Tuesday, October 14, 2014

လွတ်ငြိမ်းခွင့် ပါလာသူများကို လူဆိုးစာရင်းသွင်းပြီး သေဆုံးချိန်အထိ စောင့်ကြည့်သွားမည်

လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် အကျဉ်းထောင်မှ လွတ် မြောက်လာသူများအား ထောင် ကြွေးကျန်လူဆိုးစာရင်းသွင်းထား ပြီး သေဆုံးသည့်အချိန်အထိ ရဲ တပ်ဖွဲ့က စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မြင့်ထွေး က ပြောသည်။

နိုင်ငံတော်သမ္မတက ပြစ် ဒဏ်လွတ်ငြိမ်းသက်သာခွင့်များ ပေးသဖြင့် အကျဉ်းထောင်များမှ လွတ်မြောက် လာသူများကို ပြစ် ဒဏ်ကြွေးကျန်ရှိနေသူများအဖြစ် သတ်မှတ်ပြီး ပြင်ပတွင် ကောင်း မွန်စွာ နေထိုင်ကြမည်ဆိုသော ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ အပိုဒ် (၁)ကို ကတိပြုလက် မှတ်ရေးထိုး ထားကြရသည်။

‘‘လွတ်လာသူတွေကို နယ် ထိန်းမှတ်ပုံတင် ၃၀ မှာ စာရင်း သွင်းထားရပြီး ၄၀၁ လူဆိုးလို့ သတ်မှတ်ပါတယ်။ ထောင်လွတ် အကျဉ်းသားပါ။ သူတို့ကို စောင့် ကြည့်တဲ့စာရင်းထဲ ထည့်ထားရ ပါတယ်။ သူတို့ကို စောင့်ကြည့်နေရင်းနဲ့ ပျောက်သွားတယ်ဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားရပါတယ်။ အဲဒီလူမသေမချင်း၊ နောင်ပြစ်မှုမကျူးလွန်မချင်း အမြဲတမ်းစောင့်ကြည့်နေရပါတယ်’’ ဟု အောက်တိုဘာ ၁၁ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံး၌ ဒုရဲမှူး ကြီး မြင့်ထွေးပြောသည်။

၎င်းတို့သည် ပြစ်မှုကျူးလွန်ရန် ပိုမိုနီးစပ်လေ့ရှိပြီး ယခင်နှစ်များ၏ မှတ်တမ်းများတွင် ပေါ်ပေါက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းလွင်က ပြောသည်။

အဆိုပါ ပုဒ်မ ၄၀၁ နှင့် ပတ်သက်၍ ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်း အဝေး ကျင်းပသော ၂၀၁၃ ခု ဇူလိုင် ၂၉ ရက်တွင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ‘‘နိုင်ငံရေး အကျဉ်းသားဟောင်း များသည် အတိတ်က ဖြစ်ပျက် သမျှတွေကို မေ့ပျောက်၍ လက်ရှိနိုင်ငံတော် အစိုးရနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည် ပြီး လက်တွဲဆောင်ရွက်နေပြီဖြစ် သောကြောင့် ပုဒ်မ ၄၀၁၊ အပိုဒ် (၁)နှင့် မည်ကဲ့သို့သော အကျဉ်းသားများသည် အကျုံးဝင်၍ မည်ကဲ့သို့ သော အကျဉ်းသားများသည် အကျုံးမ၀င်ဘူးဆိုသည်ကို သိရှိ လိုပါသည်’’ဟု မေးခွန်းမေးမြန်းခဲ့ သည်။

ယင်းကို ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြန်လည်ဖြေကြားရာတွင် ‘‘အကျဉ်းထောင်အသီးသီးတွင် အကြောင်းအမျိုးမျိုးကြောင့် တည်ဆဲဥပဒေများအရ ပြစ်ဒဏ်ကျခံလျက် ရှိသည့် မည်သည့်အကျဉ်းသားမဆို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ အပိုဒ် (၁) နှင့် အကျုံးဝင်ပြီး ပြစ်ဒဏ်အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းမရှိပါ’’ဟု ဖြေကြားခဲ့သည်။

7Day Daily

No comments:

Post a Comment