Monday, October 20, 2014

ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်း အခမ်းအနား DKBA ဌာနချုပ်တွင် ပြုလုပ်မည်

Photo: ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်း အခမ်းအနား DKBA ဌာနချုပ်တွင် ပြုလုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပေါင်းစည်းပြီး ကော်သူးလေတပ်မတော် (Kawthoolei Armed Forces– KAF) ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ် ဆုံဆည်းမြိုင်တွင် ပြုလုပ်မည် ဖြစ်ကြောင်း DKBA ဗိုလ်ကြီး စောစိုးမြင့်က The Voice သို့ ပြောကြားသည်။

အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ကော်သူးလေတပ်မတော် အဖြစ် ပေါင်းစည်းထားသော KNU/KNLA-PC၊ KNDO၊ DKBA၊ KNLA အဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့က နိုင်ငံရေးလုပ်ဖို့ ပေါင်းစည်းတာ မဟုတ်ပါဘူး။ ကရင့်အမျိုးသားရေးကို အဓိကထားပြီး လုပ်သွားမှာပါ။ အဲဒါကို တရားဝင် အခမ်းအနားနဲ့ ကျွန်တော်တို့ ဘယ်လိုရပ်တည်မလဲ ဆိုတာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပါမယ်” ဟု KNU/KNLA ဗဟိုကော်မတီဝင် ဒေါက်တာတင်မိုသီက ဆိုသည်။

ထို့အပြင် အဆိုပါ အခမ်အနားသို့ ကရင့်အမျိုးသားအစည်းအရုံး (KNU)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း DKBA ထံမှ သိရသည်။

အောက်တိုဘာ ၁၃ ရက်နေ့က ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော KNLA၊ KNDO၊ DKBA၊ KNU/KNLA-PC အဖွဲ့လေးဖွဲ့ ပြန်လည်ပေါင်း စည်းပြီး ကော်သူးလေတပ်မတော် အဖြစ် ဆက်လက်တိုက်ပွဲဝင်မည်ဟု ဆိုကာ ယင်းလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်အချို့က လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ယင်းသို့ ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သက်ဆိုင်ခြင်း မရှိကြောင်း KNU က အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၁၉၉၄ ခုနှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အခြေစိုက် မာနယ်ပလော ဒေသကို တပ်မတော်အစိုးရက ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စသဖြင့် KNU အဖွဲ့မှ အဖွဲ့အသီးသီး ခွဲထွက်ခဲ့ကြသည်။
ကရင်လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ပေါင်းစည်းပြီး ကော်သူးလေ တပ်မတော် (Kawthoolei Armed Forces– KAF) ဖွဲ့စည်းခြင်း အခမ်းအနားကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ဌာနချုပ် ဆုံဆည်းမြိုင်တွင် ပြုလုပ်မည် ဖြစ်ကြောင်း DKBA ဗိုလ်ကြီး စောစိုးမြင့်က The Voice သို့ ပြောကြားသည်။
အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ကော်သူးလေတပ်မတော် အဖြစ် ပေါင်းစည်းထားသော KNU/KNLA-PC၊ KNDO၊ DKBA၊ KNLA အဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့က နိုင်ငံရေးလုပ်ဖို့ ပေါင်းစည်းတာ မဟုတ်ပါဘူး။ ကရင့်အမျိုးသားရေးကို အဓိကထားပြီး လုပ်သွားမှာပါ။ အဲဒါကို တရားဝင် အခမ်းအနားနဲ့ ကျွန်တော်တို့ ဘယ်လိုရပ်တည်မလဲ ဆိုတာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်းပါမယ်” ဟု KNU/KNLA ဗဟိုကော်မတီဝင် ဒေါက်တာတင်မိုသီက ဆိုသည်။

ထို့အပြင် အဆိုပါ အခမ်အနားသို့ ကရင့်အမျိုးသားအစည်းအရုံး (KNU)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း DKBA ထံမှ သိရသည်။

အောက်တိုဘာ ၁၃ ရက်နေ့က ကရင်လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သော KNLA၊ KNDO၊ DKBA၊ KNU/KNLA-PC အဖွဲ့လေးဖွဲ့ ပြန်လည်ပေါင်း စည်းပြီး ကော်သူးလေတပ်မတော် အဖြစ် ဆက်လက်တိုက်ပွဲဝင်မည်ဟု ဆိုကာ ယင်းလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်အချို့က လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ယင်းသို့ ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းသည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သက်ဆိုင်ခြင်း မရှိကြောင်း KNU က အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၁၉၉၄ ခုနှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အခြေစိုက် မာနယ်ပလော ဒေသကို တပ်မတော်အစိုးရက ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စသဖြင့် KNU အဖွဲ့မှ အဖွဲ့အသီးသီး ခွဲထွက်ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment