Thursday, October 23, 2014

နိုင်ငံခြားသားအဖြစ်ခံယူထားသူ ၁၇ ဦးကို နိုင်ငံသားအဖြစ်ထပ်မံခွင့်ပြု

ပြည်ပရောက် မြန်မာ နိုင်ငံသားအတတ်ပညာရှင်များ ပြန်လာရန် သမ္မတကဖိတ်ခေါ်ပြီး သုံးနှစ်အတွင်း အခြားနိုင်ငံသား အဖြစ်ခံယူထားသည့် ၁၇ ဦးကို နိုင်ငံသားအဖြစ်ထပ်မံခွင့်ပြုခဲ့ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘ကျန်တဲ့သူကတော့ စိစစ် နေတုန်းပါ။ မကြာခင်တော့သိရ မယ်’’ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။

အခြားနိုင်ငံသားအဖြစ်ခံယူ ထားသူ မြန်မာနိုင်ငံသား ၁၆၄ ဦး က နိုင်ငံသားအဖြစ်ပြန်လည်ခွင့် ပြုရန် ဝန်ကြီးဌာနကိုလျှောက် ထားရာ အဆိုပါဝန်ကြီးဌာနက ၆၈ ဦးကို သြဂုတ်တွင် ပထမ အကြိမ်ခွင့်ပြုခဲ့ပြီး ဒုတိယအကြိမ် ၁၇ ဦးကို ထပ်မံခွင့်ပြုလိုက်ခြင်းဖြစ်သည်

သမ္မတက နိုင်ငံအတွင်း နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ကိစ္စရပ်များဆောင်ရွက်ရန် ဖိတ် ခေါ်ပြီးနောက် အခြားနိုင်ငံသား အဖြစ်ခံယူထားသည့် လူဦးရေ ဆယ်ဂဏန်းသာ ပြန်လည်လျှောက်ထားရာမှ သုံးနှစ်တာကာလအ တွင်း စုစုပေါင်း၁၅၀ကျော်ရှိပြီဖြစ် သည်။

မြန်မာနိုင်ငံသားအဖြစ် ပြန် လည်ခွင့်ပြုချက်ရရှိသည့် စာရင်း တွင် အမေရိကန်နှင့် သြစ တြေးလျနိုင်ငံသားအဖြစ် ခံယူ ထားသူအများအပြားပါဝင်သည်။

ယခင်က မှတ်ပုံတင်ရှိပြီး နိုင်ငံခြား၌နေထိုင်နေစဉ် ပတ်စ်ပို့ သက်တမ်းကုန်ဆုံးသူများ၊ ပတ်စ် ပို့မရှိသူများနှင့် နိုင်ငံခြားတွင် Travel Document ကိုင်ဆောင် ထားသူများသည် အခြားနိုင်ငံ သားအဖြစ် မခံယူထားသော် လည်း အလိုအလျောက် မြန်မာ နိုင်ငံသားအဖြစ်မှ ပျက်ပြယ်သည်။ ထိုအခါ မူလကိုင်ဆောင်ထား သော မှတ်ပုံတင်များ တရားမဝင်တော့၍ ပြန်လည်လျှောက်ထား နိုင်သည်။

မှတ်ပုံတင်လျှောက်ထားသူ များကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံ တော်သမ္မတရုံး၊ အစိုးရအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ စိစစ်မည် ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးမှ ရပ်/ကျေးမြို့နယ်ခရိုင်တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆင့်ရှိ လဝကရုံးများတွင်လျှောက်ထား သူသည် မြန်မာနိုင်ငံတွင် နေထိုင် စဉ်က မွေးဖွားသည်မှထွက်ခွာ သည့်အချိန်အထိ ဘယ်အရပ် ဒေသတွင်နေထိုင်သည့် သန်း ခေါင်စာရင်း၊ ပုံစံ(၁၀)လက်ရှိ မှတ်တမ်း/မှတ်တမ်းဟောင်းများ ကိုစိစစ်ပြီး အခြားဝန်ကြီးဌာနများ ထံ တင်ပြမည်ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနက လည်း မြန်မာနိုင်ငံတွင်နေထိုင် စဉ် ရာဇဝတ်မှုမှတ်တမ်းများကို စစ်ဆေးခြင်း၊ အခွန်တိမ်းရှောင် ကာ အစိုးရနှင့်ငွေကြေးကိစ္စမှုခင်း ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည်။ စစ်ဆေးတွေ့ရှိချက်များကို အစိုး ရအဖွဲ့ဝန်ကြီးများအစည်းအဝေး တွင်တင်ပြပြီး ယင်းအစည်းအဝေး ဆုံးဖြတ်ချက်က ရာဇဝတ်မှုနှင့် အစိုးရနှင့်စီးပွားရေး အရှုပ်အရှင်း ကင်းသူများကို မြန်မာနိုင်ငံသား အဖြစ် ပြန်လည်အသိအမှတ်ပြု နိုင်ငံသားစိစစ်ရေးကတ်ပြန်လည် ထုတ်ပေးရေးထောက်ခံချက်ပေး ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြမည် ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ထောက်ခံ ချက်ပေးခြင်းခံရသူများသည် နိုင်ငံခြားမှာရှိနေစဉ် ထိုနိုင်ငံသား အဖြစ်ခံယူထားသည့်လက်မှတ် (သို့မဟုတ်) Travel Document ကို သက်ဆိုင်သည့်နိုင်ငံသို့ ပြန် အပ်ရမည်ဖြစ်သည်။ အပ်နှံပြီးစီး ကြောင်း စာနှင့်အတူ မြန်မာသံရုံး တွင် ပြည်တော်ပြန်ရန် CI(Certi ficate of Identification)ထုတ် ယူပြီး ပြန်ခဲ့ရမည်ဖြစ်သည်။ သို့မှ သာ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမည်ဖြစ်သည်

7Day Daily

No comments:

Post a Comment