Thursday, October 30, 2014

ကိုပါကြီးအမှု အမေရိကန်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အစိုးရကို ဖိအားပေး

တပ်မတော်မှ ဖမ်းဆီး ထားစဉ် သေဆုံးသွားသည့် အ လွတ်တန်းသတင်းထောက် ကိုပါ ကြီး သေဆုံးမှုကို ပွင့်လင်းမြင်သာ မှုရှိစွာဖြင့် စုံစမ်းစစ်ဆေးပေးရန် အမေရိကန်ပြည်ထောင်စု အစိုးရ အပါအ၀င် နိုင်ငံတကာ လူ့အခွင့် အရေး လှုပ်ရှားသည့် အဖွဲ့အ စည်းများက မြန်မာအစိုးရကို တိုက်တွန်းကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်တွင်း သတင်းရယူနေစဉ် တပ်မတော်၏ ဖမ်းဆီးသတ်ဖြတ်ခံရသော အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှုအတွက်အမေရိကန်အစိုးရက အလေးအနက် စိုးရိမ်ကြောင်းနှင့် ၎င်းဖမ်းဆီးခံရသည့် ဖြစ်စဉ်အပြည့်အစုံကို ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးရန် တိုက်တွန်းကြောင်း အမေရိကန်သံရုံးက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာ သ တင်းတစ်ရပ်က ဖော်ပြသည်။ သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၁ ရက်တွင် လာရောက်မည်ဖြစ်ရာ ယခု ကိုပါကြီး၏ ဖြစ်စဉ်မှာ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ဆွေးနွေးဖွယ် အကြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ပြောကြားမှုများလည်းရှိနေသည်။

ထို့ပြင် ၎င်းသေဆုံးမှုအ တွက် အဖြစ်မှန်ပေါ်ပေါက်ရန် နိုင်ငံရေးနှင့် လူမှုရေးအင်အားစု အဖွဲ့အစည်း ၃၀ ကျော်က ဆန္ဒ ဖော်ထုတ်ခဲ့ပြီးနောက် အမေရိ ကန်အစိုးရက ယခုကဲ့သို့ ကြေ ညာချက် ထွက်ပေါ်လာခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် သတင်းမီဒီ ယာ လွတ်လပ်ခွင့်အတွက် လှုပ် ရှားခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခံ ထားရသော သတင်းထောက်များ ကို လွှတ်ပေးရန်နှင့် ဒီမိုကရေစီ စနစ် ရှင်သန်တိုးတက် ဖွံ့ဖြိုးရန် သတင်းမီဒီယာလွတ်လပ်ခွင့်ကို မြန်မာအစိုးရက လေးစားရန် လိုကြောင်း အမေရိကန်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကို ကိုး ကား၍ ရိုက်တာက ဖော်ပြထားသည်။

အာရှလူ့အခွင့်အရေး ကောင် စီကလည်း ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ အရေးပေါ်အိတ်ဖွင့် ပေးစာ တစ်စောင်ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်သို့ တင် သွင်းသွားမည်ဖြစ်ကြောင်း DVB သတင်းဌာနတွင် ဖော်ပြထား သည်။

သတင်းထောက်များ ကာ ကွယ်စောင့်ရှောက်ရေးအဖွဲ့၏ အရှေ့တောင်အာရှဒေသတွင်း ကိုယ်စားလှယ် ရှောင်ခရစ်ပင်က လည်း စစ်တပ်က ဖမ်းဆီးထားစဉ် သတ်ဖြတ်ခံရသည့် ကိုအောင် ကျော်နိုင် သေဆုံးမှုအတွက် အ လွန် စိုးရိမ်ကြောင်းနှင့် ပြစ်မှုကျူး လွန်သူကို ဥပဒေနှင့်အညီ ပွင့် လင်းမြင်သာမှုရှိရှိ တရားစွဲဆို ဖော်ထုတ်ပေးရန် တိုက်တွန်း ကြောင်း ပြောကြားသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူ၏ လုံခြုံရေးကို ဖမ်းဆီးသူများက တာဝန်ယူရမည်ဖြစ်ပြီး ယခုကဲ့သို့ မြေမြှုပ်ပစ်ခြင်းမှာ အလွန်တာဝန် မဲ့၍ မိသားစုအတွက် နစ်နာရ ကြောင်းနှင့် တပ်မတော်၏သတင်းထုတ်ပြန်ချက်မှာ မယုံသင်္ကာဖြစ်ဖွယ် အချက်များစွာ ပါနေကြောင်း NLD ပါတီနာယက ဦးတင်ဦးက ပြောသည်။

ကိုပါကြီးမှာ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် စတင်ထူ ထောင်စဉ်ကတည်းက သုံးရောင်ခြယ် အဖွဲ့အနေဖြင့် ပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် အဖွဲ့ချုပ်အတွက် ကူညီ ဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်း ၎င်းက ပြောသည်။

7Day Daily

No comments:

Post a Comment