Tuesday, October 7, 2014

စွပ်စွဲခံနေရသည့် မြန်မာနိုင်ငံသား(၂)ဦးအား ဥပဒေအရ ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အဝ ခံစားခွင့်ရရှိရေး၊ တရားမျှတသည့် စုံစမ်းမှုဖြစ်ရေး တို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းရှိ အပန်းဖြေ ကမ်း ခြေ စခန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး စက်တင်ဘာ(၁၅)ရက်က အသတ်ခံ ရမှုဖြင့် အခင်းဖြစ်ပွားရာ နေရာနှင့် အနီးအနားတွင် အလုပ်လုပ်ကိုင်နေ သည့် မြန်မာနိုင်ငံ သား(၃)ဦးအား အောက်တိုဘာ(၃)ရက် က ဖမ်းဆီးခဲ့ကြောင်း သိရ သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိမိနိုင်ငံသားများ မတရားစွပ်စွဲခံရမှုမရှိစေရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာ (၅)ရက် တွင် ဒုတိယအတွင်းဝန် ဦးထွန်းအေး၊ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ ကော်မတီဝင်များ၊ ဆူရတ်ဌာနီ ခရိုင်နေ ရှေ့နေ ဦးအောင်မျိုးသန့်၊ FED ပညာ ရေး ဖောင်ဒေးရှင်းမှ ထိုင်းရှေ့နေ(၂)ဦး၊ ကော်မတီဝင် ဦးကျော်သောင်းတို့အား လက်ရှိချုပ်နှောင် ထားသည့် ကော့ စမွတ် ထောင် သို့ စေလွှတ်ခဲ့ပြီး ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန သို့လည်း ဆက်သွယ်အကြောင်းကြား ခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် စွပ်စွဲခံရသည့် မြန်မာနိုင်ငံသား(၂)ဦးအား အမှန်တကယ်ကျူးလွန်ခြင်း ရှိ/မရှိ၊ ခြိမ်းခြောက်ပြောဆို ဝန်ခံ ခိုင်းခြင်း ရှိ/မရှိ၊ ငွေကြေး သို့မဟုတ် ရိုက်နှက်ပြီး အကြောက်တရားဖြင့် ဝန်ခံခိုင်းခြင်းရှိ/မရှိ စသည့်အချက်များကို မေးမြန်း၍ ဥပဒေနှင့် အညီ အကာ အကွယ်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ သည်။

မြန်မာသံရုံးအနေဖြင့် စွပ်စွဲခံနေရသည့် မြန်မာနိုင်ငံသား(၂)ဦးအား ဥပဒေအရ ရသင့်ရထိုက်သည့် အခွင့် ရေးများ အပြည့်အဝခံစားခွင့်ရရှိရေး၊ တရားမျှတသည့် စုံစမ်းမှုဖြစ်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုင်းအာဏာပိုင် များနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment