Monday, October 20, 2014

ပျောက်ဆုံး တောင်တက်သမား (၂) ဦးအား အမေရိကန် တောင်တက် အဖွဲ့မှ တောင်ထိပ် အထိ တက်ရောက် ရှာဖွေမည်

ပျောက်ဆုံး နေသော ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦးအား ရှာဖွေပေးရန် ထူး ဖောင်ဒေးရှင်းမှ ကမ်းလှမ်းထားသော အမေရိကန် တောင်တက် အဖွဲ့မှ ခါကာဘိုရာဇီ တောင်ထိပ်အထိ တက်ရောက် ရှာဖွေ သွားမည် ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်း မီဒီယာ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက် က The Messenger Media သို့ပြောသည်။

အဆိုပါ အမေရိကန် တောင်တက် အဖွဲ့သည် National Geographic Channal မှ ၀ါရင့် ကျွမ်းကျင် တောင်တက်သမား အဖွဲ့ ဖြစ်ပြီး အဆိုပါ တောင်တက်သမား ခြောက်ဦးနှင့်လည်း ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး အဖွဲ့သားများ ပူတာအိုတွင် ဆွေးနွေးပြီး ဖြစ်ကြောင်း ထူးဖောင်းဒေးရှင်းက သတင်းထုတ်ပြန်ထားသည်။

ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ အဆိုပါ အမေရိကန် တောင်တက် အဖွဲ့အား ရှာဖွေ ကယ်ဆယ်ရေးတွင် ပါဝင် ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ပြီး အဆိုပါ အဖွဲ့ အတွက် လိုအပ်သည့် သတင်း အချက်အလက် များနှင့် အခြား လိုအပ်သည် များကို ပံပိုးပေးခဲ့ကြောင်း ထူးဖောင်ဒေးရှင်းမှ သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ အမေရိကန် တောက်တက် ကယ်ဆယ်ရေး အဖွဲ့သည် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ပူတာအိုမှ ဆိုင်ကယ်များဖြင့် စတင် ထွက်ခွာခဲ့ ကြပြီး လမ်းခရီးတွင် ဒေသခံ အထမ်းသမားများ လိုအပ်လာသည့် အတွက် ထူးဖောင်ဒေးရှင်း ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့၊ နောင်မွန်း မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ ကူညီ စီစဉ်ပေးခဲ့၍ ယခုအခါ ခါကာဘိုရာဇီ တောင်ခြေရှိ Base Campသို့ ဒေသခံ အထမ်းသမား (၃၀) ဦးတို့ဖြင့် တက်ရောက်လျက် ရှိကြောင်း ထူးဖောင်ဒေးရှင်းမှ သတင်း ထုတ်ပြန် ထားသည်။

ထို့ပြင် ခါကာဘိုရာဇီ တောင်ထိပ်သို့ တက်နေသည့် ဂျပန် တောင်တက် အဖွဲ့ ကိုလည်း ပျောက်ဆုံး တောင်တက် သမားများကို ၎င်းတို့တက် သည့် လမ်းကြောင်း တစ်လျှောက် ကူညီ ရှာဖွေပေးရန် ဦးတေဇက အကူအညီ တောင်းခံခဲ့ကြောင်း ၊ ဂျပန် တောင်တက် အဖွဲ့တွင် တောင်တက် အဖွဲ့ဝင် (၁၁) ဦး ပါဝင်ပြီး၊ တောင်တက် အဖွဲ့ နှင့် ဒေသခံ အထမ်းသမား စုစုပေါင်း (၆၃) ဦးတို့သည် အောက်တိုဘာလ (၁၄) ရက်နေ့တွင်အမြင့်ပေ (၁၃၂၀၀) ရှိ Base Camp သို့ ရောက်ရှိနေကြပြီ ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းက သတင်း ထုတ်ပြန် ထားသည်။ ပျောက်ဆုံး နေသော တောင်တက် သမား နှစ်ဦးကို ရှာဖွေရန် ထူးဖောင်ဒေးရှင်းမှ တောင်တက် အဖွဲ့ အချို့ကို ကမ်းလှမ်းပြီး ရှာဖွေခဲ့ သော်လည်း တောင်တက် အဖွဲ့ များမှာ တောင်ထိပ်သို့ တက်ရောက် ရှာဖွေနိုင်ခြင်း မရှိခဲ့ကြောင်း ထူးဖောင်ဒေးရှင်းမှ သိရသည်။

messengernewsjournal

No comments:

Post a Comment