Saturday, October 25, 2014

စစ်ကိုင်းတိုင်းတွင် ကိုးလအတွင်း ယာဉ်မတော်တဆမှုကြောင့် လူသုံးရာနီးပါး သေဆုံး

Photo: စစ်ကိုင်းတိုင်းတွင် ကိုးလအတွင်း ယာဉ်မတော်တဆမှုကြောင့် လူသုံးရာနီးပါး သေဆုံး
Saturday, October 25, 2014

ဆိုင်ကယ်အသုံးပြုသူ များပြားပြီး ယာဉ်မတော်တဆမှု အဖြစ်များသော စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ယာဉ်တိုက်မှုပေါင်း ၁၀၂၃ မှု ဖြစ်ပွားခဲ့ပြီး ကျား၊ မ စုစုပေါင်း ၂၈၅ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး စာရင်းများအရ သိရသည်။

ယာဉ်တိုက်မှုများအနက် ထက်ဝက်ခန့်မှာ ဆိုင်ကယ်ဖြင့် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး ကိုးလတာ ကာလအတွင်း ဆိုင်ကယ်တိုက်မှု ၅၇၄ မှု ဖြစ်ပွားခဲ့ကာ မော်တော်ယာဉ်တိုက်မှုမှာ ၂၀၃ မှု၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု ၁၅၂ မှု၊ အခြားအမှုမှာ ၉၄ မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုများအတွင်း အမျိုးသမီးထက် အမျိုးသားများ ပိုမိုသေဆုံးခဲ့ကြောင်း၊ အမျိုးသား ၂၂၀ ဦး သေဆုံးကာ အမျိုးသမီး ၆၅ ဦး သေဆုံးခဲ့ကြောင်း ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် စာရင်းများတွင် ဖော်ပြထားသည်။

“အဓိကသေဆုံးမှု ဖြစ်ရတာက ဆိုင်ကယ်စီးဦးထုပ် ဆောင်းမထားဘဲ မော်တော်ဆိုင်ကယ် မောင်းနှင်ကြတာပေါ့။ ကျွန်တော်တို့ မုံရွာမှာ တာဝန်ကျတာ ရှစ်နှစ်လောက်ရှိပြီ။ နေ့တိုင်း ဆိုင်ကယ်စီးဦးထုပ် မဆောင်းရင် ဖမ်းတယ်။ နေ့တိုင်း ဖမ်းတဲ့အချိန် မိတာပဲ။ တစ်နေ့ကို ပုံမှန်ဆိုင်ကယ် အစီးခြောက်ဆယ်လောက် မိတယ်။ အခုထိ လျော့မသွားဘူး” ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူ များပြားသော စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းသူဦးရေ များပြားလာစေရန် မုံရွာမြို့ခံလူငယ်များ “We’re Citizen” ခေါင်းစဉ်ဖြင့် ဦးထုပ်ဆောင်းသူများကို တီရှပ်လက်ဆောင်ပေးသည့် အစီအစဉ်များကိုလည်း စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့ပြီး တီရှပ်အထည် ၁၆၀ ခန့် ဝေငှခဲ့ပြီး ဖြစ်ကြောင်း “We’re Citizen” အဖွဲ့တွင် ပါဝင်သည့် ဦးရဲဝင့်အောင်က ပြောကြားသည်။

The Voice Weekly
ဆိုင်ကယ်အသုံးပြုသူ များပြားပြီး ယာဉ်မတော်တဆမှု အဖြစ်များသော စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ လကုန်အထိ ယာဉ်တိုက်မှုပေါင်း ၁၀၂၃ မှု ဖြစ်ပွားခဲ့ပြီး ကျား၊ မ စုစုပေါင်း ၂၈၅ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲ မှူးရုံး စာရင်းများအရ သိရသည်။
ယာဉ်တိုက်မှုများအနက် ထက်ဝက်ခန့်မှာ ဆိုင်ကယ်ဖြင့် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး ကိုးလတာ ကာလအတွင်း ဆိုင်ကယ်တိုက်မှု ၅၇၄ မှု ဖြစ်ပွားခဲ့ကာ မော်တော်ယာဉ်တိုက်မှုမှာ ၂၀၃ မှု၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု ၁၅၂ မှု၊ အခြားအမှုမှာ ၉၄ မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု များအတွင်း အမျိုးသမီးထက် အမျိုးသားများ ပိုမိုသေဆုံးခဲ့ကြောင်း၊ အမျိုးသား ၂၂၀ ဦး သေဆုံးကာ အမျိုးသမီး ၆၅ ဦး သေဆုံးခဲ့ကြောင်း ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် စာရင်းများတွင် ဖော်ပြထားသည်။

“အဓိကသေဆုံးမှု ဖြစ်ရတာက ဆိုင်ကယ်စီးဦးထုပ် ဆောင်းမထားဘဲ မော်တော်ဆိုင်ကယ် မောင်းနှင်ကြတာပေါ့။ ကျွန်တော်တို့ မုံရွာမှာ တာဝန်ကျတာ ရှစ်နှစ်လောက်ရှိပြီ။ နေ့တိုင်း ဆိုင်ကယ်စီးဦးထုပ် မဆောင်းရင် ဖမ်းတယ်။ နေ့တိုင်း ဖမ်းတဲ့အချိန် မိတာပဲ။ တစ်နေ့ကို ပုံမှန်ဆိုင်ကယ် အစီးခြောက်ဆယ်လောက် မိတယ်။ အခုထိ လျော့မသွားဘူး” ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူ များပြားသော စစ်ကိုင်းတိုင်းဒေသကြီး မြို့တော် မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းသူဦးရေ များပြားလာစေရန် မုံရွာမြို့ခံလူငယ်များ “We’re Citizen” ခေါင်းစဉ်ဖြင့် ဦးထုပ်ဆောင်းသူများကို တီရှပ်လက်ဆောင်ပေးသည့် အစီအစဉ်များ ကိုလည်း စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့ပြီး တီရှပ်အထည် ၁၆၀ ခန့် ဝေငှခဲ့ပြီး ဖြစ်ကြောင်း “We’re Citizen” အဖွဲ့တွင် ပါဝင်သည့် ဦးရဲဝင့်အောင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment