Saturday, October 25, 2014

မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းမှ တရားမဝင်ကုန်စည် နေ့စဉ် ကျပ်သိန်းခုနှစ်ထောင်ကျော်ဖိုး ဖမ်းမိ

Photo: မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းမှ တရားမဝင်ကုန်စည် နေ့စဉ် ကျပ်သိန်းခုနှစ်ထောင်ကျော်ဖိုး ဖမ်းမိ
Saturday, October 25, 2014 

နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများ အဆက်မပြတ် စီးဆင်းလျက်ရှိရာ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှ တရားမဝင် ကုန်ပစ္စည်း ကျပ်သိန်းခုနစ်ထောင်ကျော်ဖိုး နေ့စဉ် ဖမ်းဆီးရမိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

မန္တလေးမြို့တော် ရတနာပုံစူပါ စင်တာရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံးခန်းတွင် အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပသည့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းအစီအမံများ ရှင်းလင်းပြောကြားသည့် အခမ်းအနားတွင် တက်ရောက်လာသော လုပ်ငန်းရှင်များ၏ မေးမြန်းချက်ကို ၎င်းက ယင်းသို့ ဖြေကြားသွားခြင်း ဖြစ်သည်။

Mobile Team အဖွဲ့များ အနေနှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်း၊ မူဆယ်-မန္တလေး လမ်းကြောင်း ၁၆ မိုင်တို့တွင် နေ့စဉ် ဖမ်းဆီးရရှိမှုများ ရှိနေပြီး ကားများကို တန်ချိန်ခိုး၍ တင်ဆောင်ခြင်း၊ ဂျုတီစာရင်းပါ ကုန်ပစ္စည်းများ မဟုတ်ဘဲ အခြားကုန်ပစ္စည်းများ တင်ဆောင်ခြင်းတို့ကို အဓိကတွေ့ရှိရပြီး နေ့စဉ် ကျပ်သိန်းခုနစ်ထောင်မှ ရှစ်ထောင်ထိ တရားမဝင် ကုန်စည်စီးဆင်းမှုများ ရှိနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ပျောက်ကွယ်သွားအောင် လုပ်ဖို့ကတော့ အင်အားနဲ့အချိန် လိုအပ်ပါတယ်။ လက်ရှိအနေအထားနဲ့ အရေးယူနေတာဟာ တရားမဝင် ကုန်စည်စီးဆင်းမှု လျော့ကျသွားအောင်သာ လုပ်ဆောင်နိုင်ပါသေးတယ်” ဟု ဦးသိန်းဝင်းက ဆိုသည်။

မန္တလေး ဈေးကွက်အတွင်းသို့ ရောက်ရှိလာသော လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများသည် အခွန်ရာနှုန်းပြည့်ဆောင်ပြီး ဝင်ရောက်လာခြင်း ရှိသကဲ့သို့ အခွန်တစ်ဝက်ဖြင့် ရောက်ရှိလာသော ကုန်ပစ္စည်းများ ရှိနေကာ ချင်းရွှေဟော်ဘက်မှ ဝင်ရောက်လာသော ကုန်ပစ္စည်းများသည် အများအားဖြင့် အခွန်တစ်ဝက်သာ ဆောင်လာကြသဖြင့် ဈေးကွက်အတွင်း အခွန်အပြည့် ဆောင်ထားသည့် လုပ်ငန်းရှင်များက ဈေးနှုန်း ယှဉ်မရောင်းနိုင်ကြောင်း လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန် ထုတ်လုပ်ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌ ဦးနေလင်းက သုံးသပ်ပြောကြားသည်။

“ဖမ်းနေရုံ စစ်ဆေးနေရုံနဲ့ မပြီးဘူး။ လုပ်ငန်းရှင်တွေကို ဂျူတီဆောင်ချင်အောင် ဂျူတီဆောင်ထားတဲ့ လူတွေကို ကာကွယ်ဖို့ကို ဆောင်ရွက်ဖို့လိုတယ်” ဟု ၎င်းကဆိုသည်။

တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီးရေးနှင့် တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိစေရေးအတွက် ကုန်စည်တရားမဝင် ဝင်ရောက်မှုကို ၂၀၁၂ခုနှစ်မှ စတင်ကာ နယ်စပ်လမ်းကြောင်းများတွင် စစ်ဆေးခဲ့ပြီး မန္တလေးမြို့တော်ရှိ လေကြောင်းနှင့် ရေကြောင်းတို့တွင် ယင်းသို့ စစ်ဆေးရန် ၂၀၁၃ ခုနှစ်ကတည်းက အစီအစဉ် ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် အောက်တိုဘာလမှသာ စတင် ဆောင်ရွက်နိုင်ခဲ့သည်။

The Voice Weekly
နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများ အဆက်မပြတ် စီးဆင်းလျက်ရှိရာ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှ တရားမဝင် ကုန်ပစ္စည်း ကျပ်သိန်းခုနစ်ထောင်ကျော်ဖိုး နေ့စဉ် ဖမ်းဆီးရမိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။
မန္တလေးမြို့တော် ရတနာပုံစူပါ စင်တာရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံးခန်းတွင် အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပသည့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းအစီအမံများ ရှင်းလင်းပြော ကြားသည့် အခမ်းအနားတွင် တက်ရောက်လာသော လုပ်ငန်းရှင်များ၏ မေးမြန်းချက်ကို ၎င်းက ယင်းသို့ ဖြေကြား သွားခြင်း ဖြစ် သည်။

Mobile Team အဖွဲ့များ အနေနှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်း၊ မူဆယ်-မန္တလေး လမ်းကြောင်း ၁၆ မိုင်တို့တွင် နေ့စဉ် ဖမ်းဆီးရရှိမှုများ ရှိနေပြီး ကားများကို တန်ချိန်ခိုး၍ တင်ဆောင်ခြင်း၊ ဂျုတီစာရင်းပါ ကုန်ပစ္စည်းများ မဟုတ်ဘဲ အခြားကုန်ပစ္စည်းများ တင်ဆောင်ခြင်းတို့ကို အဓိကတွေ့ရှိရပြီး နေ့စဉ် ကျပ်သိန်းခုနစ်ထောင်မှ ရှစ်ထောင်ထိ တရားမဝင် ကုန်စည်စီးဆင်းမှုများ ရှိနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ပျောက်ကွယ်သွားအောင် လုပ်ဖို့ကတော့ အင်အားနဲ့အချိန် လိုအပ်ပါတယ်။ လက်ရှိအနေအထားနဲ့ အရေးယူနေတာဟာ တရားမဝင် ကုန်စည် စီးဆင်းမှု လျော့ကျသွားအောင်သာ လုပ်ဆောင်နိုင်ပါသေးတယ်” ဟု ဦးသိန်းဝင်းက ဆိုသည်။

မန္တလေး ဈေးကွက်အတွင်းသို့ ရောက်ရှိလာသော လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများသည် အခွန်ရာနှုန်းပြည့်ဆောင်ပြီး ဝင်ရောက် လာခြင်း ရှိသကဲ့သို့ အခွန်တစ်ဝက်ဖြင့် ရောက်ရှိလာသော ကုန်ပစ္စည်းများ ရှိနေကာ ချင်းရွှေဟော်ဘက်မှ ဝင်ရောက်လာသော ကုန်ပစ္စည်း များသည် အများအားဖြင့် အခွန်တစ်ဝက်သာ ဆောင်လာကြသဖြင့် ဈေးကွက်အတွင်း အခွန်အပြည့် ဆောင်ထားသည့် လုပ်ငန်းရှင် များက ဈေးနှုန်း ယှဉ်မရောင်းနိုင်ကြောင်း လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန် ထုတ်လုပ်ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌ ဦးနေလင်းက သုံးသပ်ပြောကြားသည်။

“ဖမ်းနေရုံ စစ်ဆေးနေရုံနဲ့ မပြီးဘူး။ လုပ်ငန်းရှင်တွေကို ဂျူတီဆောင်ချင်အောင် ဂျူတီဆောင်ထားတဲ့ လူတွေကို ကာကွယ်ဖို့ကို ဆောင်ရွက်ဖို့ လိုတယ်” ဟု ၎င်းကဆိုသည်။

တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီးရေးနှင့် တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိစေရေးအတွက် ကုန်စည်တရားမဝင် ဝင်ရောက်မှုကို ၂၀၁၂ခုနှစ်မှ စတင်ကာ နယ်စပ်လမ်းကြောင်းများတွင် စစ်ဆေးခဲ့ပြီး မန္တလေးမြို့တော်ရှိ လေကြောင်းနှင့် ရေကြောင်းတို့တွင် ယင်းသို့ စစ်ဆေးရန် ၂၀၁၃ ခုနှစ်ကတည်းက အစီအစဉ် ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် အောက်တိုဘာလမှသာ စတင် ဆောင်ရွက်နိုင်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment