Thursday, October 23, 2014

ဒီကေဘီအေ(ကလိုထူးဘော)အဖွဲ့ ဒုဗိုလ်မှူးကြီးစောဆန်းအောင်ကို ထုတ်ပယ်

အစိုးရတပ်နှင့် ဒီကေဘီအေ(ကလိုထူးဘော)အဖွဲ့မှ ဒုဗိုလ်မှူးကြီးစောဆန်းအောင်ဦးဆောင်သောတပ်နှင့် ထိတွေ့မှုဖြစ်ခဲ့သည့် ကျိုက်မရောဖြစ်စဉ်နှင့်ပတ်သက်၍ ဖြေရှင်းချက်မပေးနိုင်ခြင်းကြောင့်ဟုဆိုကာ ဒုဗိုလ်မှူးကြီး စောဆန်းအောင်ကို ၎င်း၏မိခင်တပ်ရင်းကထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၁ ရက်စွဲဖြင့် ဒီကေဘီအေ (ကလိုထူးဘော)တပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးလက်မှတ်ထိုးကာအဖွဲ့အစည်းမှ ထုတ်ပယ် လိုက်သည့်အပြင် ပေးအပ်ထား သော ရာထူးတာဝန်များကိုလည်း ရုပ်သိမ်းလိုက်ကြောင်း ပါရှိ သည်။

ဒီကေဘီအေပြန်ကြားရေး တာဝန်ခံဗိုလ်ကြီးစောစိုးမြင့်က ဒုတိယဗိုလ်မှူးကြီး စောဆန်း အောင်ကို ဌာနချုပ်ကထုတ်ပယ် လိုက်ခြင်းမှာ စစ်ဦးစီးချုပ်ဗိုလ်ချုပ် ကြီးစောလားပွယ်တစ်ဦးတည်း၏ ဆုံးဖြတ်ချက်မဟုတ်ဘဲ ဌာနချုပ် ခေါင်းဆောင်များဒီမိုကရေစီနည်း လမ်းကျကျဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်းပြောသည်။ ဒုဗိုလ်မှူး ကြီး စောဆန်းအောင်ကိုဆက်သွယ် မေးမြန်းရာ ဖုန်းပိတ်ထားသည်။

‘‘ဌာနချုပ်က သဘောထား ကြီးကြီးနဲ့ ဒီဖြစ်စဉ်ကိုလာဖြေရှင်း ဖို့ အကြောင်းကြားခဲ့ပေမယ့် နောက်ဆုံးအချိန်အထိရောက်မ လာဘူး။ ဌာနချုပ်က စောင့်ဆိုင်း ခဲ့တဲ့ရက်ထက်ကျော်လွန်ခဲ့ပြီပေါ့။ ဒါကိုလည်း ဌာနချုပ်ကစိတ်ရှည် သည်းခံပြီးစောင့်နေပေးတယ်။ နောက်ဆုံးလာမရှင်းပေးလို့ အား လုံးစည်းဝေးပြီး အမိန့်စာထုတ် လိုက်တာပါ’’ဟုဗိုလ်ကြီးစောစိုး မြင့်ကပြောသည်။

ဒီကေဘီအေ(ကလိုထူးဘော)မှ ဒုဗိုလ်မှူးကြီးစောဆန်းအောင်သည်စက်တင်ဘာ ၂၆ ရက်က ကျိုက်မရောမြို့တွင်အစိုးရတပ်ခလရ(၂၀၈)နှင့် ဒီကေဘီအေဖြစ် ပွားသောတိုက်ပွဲ၌ အဓိကတာ ၀န်ရှိသူဖြစ်ကြောင်းထုတ်ပြန် ချက်တွင်ရေးသားထားသည်။ထို စဉ်က အစိုးရဘက်မှ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၃၀အပြင် သေနတ် ၁၂ လက်ကိုပါ ဒီကေဘီအေက ယာယီထိန်းသိမ်းခဲ့သည်။

ဒီကေဘီအေကထိန်းသိမ်းခဲ့ သည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ကို ပစ်ခတ်မှုဖြစ်ပြီးနောက်တစ် နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီးသေ နတ်များကိုမူအောက်တိုဘာ ၆ ရက်နှင့် ၁၁ရက် နှစ်ရက်ခွဲ၍ အစိုးရတပ်ထံပြန်အပ်ပေးခဲ့သည်။ ပထမအကြိမ်က ဒုဗိုလ်မှူးကြီးစောဆန်း အောင်ဦးဆောင်၍ ပြန်အပ်ပေးခဲ့ ခြင်းဖြစ်ပြီး ဒုတိယအကြိမ်တွင်ဒု တိယစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောမိုရှေးဦးဆောင်ကာအပ်ပေး ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က တည်းကပင် ဒုဗိုလ်မှုးကြီးစောဆန်းအောင်ကို အစိုးရဘက်က ဖမ်းဝရမ်းထုတ်ထားကြောင်းသတင်းများထွက်ပေါ်ခဲ့သော်လည်း နှစ်ဖက်စလုံးကအတည်ပြုမပေးခဲ့ချေ

ကျိုက်မရောပစ်ခတ်မှုမှ စ တင်သည့် တင်းမာမှုများအတွင်း အစိုးရတပ်နှင့်လက်နက်ကိုင်တပ် ဖွဲ့အချို့ ကရင်နှင့် မွန်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ နှစ်ဖက် ထိခိုက်မှုရှိသည့်အပြင်အရပ်သား ခြောက်ဦးထက်မနည်းသေဆုံးခဲ့ သည်။ အောက်တိုဘာ ၁၁ရက်က ဒေါနတောင်အလယ်ဘိုတဲလက် နက်ကြီးကျရောက်မှုတွင် အရပ်သားငါးဦးသေဆုံးခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့် အမျိုးသား တစ်ဦးထပ်မံသေဆုံးခဲ့သောကြောင့် အရပ်သားခြောက်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။

7Day Daily

No comments:

Post a Comment