Saturday, October 25, 2014

အကျိတ်များကို ချေဖျက် နိုင်သည့် မျိုးရိုးဗီဇသစ် ခုနစ်ခု သုတေသီများ တွေ့ရှိ

Photo: အကျိတ်များကို ချေဖျက် နိုင်သည့် မျိုးရိုးဗီဇသစ် ခုနစ်ခု သုတေသီများ တွေ့ရှိ
Saturday, October 25, 2014 

သုတေသီများသည် ဦးခေါင်းနှင့်လည်ပင်း ကင်ဆာ အကျိတ်များကို ချေဖျက်နိုင် သည့် မျိုးရိုးဗီဇသစ် ခုနစ်ခုကို ရှာဖွေတွေ့ရှိ ခဲ့သည်ဟု သိရသည်။

သုတေသီများသည် အဆိုပါမျိုးရိုး ဗီဇသစ် ခုနစ်ခုကို ရှာဖွေတွေ့ရှိနိုင်ရန်အတွက် နည်းလမ်းသစ် တစ်မျိုးကို အသုံးပြုခဲ့ကြပြီး အဆိုပါ နည်းလမ်းသစ်တွင် သုတေ သီများက အရေပြားအကျိတ် မျိုးရိုးဗီဇအတွက် မကြာသေးမီက အသုံးပြုခဲ့သော ဓာတ်ခွဲခန်း တစ်ခုကိုအသုံး ပြုကာ စစ်ဆေးလိုသည့် အသားစကို ယူ၍ ၎င်း အသားစ အတွင်း ပါရှိသည့် မျိုးရိုး ဗီဇများ၏ လုပ်ငန်း တာဝန်ကို စစ်ဆေးခဲ့ကြသည်ဟု သိရသည်။ 

ယခင် အသုံးပြုနေသည့် နည်းလမ်းများသည် ကြွက်အတွင်းရှိ မျိုးရိုးဗီဇ တစ်ခု၏ လုပ်ငန်းတာဝန်ကို ခွဲခြားနိုင်ရန် နှစ်နှစ်ကြာခန့် အချိန်ယူခဲ့ရပြီး ယခု နည်းလမ်းမှာမူ သီတင်းပတ် ငါးပတ်အတွင်း ကြွက်တစ်ကောင်အတွင်းရှိ မျိုးရိုးဗီဇ စုစုပေါင်း ၃ဝဝခန့်ကို ခွဲခြား သတ်မှတ်နိုင်ကြောင်း Rockefeller တက္ကသိုလ်၏ နို့တိုက် သတ္တဝါ ဆဲလ်များလေ့လာမှု ဆိုင်ရာ ဆရာဝန် တစ်ဦးဖြစ်သူ ဒန်းနီ ယယ်လ်ရှာ ရမက်ခ်က ပြောကြားသည်။

ယခုအသုံးပြုသည့် နည်းလမ်းသစ်တွင် သုတေသီများသည် မျိုးရိုးဗီဇ ထွက်ပေါ်လာမှုကို RNA မော်လီကျိုးများက တားဆီးသည့် RNA Interference နည်းလမ်းကို အသုံးပြုခဲ့ကြသည်။

RNA Interference နည်းလမ်းသည် ပုံမှန် ဖန်သားပြင်ပေါ်တွင် မမြင်တွေ့ နိုင်သည့် အကျိတ်ချေဖျက်သည့် မျိုးရိုး ဗီဇများကို ရှာဖွေရာတွင် ထိထိရောက်ရောက် အသုံးပြုနိုင်သည့် နည်းလမ်း တစ်ခု ဖြစ်ကြောင်း ဒန်နီယယ်လ်က ပြောကြားသည်။

မြ၀တီ
သုတေသီများသည် ဦးခေါင်းနှင့်လည်ပင်း ကင်ဆာအကျိတ်များကို ချေဖျက်နိုင် သည့် မျိုးရိုးဗီဇသစ် ခုနစ်ခုကို ရှာဖွေတွေ့ရှိ ခဲ့သည်ဟု သိရသည်။
သုတေသီများသည် အဆိုပါမျိုးရိုး ဗီဇသစ် ခုနစ်ခုကို ရှာဖွေတွေ့ရှိနိုင်ရန်အတွက် နည်းလမ်းသစ် တစ်မျိုးကို အသုံးပြုခဲ့ကြပြီး အဆိုပါ နည်းလမ်း သစ်တွင် သုတေ သီများက အရေပြားအကျိတ် မျိုးရိုးဗီဇအတွက် မကြာသေးမီက အသုံးပြုခဲ့သော ဓာတ်ခွဲခန်း တစ်ခုကိုအသုံး ပြုကာ စစ်ဆေး လိုသည့် အသားစကို ယူ၍ ၎င်း အသားစ အတွင်း ပါရှိသည့် မျိုးရိုး ဗီဇများ၏ လုပ်ငန်း တာဝန်ကို စစ်ဆေးခဲ့ကြသည်ဟု သိရသည်။

ယခင် အသုံးပြုနေသည့် နည်းလမ်းများသည် ကြွက်အတွင်းရှိ မျိုးရိုးဗီဇ တစ်ခု၏ လုပ်ငန်းတာဝန်ကို ခွဲခြားနိုင်ရန် နှစ်နှစ်ကြာခန့် အချိန်ယူခဲ့ရပြီး ယခု နည်းလမ်းမှာမူ သီတင်းပတ် ငါးပတ်အတွင်း ကြွက်တစ်ကောင်အတွင်းရှိ မျိုးရိုးဗီဇ စုစုပေါင်း ၃ဝဝခန့်ကို ခွဲခြား သတ်မှတ်နိုင်ကြောင်း Rockefeller တက္ကသိုလ်၏ နို့တိုက် သတ္တဝါ ဆဲလ်များလေ့လာမှု ဆိုင်ရာ ဆရာဝန် တစ်ဦးဖြစ်သူ ဒန်းနီ ယယ်လ်ရှာ ရမက်ခ်က ပြောကြားသည်။

ယခုအသုံးပြုသည့် နည်းလမ်းသစ်တွင် သုတေသီများသည် မျိုးရိုးဗီဇ ထွက်ပေါ်လာမှုကို RNA မော်လီကျိုးများက တားဆီးသည့် RNA Interference နည်းလမ်းကို အသုံးပြုခဲ့ကြသည်။

RNA Interference နည်းလမ်းသည် ပုံမှန် ဖန်သားပြင်ပေါ်တွင် မမြင်တွေ့ နိုင်သည့် အကျိတ်ချေဖျက်သည့် မျိုးရိုး ဗီဇများကို ရှာဖွေရာတွင် ထိထိရောက်ရောက် အသုံးပြုနိုင်သည့် နည်းလမ်း တစ်ခု ဖြစ်ကြောင်း ဒန်နီယယ်လ်က ပြောကြားသည်။

မြ၀တီ

No comments:

Post a Comment