

Credit to Football Café

No comments:

Post a Comment